Skip to main content
ထိုင္းဘက္ျခမ္းမွ ျမန္မာဘက္ျခမ္းသို႔ အေထာက္အထားမဲ့ ခိုးဝင္ကာ မူးယစ္ေဆးဝါးလာဝယ္သည့္ ထိုင္းႏိုင္ငံသား ၂ ဦးကို ျမဝတီတြင္ ဖမ္းမိ
Ads Block

ထိုင္းဘက္ျခမ္းမွ ျမန္မာဘက္ျခမ္းသို႔ အေထာက္အထားမဲ့ ခိုးဝင္ကာ မူးယစ္ေဆးဝါးလာဝယ္သည့္ ထိုင္းႏိုင္ငံသား ၂ ဦးကို ျမဝတီတြင္ ဖမ္းမိ

ထိုင္းႏိုင္ငံဘက္ျခမ္းမွ ျမန္မာႏိုင္ငံဘက္ျခမ္းသို႔ လာေရာက္ကာ မူးယစ္ေဆးဝါး ဝယ္ယူသည့္ ထိုင္းႏိုင္ငံသား ၂ ဦးကို ေဖေဖၚဝါရီ လ ၁၀ ရက္က ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ ၁၀ ရက္ ည ၈ နာရီခြဲ အခ်ိန္ခန႔္က ျမဝတီၿမိဳ႕ရဲစခန္းမွ နယ္ထိန္းအရာရွိ ရဲအုပ္ ေအာင္ခ်မ္းမြန္ႏွင့္ ပူးေပါင္းအဖြဲ႕ သည္ မူးယစ္ေဆးဝါးသတင္းအရ အမွတ္ ၅ ရပ္ကြက္ ဝါးေတာတြင္ ေစာင့္ဆိုင္းေနစဥ္ မသကၤာဖြယ္ အမ်ိဳးသားႏွစ္ဦး လမ္း ေလ်ာက္လာသည္ကို ေတြ႕ရွိ၍ စစ္ေဆးရာမွ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ားမွာ ထိုင္းလူမ်ိဳး Mr.Eddyser အသက္ ၄၄ ႏွစ္ မဲေဆာက္ၿမိဳ႕ မယ္ပေက်း႐ြာ ေနသူႏွင့္ Mr.Willayut အသက္ ၄၃ ႏွစ္ မဲေဆာက္ၿမိဳ႕ေနသူတို႔ ျဖစ္ၿပီး ၎တို႔ႏွစ္ဦးစလုံးတြင္ မည္သည့္ႏိုင္ငံကူး အေထာက္ထားမွ မပါရွိသည့္အျပင္ ခႏၶာကိုယ္ အတြင္း လ်ိဳ႕ဝွက္ယူလာေသာ စိတ္ႂကြေဆးျပား (၂၈၃) ျပားႏွင္း ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။
၎တို႔ ႏွစ္ဦးမွာ ေဖေဖာ္ဝါရီလ ၁၀ ရက္ ည ၆ နာရီခြဲအခ်ိန္ ထိုင္းႏိုင္ငံမွ ေသာင္ရင္းျမစ္ကို စက္ေလွျဖင့္ ကူးလာၿပီး ျမဝတီ အ မွတ္ (၅) ရပ္ကြက္တြင္ ေနထိုင္သည့္ ျမန္မာလူမ်ိဳးတစ္ဦးထံမွ တစ္ျပားလ်င္ (၂၅၀၀) က်ပ္ႏႈန္းျဖင့္ ဝယ္ယူခဲ့ၿပီး ထိုင္းႏိုင္ငံသို႔ အျပန္တြင္ အခုကဲ့သို႔ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ဝန္ခံထြက္ဆိုခဲ့ေၾကာင္း သိရသည္။
အဆိုပါ ထိုင္းႏိုင္ငံသား ႏွစ္ဦးထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိမႈ ႏွင့္ ပတ္သက္၍ ျမဝတီၿမိဳ႕မရဲစခန္းမွ မူး/စိတ္ ပုဒ္မ ၁၉ (က)/၂၁ ျဖင့္ အမူ႔ဖြင့္ အေရးယူထားေၾကာင္း သိရသည္။

- ကိုကိုႀကီး - ျမဝတီ(အကုန္သိသတင္းဌာန)

 

Unicode version

ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ အထောက်အထားမဲ့ ခိုးဝင်ကာ မူးယစ်ဆေးဝါးလာဝယ်သည့် ထိုင်းနိုင်ငံသား ၂ ဦးကို မြဝတီတွင် ဖမ်းမိ

ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ လာရောက်ကာ မူးယစ်ဆေးဝါး ဝယ်ယူသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ဖေဖေါ်ဝါရီ လ ၁၀ ရက်က ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မြဝတီမြို့ရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် အောင်ချမ်းမွန်နှင့် ပူးပေါင်းအဖွဲ့ သည် မူးယစ်ဆေးဝါးသတင်းအရ အမှတ် ၅ ရပ်ကွက် ဝါးတောတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် အမျိုးသားနှစ်ဦး လမ်း လျောက်လာသည်ကို တွေ့ရှိ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ ထိုင်းလူမျိုး Mr.Eddyser အသက် ၄၄ နှစ် မဲဆောက်မြို့ မယ်ပကျေးရွာ နေသူနှင့် Mr.Willayut အသက် ၄၃ နှစ် မဲဆောက်မြို့နေသူတို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးတွင် မည်သည့်နိုင်ငံကူး အထောက်ထားမှ မပါရှိသည့်အပြင် ခန္ဓာကိုယ် အတွင်း လျို့ဝှက်ယူလာသော စိတ်ကြွဆေးပြား (၂၈၃) ပြားနှင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးမှာ ဖေဖော်ဝါရီလ ၁၀ ရက် ည ၆ နာရီခွဲအချိန် ထိုင်းနိုင်ငံမှ သောင်ရင်းမြစ်ကို စက်လှေဖြင့် ကူးလာပြီး မြဝတီ အ မှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် မြန်မာလူမျိုးတစ်ဦးထံမှ တစ်ပြားလျင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုင်းနိုင်ငံသို့ အပြန်တွင် အခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသား နှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု နှင့် ပတ်သက်၍ မြဝတီမြို့မရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမူ့ဖွင့် အရေးယူထားကြောင်း သိရသည်။

- ကိုကိုကြီး - မြဝတီ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။