Skip to main content
Ads Block

လိုင္စင္သက္တမ္းလြန္ေက်ာက္စိမ္းလုပ္ကြက္ ကမ္းပါးနံရံၿပိဳက်ရာမွ ၆ ဦးေသဆံုး

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စုစေပါ့ေက်းရြာအနီးတြင္ တန္ (၂၀၀) နီးပါးအေလးခ်ိန္ရွိ ေက်ာက္ေတာင္ကမ္းပါးၿပိဳက်မႈေၾကာင့္ လူ ၆ ဦးေသဆံုးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၁၀ ရက္၊  ေန႔လယ္ ၁ နာရီခြဲခန္႔က ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု စေပါ့ေက်းရြာအနီးရွိ လုပ္ကိုင္ခြင့္လုိင္စင္သက္တမ္းလြန္ေနသည့္ ေက်ာက္စိမ္းလုပ္ကြက္တြင္ အျမင့္ေပ ၁၅၀ ေက်ာ္မွ တန္ ၂၀၀ ခန္႔ အေလးခ်ိန္ရွိေသာ ေက်ာက္ေတာင္ကမ္းပါးၿပိဳက်မႈေၾကာင့္ လက္က်င္းေက်ာက္စိမ္းတူးေဖာ္သူ ၆ ဦး ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
 “ အမ်ိဳးသား ၆ ဦးေသသြားတယ္။ဆက္လက္လုပ္ေဆာင္ေနဆဲပါ။ သဘာ၀လိုျဖစ္တာဆိုေတာ့ ေၾကးနန္းပဲ တင္ေပးတယ္။ အမႈဖြင့္ထားတာမရွိဘူး” ဟု ဖားကန္႔ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ 
ေသဆံုးသူမ်ားမွာ ေမာင္မင္းေဇာ္( ၃၂) (မႏၱေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္၊ မွတ္ေတာ္မူရြာ)၊ ေမာင္မ်ိဳးမင္းသန္႔ ( ၁၇) ႏွစ္(ကခ်င္ျပည္နယ္၊ ဟိုပင္ၿမိဳ႕၊ တကြင္းေက်းရြာ) ႏွင့္ ရွမ္းျပည္ /ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္၊ ကြန္ေကာက္ရြာတြင္ ေနထိုင္ၾကေသာတစ္ရြာတည္းသားမ်ားျဖစ္ၾကသည့္ ေမာင္ဆိုင္းေနာ္ခမ္း ( ၁၇) ႏွစ္ ၊ ေမာင္စိုင္းစမ့္လ်န္း (၂၃) ႏွစ္၊ ေမာင္စိုင္းသန္းလူ (၂၇) ႏွစ္ႏွင့္ ဦးစိုင္းဆာေအး (၅၆) ႏွစ္တို႔ (၄) ဦး စုစုေပါင္း (၆) ဦးတို႔ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
“ ေသဆံုးသြားတာကေတာ့ အမ်ိဳးသား ၆ ဦးပါ။ သူတို႔အျပင္ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၼဏီရဲ႕ TEREX အမ်ိဳးအစား ေျမသယ္ယဥ္တစီးလည္း ဆုံးရႈံးသြားခဲ့ပါတယ္။ ကားဆရာကေတာ့ မ်က္ခုံးမွာ နည္းနည္း ကြဲသြားတယ္။ စိုးရိမ္စရာေတာ့မရွိပါဘူး။ အခုၿပိဳက်တဲ့ေနရာဟာ သက္တမ္းကုန္ထားတဲ့ လုပ္ကြက္ကမ္းပါး ၿပိဳက်သြားတာပါ” ဟု ျမန္မာ့သူရေက်ာက္စိမ္းတူးေဖာ္ေရးကုမၼဏီမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္ရွိတြင္သက္ဆုိင္ရာတာ၀န္ရွိသူမ်ား၊ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ လူမႈကူညီေရး အသင္းမ်ားက ကယ္ဆယ္ေရးႏွင့္ ရွာေဖြေရးလုပ္ငန္းမ်ားဆက္လက္လုပ္ေဆာင္ေနေၾကာင္း သတင္းရရွိသည္။ 
Source - ေဇာ္မိုးထက္(ဖားကန္႔)

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

လိုင်စင်သက်တမ်းလွန်ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျရာမှ ၆ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုစပေါ့ကျေးရွာအနီးတွင် တန် (၂၀၀) နီးပါးအလေးချိန်ရှိ ကျောက်တောင်ကမ်းပါးပြိုကျမှုကြောင့် လူ ၆ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်၊  နေ့လယ် ၁ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးရှိ လုပ်ကိုင်ခွင့်လိုင်စင်သက်တမ်းလွန်နေသည့် ကျောက်စိမ်းလုပ်ကွက်တွင် အမြင့်ပေ ၁၅၀ ကျော်မှ တန် ၂၀၀ ခန့် အလေးချိန်ရှိသော ကျောက်တောင်ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းကျောက်စိမ်းတူးဖော်သူ ၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 “ အမျိုးသား ၆ ဦးသေသွားတယ်။ဆက်လက်လုပ်ဆောင်နေဆဲပါ။ သဘာဝလိုဖြစ်တာဆိုတော့ ကြေးနန်းပဲ တင်ပေးတယ်။ အမှုဖွင့်ထားတာမရှိဘူး” ဟု ဖားကန့်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
သေဆုံးသူများမှာ မောင်မင်းဇော်( ၃၂) (မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မှတ်တော်မူရွာ)၊ မောင်မျိုးမင်းသန့် ( ၁၇) နှစ်(ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ တကွင်းကျေးရွာ) နှင့် ရှမ်းပြည် /မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွန်ကောက်ရွာတွင် နေထိုင်ကြသောတစ်ရွာတည်းသားများဖြစ်ကြသည့် မောင်ဆိုင်းနော်ခမ်း ( ၁၇) နှစ် ၊ မောင်စိုင်းစမ့်လျန်း (၂၃) နှစ်၊ မောင်စိုင်းသန်းလူ (၂၇) နှစ်နှင့် ဦးစိုင်းဆာအေး (၅၆) နှစ်တို့ (၄) ဦး စုစုပေါင်း (၆) ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ သေဆုံးသွားတာကတော့ အမျိုးသား ၆ ဦးပါ။ သူတို့အပြင် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီရဲ့ TEREX အမျိုးအစား မြေသယ်ယဉ်တစီးလည်း ဆုံးရှုံးသွားခဲ့ပါတယ်။ ကားဆရာကတော့ မျက်ခုံးမှာ နည်းနည်း ကွဲသွားတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ အခုပြိုကျတဲ့နေရာဟာ သက်တမ်းကုန်ထားတဲ့ လုပ်ကွက်ကမ်းပါး ပြိုကျသွားတာပါ” ဟု မြန်မာ့သူရကျောက်စိမ်းတူးဖော်ရေးကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင်သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းများက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ 
Source - ဇော်မိုးထက်(ဖားကန့်)

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။