Skip to main content
Ads Block





“ လာမည့် ဘဏ္ဍာနှစ်တွင် သန်း (၃၀၀၀) ကျပ်အထိထားရှိဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသနရန်ပုံငွေများစွာချထားခြင်းသည် ဝန်ကြီးဌာန၏ သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် ချထားခြင်း ဖြစ်ပါကြောင်း၊ သုတေသနဆိုင်ရာကျင့်ဝတ်ကော်မတီများကိုအရည်အသွေးမြှင့်တင်ရေးနှင့် သုတေသန ကျင့်ဝတ် က်ာမတီများယခုထက်ပိုမိုများပြားစွာဖွဲ့စည်းနိုင်ရေး၊ အထူးသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် တက္ကသိုလ်များတွင် အဆိုပါ ကျင့်ဝတ်ကော်မတီများတွင် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့သည်။


 

Unicode version

လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးသုတေသနအသုံးစရိတ် ကျပ်သန်း ၃၀၀၀ အထိချပေးမည် 

လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးသုသေတန အသုံးစရိတ် ကျပ်သန်း ၃၀၀၀ အထိချပေးမည်ဖြစ်ပြီး ဝန်ကြီးဌာနသမိုင်းတွင် ပထမဦးဆုံးချထားပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ပြောကြားချက်အရ သိရသည်။ 
ရန်ကုန်မြို့ရှိ ဆေးသုသေတနဦးစီးဌာန၌ ဖေဖေါ်ဝါရီလအတွင်းကျင်းပသည့် သုတေသနအဆိုပြုလွှာကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ 



“ လာမည့် ဘဏ္ဍာနှစ်တွင် သန်း (၃၀၀၀) ကျပ်အထိထားရှိဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသနရန်ပုံငွေများစွာချထားခြင်းသည် ဝန်ကြီးဌာန၏ သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် ချထားခြင်း ဖြစ်ပါကြောင်း၊ သုတေသနဆိုင်ရာကျင့်ဝတ်ကော်မတီများကိုအရည်အသွေးမြှင့်တင်ရေးနှင့် သုတေသန ကျင့်ဝတ် ကာ်မတီများယခုထက်ပိုမိုများပြားစွာဖွဲ့စည်းနိုင်ရေး၊ အထူးသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် တက္ကသိုလ်များတွင် အဆိုပါ ကျင့်ဝတ်ကော်မတီများတွင် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့သည်။
ကျန်းမာရေးသုသေတနအသုံးစရိတ်အတွက် ပြီးခဲ့သော  (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် သန်း (၁၀၀၀) ကျပ်၊ (၂၀၁၈ - ၂၀၁၉) (၆ လ) ဘဏ္ဍာနှစ်တွင် သန်း (၅၀၀) ကျပ်နှင့် (၂၀၁၈-၂၀၁၉) ယခုဘဏ္ဍာနှစ်တွင် သန်း (၁၅၀၀) ကျပ် ချထားပေးခဲ့ကြောင်း သိရသည်။ 
ကျန်းမာရေးသုတေသနများကို သုတေသနမူဝါဒအချက် ၁၄ ချက်အပေါ်အခြေခံဆောင်ရွက်နေပြီး ကျန်းမာရေးကဏ္ဍတွင် ရောဂါကာကွယ်ရေး ၊ ကျန်းမာရေးမြှင့်တင်ရေး ၊ ရောဂါကုသရေးနှင့် ပြန်လည်ထူထောင်ရေးတို့ပါဝင်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။