Skip to main content
 အစၥေရးအမ်ဳိးသမီးငယ္တစ္ဦး အသတ္ခံရမႈျဖစ္စဥ္ေၾကာင့္ ပါလက္စတုိင္းသုိ ့ ေပးမည့္ ရန္ပုံေငြကုိ ေနတန္ယာဟု ရပ္ဆုိင္း 
Ads Block

 အစၥေရးအမ်ဳိးသမီးငယ္တစ္ဦး အသတ္ခံရမႈျဖစ္စဥ္ေၾကာင့္ ပါလက္စတုိင္းသုိ ့ ေပးမည့္ ရန္ပုံေငြကုိ ေနတန္ယာဟု ရပ္ဆုိင္း 

အစၥေရးအမ်ဳိးသမီးငယ္တစ္ဦး ေသဆုံးခဲ့ရတဲ့  ပါလက္စတုိင္း တုိက္ခုိက္မႈ တစ္ခုျဖစ္ပြားၿပီးေနာက္ ပါလက္စတုိင္းအာဏာပုိင္ အဖြဲ ့ PA သုိ ့ လႊဲေျပာင္းေပးပုိ႔မယ့္ ရန္ပုံေငြေတြကုိ ပိတ္ပင္သြားမယ္လုိ ့ ၀န္ႀကီးခ်ဳပ္ ေနတန္ယာဟု က တနဂၤေႏြေန ့မွာ ကတိျပဳေျပာၾကားလုိက္ပါတယ္။ 

 အစၥေရးအမ်ဳိးသမီးငယ္တစ္ဦး အသတ္ခံရမႈျဖစ္စဥ္ေၾကာင့္ ပါလက္စတုိင္းသုိ ့ ေပးမည့္ ရန္ပုံေငြကုိ ေနတန္ယာဟု ရပ္ဆုိင္း 


အစၥေရး ဆိပ္ကမ္းေတြမွတဆင့္ ပါလက္စတုိင္း ေစ်းကြက္ေတြကုိ ပုိ ့ေဆာင္တဲ့ ပစၥည္းေတြအေပၚ အစၥေရးက အခြန္ေကာက္ခံခဲ့ရာမွာ တစ္လ အေမရိကန္ေဒၚလာ ၁၂၇ သန္း ၀န္းက်င္ ရရွိေနၿပီး ယင္း အခြန္ေငြေတြကုိ ပါလက္စတုိင္း အာဏာပုိင္အဖြဲ ့ထံ လႊဲေျပာင္းေပးေဆာင္ေနျခင္း ျဖစ္ပါတယ္။ အစၥေရးပါလီမန္ဟာ ၿပီးခဲ့တဲ့ႏွစ္က ယင္း ရန္ပုံေငြေတြရဲ ့ တစ္စိတ္တစ္ပုိင္းကုိ ထိန္းခ်ဳပ္ထားမယ့္ ဥပေဒတစ္ရပ္ကုိ အတည္ျပဳခဲ့ပါတယ္။ အစၥေရးလူမ်ဳိးေတြကုိ တုိက္ခုိက္လုိ ့ ေထာင္က်သြားခဲ့တဲ့ ပါလက္စတုိင္း အက်ဥ္းသားေတြရဲ ့ မိသားစု၀င္ေတြကုိ PA အဖြဲ ့က ေထာက္ပံ့ေငြ ေပးအပ္မႈေတြလုပ္ခဲ့တာေၾကာင့္ ပါလီမန္က ယင္း ဥပေဒ ျပဌာန္းလုိက္တာျဖစ္ပါတယ္။ အၾကမ္းဖက္သမားေတြရဲ ့လစာေငြေတြ ျဖတ္ေတာက္ေလွ်ာ့ခ်ေရး ဥပေဒအေကာင္အထည္ေဖာ္ဖုိ ့အတြက္ သီတင္းပတ္ကုန္ေလာက္မွာ လုိအပ္တဲ့ လုပ္ငန္းပုိင္ဆုိင္ရာကုိ အၿပီးသတ္ေဆာင္ရြက္သြားမယ္လုိ ့ အပတ္စဥ္ ကက္ဘိနက္အစည္းအေ၀း စတင္ခ်ိန္မွာ ေနတန္ယာဟုက သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။ ေနာက္ တနဂၤေႏြေန ့မွာ လုံၿခဳံေရးဆုိင္ရာ ကက္ဘိနက္အစည္းအေ၀း လုပ္သြားမွာျဖစ္ကာ ရန္ပုံေငြ ေလွ်ာ့ခ်ျဖတ္ေတာက္ေရးအတြက္ လုိအပ္တဲ့ ဆုံးျဖတ္ခ်က္ အတည္ျပဳသြားၾကပါမယ္။ ေနာက္သီတင္းပတ္စတာနဲ ့ ရန္ပုံေငြ ျဖတ္ေတာက္ေတာ့မယ္ဆုိတာ ဘယ္သူမွ သံသယမျဖစ္ေစလုိပါဘူးလုိ ့လည္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ 
အသက္ ၁၉ ႏွစ္အရြယ္ အစၥေရးအမ်ဳိးသမီး အုိရီ အန္စဘာခ်ာ သတ္ခံရမႈနဲ ့ပတ္သက္ကာ သီတင္းပတ္အဆုံးပုိင္းမွာ ပါလက္စတုိင္းတစ္ဦးကုိ ဖမ္းဆီးခဲ့ၿပီးေနာက္ ယင္း ဥပေဒကုိ အေကာင္အထည္ေဖာ္ဖုိ ့ ပညာေရး၀န္ႀကီးက ေနတန္ယာဟုကုိ တြန္းအားေပးခဲ့တာျဖစ္ပါတယ္။ 
Ref:CNA

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

 အစ္စရေးအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုဖြစ်စဉ်ကြောင့် ပါလက်စတိုင်းသို့ ပေးမည့် ရန်ပုံငွေကို နေတန်ယာဟု ရပ်ဆိုင်း 
အစ္စရေးအမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရတဲ့  ပါလက်စတိုင်း တိုက်ခိုက်မှု တစ်ခုဖြစ်ပွားပြီးနောက် ပါလက်စတိုင်းအာဏာပိုင် အဖွဲ့ PA သို့ လွှဲပြောင်းပေးပို့မယ့် ရန်ပုံငွေတွေကို ပိတ်ပင်သွားမယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟု က တနင်္ဂနွေနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။ 
အစ္စရေး ဆိပ်ကမ်းတွေမှတဆင့် ပါလက်စတိုင်း ဈေးကွက်တွေကို ပို့ဆောင်တဲ့ ပစ္စည်းတွေအပေါ် အစ္စရေးက အခွန်ကောက်ခံခဲ့ရာမှာ တစ်လ အမေရိကန်ဒေါ်လာ ၁၂၇ သန်း ဝန်းကျင် ရရှိနေပြီး ယင်း အခွန်ငွေတွေကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံ လွှဲပြောင်းပေးဆောင်နေခြင်း ဖြစ်ပါတယ်။ အစ္စရေးပါလီမန်ဟာ ပြီးခဲ့တဲ့နှစ်က ယင်း ရန်ပုံငွေတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားမယ့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေကို တိုက်ခိုက်လို့ ထောင်ကျသွားခဲ့တဲ့ ပါလက်စတိုင်း အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို PA အဖွဲ့က ထောက်ပံ့ငွေ ပေးအပ်မှုတွေလုပ်ခဲ့တာကြောင့် ပါလီမန်က ယင်း ဥပဒေ ပြဌာန်းလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့လစာငွေတွေ ဖြတ်တောက်လျှော့ချရေး ဥပဒေအကောင်အထည်ဖော်ဖို့အတွက် သီတင်းပတ်ကုန်လောက်မှာ လိုအပ်တဲ့ လုပ်ငန်းပိုင်ဆိုင်ရာကို အပြီးသတ်ဆောင်ရွက်သွားမယ်လို့ အပတ်စဉ် ကက်ဘိနက်အစည်းအဝေး စတင်ချိန်မှာ နေတန်ယာဟုက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ နောက် တနင်္ဂနွေနေ့မှာ လုံခြုံရေးဆိုင်ရာ ကက်ဘိနက်အစည်းအဝေး လုပ်သွားမှာဖြစ်ကာ ရန်ပုံငွေ လျှော့ချဖြတ်တောက်ရေးအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက် အတည်ပြုသွားကြပါမယ်။ နောက်သီတင်းပတ်စတာနဲ့ ရန်ပုံငွေ ဖြတ်တောက်တော့မယ်ဆိုတာ ဘယ်သူမှ သံသယမဖြစ်စေလိုပါဘူးလို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။ 
အသက် ၁၉ နှစ်အရွယ် အစ္စရေးအမျိုးသမီး အိုရီ အန်စဘာချာ သတ်ခံရမှုနဲ့ပတ်သက်ကာ သီတင်းပတ်အဆုံးပိုင်းမှာ ပါလက်စတိုင်းတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ယင်း ဥပဒေကို အကောင်အထည်ဖော်ဖို့ ပညာရေးဝန်ကြီးက နေတန်ယာဟုကို တွန်းအားပေးခဲ့တာဖြစ်ပါတယ်။ 
Ref:CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။