Skip to main content
သမုိင္းမွာ အေရးအႀကီးဆုံး စစ္ေရးေလ့က်င့္မႈအျဖစ္ ဗင္နီဇြဲလား စတင္ 
Ads Block

သမုိင္းမွာ အေရးအႀကီးဆုံး စစ္ေရးေလ့က်င့္မႈအျဖစ္ ဗင္နီဇြဲလား စတင္ 

ဗင္နီဇြဲလား သမၼတ နီကုိလပ္စ္ မာဒူရုိက သမုိင္းမွာ အေရးအႀကီးဆံုး စစ္ေရးေလ့က်င့္မႈလုိ ့ သတ္မွတ္ထားတဲ့ စစ္ေရးေလ့က်င့္မႈႀကီးကုိ စတင္ေပးခဲ့ပါတယ္။ ၾကားျဖတ္သမၼတလုိ ့ ကုိယ့္ကုိယ္ကုိယ္ ေၾကညာခဲ့တဲ့ ဂုိင္ဒုိကုိ အေမရိကန္နဲ ့မဟာမိတ္ေတြက ေထာက္ခံခ်က္ေပးခဲ့အၿပီးမွာ ျဖစ္လာႏုိင္ဖြယ္ရွိတဲ့ ျပည္ပက်ဴးေက်ာ္မႈကုိ တြန္းလွန္ေရး ႀကိဳတင္ျပင္ဆင္မႈအျဖစ္ စစ္ေရးေလ့က်င့္မႈေတြ လုပ္ခဲ့တာပါ။ 

သမုိင္းမွာ အေရးအႀကီးဆုံး စစ္ေရးေလ့က်င့္မႈအျဖစ္ ဗင္နီဇြဲလား စတင္ 


ေဖေဖာ္၀ါရီ ၁၅ ရက္ေန ့တုိင္ ျပဳလုပ္မယ့္ ယင္း စစ္ေရးေလ့က်င့္မႈေတြဟာ ႏွစ္ေပါင္း ၂၀၀ သက္တမ္းရွိ ႏုိင္ငံသမုိင္းေၾကာင္း တေလွ်ာက္ ပမာဏအႀကီးဆုံး စစ္ေရးေလ့က်င့္မႈလည္း ျဖစ္ပါတယ္။ 
“ ဗင္နီဇြဲလားရဲ ့ အခ်ဳပ္အခ်ာ၊ ပုိင္နက္နယ္ေျမ၊ လြတ္လပ္ေရးကို ကၽြန္ေတာ္တုိ ့ ကာကြယ္ရပါမယ္” လုိ ့ မာဒူရုိက ေျပာဆုိခဲ့ပါတယ္။ ၀ါရွင္တန္က အစုိးရအေျပာင္းအလဲ အတြက္ တုိက္တြန္းေနမႈ၊ ပါလီမန္ဥကၠ႒ အတုိက္အခံေခါင္းေဆာင္ ဂ်ဴအန္ ဂုိင္ဒုိ က စစ္ေရးတုိက္ရုိက္ စြက္ဖက္လာေအာင္ အရွိန္ျမွင့္မယ္လုိ ့ စိန္ေခၚစကားဆုိထားမႈေတြေၾကာင့္ စုိးရိမ္ပူပန္မႈေတြ ရွိေနခဲ့ပါတယ္။ 
သမၼတ မာဒူရုိကုိ ျဖဳတ္ခ်ဖုိ ့အတြက္ သူ ့အေနနဲ ့ ႏုိင္ငံျခား စစ္တပ္တစ္ခုကုိ က်ဴးေက်ာ္စြက္ဖက္ခြင့္ျပဳဖုိ ့ အလားအလာရွိေနေၾကာင္း အတုိက္အခံေခါင္းေဆာင္ ဂုိင္ဒုိက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မာဒူရုိအေနနဲ ့ ကုိယ့္ဆႏၵအတုိင္း ရာထူးက ဆင္းေပးဖုိ ့ျငင္းပယ္ ေနမယ္ဆုိရင္ စစ္ေရးအရ စြက္ဖက္မယ့္အေရးကုိ ခ်န္လွပ္ထားမွာမဟုတ္ေၾကာင္းနဲ ့ဗင္နီ ဇြဲလားမွာ ဒီမုိကရက္တစ္ ႏုိင္ငံေရး အသြင္ကူးေျပာင္းမႈတစ္ခုကုိ ပုံေဖာ္သြားမွာျဖစ္ေၾကာင္း အေမရိကန္က ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ခန္ ့မွာ ပြင့္ပြင့္လင္းလင္း ေျပာဆုိထားခဲ့ပါတယ္။ 
Ref: RT 

- ကိုလင္း (အကုန္သိ သတင္းဌာန)


Unicode version

သမိုင်းမှာ အရေးအကြီးဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် ဗင်နီဇွဲလား စတင် 
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက သမိုင်းမှာ အရေးအကြီးဆုံး စစ်ရေးလေ့ကျင့်မှုလို့ သတ်မှတ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို စတင်ပေးခဲ့ပါတယ်။ ကြားဖြတ်သမ္မတလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့တဲ့ ဂိုင်ဒိုကို အမေရိကန်နဲ့မဟာမိတ်တွေက ထောက်ခံချက်ပေးခဲ့အပြီးမှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပြည်ပကျူးကျော်မှုကို တွန်းလှန်ရေး ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာပါ။ 
ဖေဖော်ဝါရီ ၁၅ ရက်နေ့တိုင် ပြုလုပ်မယ့် ယင်း စစ်ရေးလေ့ကျင့်မှုတွေဟာ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ နိုင်ငံသမိုင်းကြောင်း တလျှောက် ပမာဏအကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ 
“ ဗင်နီဇွဲလားရဲ့ အချုပ်အချာ၊ ပိုင်နက်နယ်မြေ၊ လွတ်လပ်ရေးကို ကျွန်တော်တို့ ကာကွယ်ရပါမယ်” လို့ မာဒူရိုက ပြောဆိုခဲ့ပါတယ်။ ဝါရှင်တန်က အစိုးရအပြောင်းအလဲ အတွက် တိုက်တွန်းနေမှု၊ ပါလီမန်ဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဂျူအန် ဂိုင်ဒို က စစ်ရေးတိုက်ရိုက် စွက်ဖက်လာအောင် အရှိန်မြှင့်မယ်လို့ စိန်ခေါ်စကားဆိုထားမှုတွေကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။ 
သမ္မတ မာဒူရိုကို ဖြုတ်ချဖို့အတွက် သူ့အနေနဲ့ နိုင်ငံခြား စစ်တပ်တစ်ခုကို ကျူးကျော်စွက်ဖက်ခွင့်ပြုဖို့ အလားအလာရှိနေကြောင်း အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။ မာဒူရိုအနေနဲ့ ကိုယ့်ဆန္ဒအတိုင်း ရာထူးက ဆင်းပေးဖို့ငြင်းပယ် နေမယ်ဆိုရင် စစ်ရေးအရ စွက်ဖက်မယ့်အရေးကို ချန်လှပ်ထားမှာမဟုတ်ကြောင်းနဲ့ဗင်နီ ဇွဲလားမှာ ဒီမိုကရက်တစ် နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ခုကို ပုံဖော်သွားမှာဖြစ်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ပါတယ်။ 
Ref: RT 

- ကိုလင်း (အကုန်သိ သတင်းဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။