Skip to main content
ႏွစ္ႏုိင္ငံနယ္စပ္မွာ ခုိလႈံေနသည့္ ျမန္မာ စစ္ေရွာင္မိသားစု ၈ စု ေနရပ္ျပန္သြားဟု ဘဂၤလားေဒ့ရွ္ ေျပာ 
Ads Block

ႏွစ္ႏုိင္ငံနယ္စပ္မွာ ခုိလႈံေနသည့္ ျမန္မာ စစ္ေရွာင္မိသားစု ၈ စု ေနရပ္ျပန္သြားဟု ဘဂၤလားေဒ့ရွ္ ေျပာ 

လြန္ခဲ့တဲ့ တစ္ပတ္ခန္ ့က ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ ့နယ္စပ္အနီး ခုိလႈံေနၾကတဲ့ ျမန္မာႏုိင္ငံမွ ဗုဒၶဘာသာ၀င္ စစ္ေရွာင္ မိသားစု ၃၈ စုအနက္ မိသားစု ၈ စု ဟာ ေနရပ္ကုိ ျပန္သြားခဲ့ၿပီျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ 
လူဦးေရ ၂၈ ဦးဟာ တနဂၤေႏြေန ့မွာ နယ္စပ္ကေန ျပန္ထြက္သြားၾကၿပီျဖစ္ကာ အျခား က်န္ရွိေနသူေတြကလည္း တျဖည္းျဖည္းခ်င္း ျပန္ၾကေတာ့မယ္လုိ ့ ေျပာဆုိေၾကာင္း ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္မွဴး ဗုိလ္မွဴးႀကီး ဇာဟီရူ ဟာေကြး က ေျပာခဲ့ပါတယ္။ 

ႏွစ္ႏုိင္ငံနယ္စပ္မွာ ခုိလႈံေနသည့္ ျမန္မာ စစ္ေရွာင္မိသားစု ၈ စု ေနရပ္ျပန္သြားဟု ဘဂၤလားေဒ့ရွ္ ေျပာ 


ျမန္မာ တပ္မေတာ္နဲ ့ AA လက္နက္ကုိင္အဖြဲ ့တုိ ့အၾကား ခ်င္းျပည္နယ္နဲ ့ရခုိင္ျပည္နယ္မွာ တုိက္ပြဲေတြျဖစ္ပြားေနမႈေၾကာင့္ ထြက္ေျပးလာၾကတဲ့ ဗုဒၶဘာသာ၀င္ စစ္ေရွာင္ ၁၅၀ ေက်ာ္ခန္ ့ဟာ ေဖေဖာ္၀ါရီ ၄ ရက္ေန ့ကစလုိ ့ နယ္စပ္ ဇီးရုိးလုိင္းမွာ စုေ၀းခုိလႈံေနၾကတာလုိ ့ သိရပါတယ္။ နယ္စပ္မွာ ေရာက္ရွိခုိလႈံေနၾကတဲ့ ၄င္းတုိ ့ေတြကုိ ဘဂၤလားေဒ့ရွ္မွ ဘြမ္လူမ်ဳိးစုေတြက အစားအေသာက္ေတြ ေပးခဲ့ၾကတယ္လုိ ့ ဆုိပါတယ္။ 
ျမန္မာႏုိင္ငံမွ ဗုဒၶဘာသာ၀င္ေတြ နယ္စပ္ကုိ ၀င္ေရာက္လာမႈဟာ ဒါ ပထမဆုံးအႀကိမ္ ျဖစ္ေၾကာင္းလည္း သတင္းမွာ ေဖာ္ျပပါတယ္။ 
Ref: bdnews24 

- ကိုလင္း (အကုန္သိ သတင္းဌာန)


Unicode version

နှစ်နိုင်ငံနယ်စပ်မှာ ခိုလှုံနေသည့် မြန်မာ စစ်ရှောင်မိသားစု ၈ စု နေရပ်ပြန်သွားဟု ဘင်္ဂလားဒေ့ရှ် ပြော 
လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ်အနီး ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် စစ်ရှောင် မိသားစု ၃၈ စုအနက် မိသားစု ၈ စု ဟာ နေရပ်ကို ပြန်သွားခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 
လူဦးရေ ၂၈ ဦးဟာ တနင်္ဂနွေနေ့မှာ နယ်စပ်ကနေ ပြန်ထွက်သွားကြပြီဖြစ်ကာ အခြား ကျန်ရှိနေသူတွေကလည်း တဖြည်းဖြည်းချင်း ပြန်ကြတော့မယ်လို့ ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီး ဇာဟီရူ ဟာကွေး က ပြောခဲ့ပါတယ်။ 
မြန်မာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေမှုကြောင့် ထွက်ပြေးလာကြတဲ့ ဗုဒ္ဓဘာသာဝင် စစ်ရှောင် ၁၅၀ ကျော်ခန့်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ နယ်စပ် ဇီးရိုးလိုင်းမှာ စုဝေးခိုလှုံနေကြတာလို့ သိရပါတယ်။ နယ်စပ်မှာ ရောက်ရှိခိုလှုံနေကြတဲ့ ၎င်းတို့တွေကို ဘင်္ဂလားဒေ့ရှ်မှ ဘွမ်လူမျိုးစုတွေက အစားအသောက်တွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေ နယ်စပ်ကို ဝင်ရောက်လာမှုဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။ 
Ref: bdnews24 
- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။