Skip to main content
ျပည္သူ႔အက်ိဳးစီးပြားေရွးရႈပါက ၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးမကန္႔ကြက္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးသိန္းထြန္းဦး ဆုိ
Ads Block

ျပည္သူ႔အက်ိဳးစီးပြားေရွးရႈပါက ၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးမကန္႔ကြက္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးသိန္းထြန္းဦး ဆုိ

ျပည္ခိုင္ၿဖိဳးပါတီမွာ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို မူလပထမစတင္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔အက်ိဳး စီးပြားေရွးရႈပါက ဖြဲ႔စည္းပုံျပင္ဆင္ေရးကိုမကန္႔ကြက္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။ 
လက္ရွိ လႊတ္ေတာ္သက္တမ္းတြင္၂၀၀၈ ဖြဲ႔စည္ပံုအေျခခံဥပေဒ ျပင္ဆင္ေရးေဆာင္ရြက္ျခင္းႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာန၏ေမးျမန္းခ်က္ကို ယခုကဲ့သို႔ေျဖၾကားျခင္းျဖစ္သည္။ 
 “ လႊတ္ေတာ္ထဲမွာအခုဖြဲ႔စည္းပုံျပင္ဆင္ေရးကုိလုပ္ေနၾကတယ္။အဲဒီမွာ ျပည္ခုိင္ၿဖဳိး ဘာပဲလုပ္လုပ္ တစ္ဖက္ ေလာ္ဘီေတြက ျပည္ခုိင္ၿဖဳိးပါတီပုံရိပ္က်ဆင္းေအာင္ပုံဖ်က္ၿပီး လူမႈကြန္ရက္မွာေျပာဆုိၾကတယ္။ ေနာက္ သတင္းမီဒီယာႀကီးတစ္ခုကပါ ဒီလုိေရးသားတာေတြရွိတယ္။ အဲဒီေတာ့ ပထမအႀကိမ္လႊတ္ေတာ္ကုိ ျပန္ေလ့လာၾကည့္ပါ။ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးေလ့လာသုံးသပ္ေရးေကာ္မရွင္ကုိဘယ္သူဖြဲ႔ခဲ့သလဲ။ ပုဒ္မေတြေတာင္လႊတ္ေတာ္တင္ခဲ့တယ္။ အဲဒီေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ျပည္ခုိင္ၿဖဳိးပါတီက မျပင္လုိဘူး။ တပ္နဲ႔ေပါင္းကန္႔ကြက္တယ္ဆုိတာပုံဖ်က္ေျပာဆုိတာျဖစ္တယ္။ ကြ်န္ေတာ္တုိ႔ပါတီက ဒုိ႔တာ၀န္အေရးသုံးပါးကုိ မထိခုိက္ရင္ ျပည္သူလူထုအက်ိဳးစီးပြားအတြက္ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိျပင္ဆင္လုိတဲ့ ဆႏၵရွိပါတယ္’’ ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။ 
NLD ပါတီမွ မဲဆႏၵနယ္အမွတ္ - ၄ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၿပီးခဲ့ေသာ ဇန္န၀ါရီလ ၂၉ ရက္တြင္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအေရးႀကီးအဆုိကို ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္သြင္းခဲ့သည္။ 
ယင္းကဲ့သို႔တင္သြင္းျခင္းကို ဥပေဒႏွင့္မညီဟုဆုိကာတပ္မေတာ္သားကုိယ္စားလွယ္ႏွင့္ ျပည္ခုိင္ၿဖဳိးပါတီ၀င္ လႊတ္ေတာ္ကုိယ္စားလွယ္တုိ႔မွ အဆုိကိုကန္႔ကြက္ေဆြးေႏြးေျပာၾကားခဲ့ၿပီး မဲခြဲဆုံးျဖတ္မႈအရ အဆုိတင္သြင္းမႈ အႏုိင္ရရွိခဲ့သည္။
၂၀၀၈ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ကာ ၂၀၀၈ ခုႏွစ္၊ ေမလ ၁၀ ရက္တြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပကာ လူေပါင္း၂၀၇၈၆၅၉၆ ဦးကေထာက္ခံဆႏၵမဲေပးခဲ့ၾကသည္။
“ဖြဲ႔စည္းပုံကုိမျပင္ပါနဲ႔လုိ႔မေျပာဘူး။ ဥပေဒနဲ႔အညီ ျပင္ေစခ်င္တာ။ ျပည္သူေထာက္ခံမႈနဲ႔ ေပၚေပါက္လာတာ ျဖစ္လုိ႔ ျပည္သူဆႏၵခံယူပြဲက်င္းပသင့္တယ္။ ဥပေဒအတုိင္းပဲတစ္ဆင့္ၿပီးတစ္ဆင့္လုပ္ၿပီးမွ ျပင္ေစခ်င္တယ္’’ ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ဗဟုိအလုပ္အမႈေဆာင္ ဦးလွသိန္းကလည္း ေျပာၾကားထားသည္။
၂၀၀၈ဖြဲ႔စည္းပုံ အခန္း၁၂ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ျခင္းပုဒ္မ ၄၃၆ (က) တြင္ ဖြဲ႔စည္းပုံအေျခခံဥပေဒအခန္း (၁)၊ အခန္း(၂)၊ အခန္း (၃)၊ အခန္း (၄)၊ အခန္း (၅)၊ အခန္း (၆)၊ အခန္း (၁၁)၊ အခန္း (၁၂) တုိ႔ရွိ ျပ႒ာန္းခ်က္မ်ားကုိ ျပင္ဆင္လုိလွ်င္ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားလွယ္အားလုံး၏ ၇၅ ရာခုိင္နႈန္းေက်ာ္က ျပင္ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပုိင္ခြင့္ရွိသူအားလုံး၏ ဆႏၵမဲ ထက္၀က္ေက်ာ္ျဖင့္သာ ျပင္ဆင္ရမည္ဟု ျပ႒ာန္းပါရွိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ပြည်သူ့အကျိုးစီးပွားရှေးရှုပါက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမကန့်ကွက်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းဦး ဆို

ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မူလပထမစတင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အကျိုး စီးပွားရှေးရှုပါက ဖွဲ့စည်းပုံပြင်ဆင်ရေးကိုမကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 
လက်ရှိ လွှတ်တော်သက်တမ်းတွင်၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာန၏မေးမြန်းချက်ကို ယခုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။ 
 “ လွှတ်တော်ထဲမှာအခုဖွဲ့စည်းပုံပြင်ဆင်ရေးကိုလုပ်နေကြတယ်။အဲဒီမှာ ပြည်ခိုင်ဖြိုး ဘာပဲလုပ်လုပ် တစ်ဖက် လော်ဘီတွေက ပြည်ခိုင်ဖြိုးပါတီပုံရိပ်ကျဆင်းအောင်ပုံဖျက်ပြီး လူမှုကွန်ရက်မှာပြောဆိုကြတယ်။ နောက် သတင်းမီဒီယာကြီးတစ်ခုကပါ ဒီလိုရေးသားတာတွေရှိတယ်။ အဲဒီတော့ ပထမအကြိမ်လွှတ်တော်ကို ပြန်လေ့လာကြည့်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလေ့လာသုံးသပ်ရေးကော်မရှင်ကိုဘယ်သူဖွဲ့ခဲ့သလဲ။ ပုဒ်မတွေတောင်လွှတ်တော်တင်ခဲ့တယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ခိုင်ဖြိုးပါတီက မပြင်လိုဘူး။ တပ်နဲ့ပေါင်းကန့်ကွက်တယ်ဆိုတာပုံဖျက်ပြောဆိုတာဖြစ်တယ်။ ကျွန်တော်တို့ပါတီက ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရင် ပြည်သူလူထုအကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုတဲ့ ဆန္ဒရှိပါတယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 
NLD ပါတီမှ မဲဆန္ဒနယ်အမှတ် - ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြီးခဲ့သော ဇန်နဝါရီလ ၂၉ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။ 
ယင်းကဲ့သို့တင်သွင်းခြင်းကို ဥပဒေနှင့်မညီဟုဆိုကာတပ်မတော်သားကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တို့မှ အဆိုကိုကန့်ကွက်ဆွေးနွေးပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်မှုအရ အဆိုတင်သွင်းမှု အနိုင်ရရှိခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ကာ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ လူပေါင်း၂၀၇၈၆၅၉၆ ဦးကထောက်ခံဆန္ဒမဲပေးခဲ့ကြသည်။
“ဖွဲ့စည်းပုံကိုမပြင်ပါနဲ့လို့မပြောဘူး။ ဥပဒေနဲ့အညီ ပြင်စေချင်တာ။ ပြည်သူထောက်ခံမှုနဲ့ ပေါ်ပေါက်လာတာ ဖြစ်လို့ ပြည်သူဆန္ဒခံယူပွဲကျင်းပသင့်တယ်။ ဥပဒေအတိုင်းပဲတစ်ဆင့်ပြီးတစ်ဆင့်လုပ်ပြီးမှ ပြင်စေချင်တယ်’’ ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကလည်း ပြောကြားထားသည်။
၂၀၀၈ဖွဲ့စည်းပုံ အခန်း၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပုဒ်မ ၄၃၆ (က) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)၊ အခန်း(၂)၊ အခန်း (၃)၊ အခန်း (၄)၊ အခန်း (၅)၊ အခန်း (၆)၊ အခန်း (၁၁)၊ အခန်း (၁၂) တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ ထက်ဝက်ကျော်ဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။