Skip to main content
Ads Block
Unicode version
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သော သပိတ်စခန်းများကိုဖမ်းဆီးခြင်းမှာ မြင်မကောင်း၊ ကြားမကောင်း ဖြစ်နေဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းဦး ဆို 
ဗိုလ်ချုပ်ကြေးရုပ်များတည်ဆောက်နေမှုကို ပြည်သူနှင့်တိုင်ပင်ပြီးမှသာဆောက်လုပ်သင့်ပြီး လက်ရှိတွင် ကြေးရုပ်ကန့်ကွက်သော သပိတ်စခန်းများကို ဖမ်းဆီးခြင်းမှာ မြင်မကောင်း၊ ကြားမကောင်း ဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းဦးက ဝေဖန်ထောက်ပြလိုက်သည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူများကို ဖမ်းဆီးအမှုဖွင့်မှုများ ရှိသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ အနိုင်ရပါတီဖြစ်တဲ့ လက်ရှိအာဏာရပါတီဟာ သူတို့အစိုးရမဖြစ်ခင်ကဘာပဲလုပ်လုပ် ပြည်သူနဲ့တိုင်ပင်ပြီးမှ လုပ်မယ်။ ပြည်သူ့ပါတီဖြစ်တယ်။ ပြည်သူသဘောမတူရင်ဘာမှမလုပ်ဘူးလို့ပြောခဲ့တယ်။ အဲဒီတော့ အခုဗိုလ်ချုပ်ကြေးရုပ်တွေဆောက်တဲ့ကိစ္စမှာလည်း ဒေသခံပြည်သူတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်တယ်။ ရှင်းပြသင့်တယ်။သဘောမတူရင်ဘာလို့သဘောမတူသလဲ။ အစကတည်းက မဆောက်ခင်ကတည်းက ကြိုတင်ညှိနှိုင်းရမယ်။အခုတော့ သပိတ်စခန်းတွေကိုဖမ်းတယ်၊ ဆီးတယ်လုပ်တော့ မြင်လို့လည်းမကောင်းဘူး။ ကြားလို့လည်းမကောင်းဘူး။ အစောကြီးကတည်းကညှိသင့်တယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းဦးက ပြောသည်။ 
NLD ပါတီမှ ဗိုလ်ချုပ်ကြေးရုပ်များတည်ဆောက်ခြင်းနှင့်ပတ်သက်၍ စေခိုင်းခြင်းမရှိသလို ညွှန်ကြားထားခြင်းလည်း မရှိကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။
ပြီးခဲ့သော ဇန်နဝါရီ ၃၁ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပန်းခြံတွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ထားရှိခြင်းကြောင့် ဒေသခံကရင်နီလူငယ်များမှ ကန့်ကွက်ခြင်းနှင့် သပိတ်စခန်းဖွင့်လှစ်ခြင်းတို့အား ဒေသအာဏာပိုင်တို့မှ ဖမ်းဆီးအရေးယူမှုတို့ရှိခဲ့ပြီး ဖေဖေါ်ဝါရီ ၁၀ ရက်ထိ တရားစွဲအရေးယူထားသူ စုစုပေါင်း ၅၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။