Skip to main content
Ads Block




 

Unicode version

ရိုးမကုမ္ပဏီမှ YKKO ကြေးအိုးဆိုင်လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၆ သန်းဖြင့်ဝယ်ယူ

YKKO ကြေးအိုးဆိုင်လုပ်ငန်းကို Yoma strategic ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၆ သန်း(ကျပ်ငွေ ၁၉ ဒဿမ ၄ ဘီလျံ)ဖြင့်ဝယ်ယူလိုက်ကြောင်း သိရသည်။ 
ဖေဖေါ်ဝါရီလ ၁၁ ရက်က ၎င်းကုမ္ပဏီ၏ထုတ်ပြန်ချက်အရ YKKO ကြေးအိုးဆိုင်လုပ်ငန်း၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 



 “ YKKO သည် မြန်မာနိုင်ငံတွင် လူကြိုက်များသောအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ကြေးအိုးသည် ကျွန်တော်တို့နှင့်အတူ ကြီးပြင်းလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ တိုင်ပြီဖြစ်သည်။ မိသားစုစားသောက်ဆိုင်လေးမှ စတင်ခဲ့ပြီး နိုင်ငံ၏နာမည်ကြီး F&B အမှတ်ဆံဆိပ်တစ်ခုဖြစ်လာခဲ့သည့် YKKO သည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်းအားအနာဂတ်တွင် ပိုမိုတိုးတက်ကြီးပွားလာအောင် ကျွန်တော်တို့မှ ပံ့ပိုးကူညီခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါသည်” ဟု Yoma Strategic ၏ CEO ဖြစ်သူ Mr. Melvyn Pun မှ ပြောကြားခဲ့သည်။



ကြေးအိုးသည် ကြာဇံနှင့် ဆန်ပြားခေါက်ဆွဲအပေါ်အခြေခံသည့် မြန်မာနိုင်ငံ၏ နာမည်ကြီးစားသောက်ဖွယ် တစ်ခုဖြစ်ပြီး YKKO သည် ၎င်း၏ ကြေးအိုးကြောင့် နာမည်ကြီးလူသိများခြင်း ဖြစ်သည်။ 
ကြေးအိုးသည် YKKO ၏ အဓိကရောင်းရသောစားသောက်ဖွယ်တစ်ခုဖြစ်သော်လည်း မြန်မာစတိုင် ဘာဘီကျူးမှ တရုတ်နှင့် ယိုးဒယားအစားအစာအထိပါ ရရှိနိုင်သည့်စားသောက်ဆိုင်တစ်ခုလည်းဖြစ်သည်။



YKKO ကြေးအိုးသည် ၁၉၈၈ ခုနှစ်မှစတင်လုပ်ကိုင်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိလုပ်ငန်းတစ်ခု ဖြစ်ပြီး ဆိုင်ခွဲပေါင်း ၃၀ ကျော်ရှိကာ မြန်မာပြည်အနှံ့ဖွင့်လှစ်ထားကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။