Skip to main content
လူ ၂၀ ေက်ာ္လိုက္ပါသြားေသာ မီးျပတုိက္ျပင္ရန္သြားသည့္ သေဘၤာတစ္စင္း နစ္ျမဳပ္
Ads Block

လူ ၂၀ ေက်ာ္လိုက္ပါသြားေသာ မီးျပတုိက္ျပင္ရန္သြားသည့္ သေဘၤာတစ္စင္း နစ္ျမဳပ္

ရခုိင္ျပည္နယ္ ေက်ာက္ျဖဴခရိုင္ မာန္ေအာင္ၿမိဳ႕ ဇီးေတာေက်းရြာ ေျမာက္ဘက္ ၅ မုိင္ခန္႔အကြာတြင္ မီးျပတုိက္ ျပင္ဆင္ရန္ထြက္ခြာသြားသည့္ သေဘၤာတစ္စင္း ေဖေဖာ္ဝါရီလ ၁၁ ရက္ နံနက္ ၉ နာရီ ၁၀ မိနစ္က နစ္ျမဳပ္သြားေၾကာင္း ေက်ာက္ျဖဴခရုိင္ရဲတပ္ဖြဲ႔မွဴးရုံးမွ သိရသည္။
အဆုိပါ သေဘာၤမွာ ခရီးသည္တင္သေဘၤာမဟုတ္ေသာ္လည္း မီးျပတုိက္ျပင္ဆင္ရန္အတြက္ စက္ဆရာအပါအ၀င္ လူ ၂၀ ေက်ာ္ႏွင့္ စက္ပစၥည္းမ်ား လိုက္ပါသြားေၾကာင္း သိရသည္။
“ ျမဳပ္သြားတာေတာ့ဟုတ္ပါတယ္။ သေဘၤာကေတာ့ ဘာသေဘၤာမွန္းေသခ်ာမသိေသးဘူး။ လူေတြလည္း ပါတယ္။ ေပ်ာက္ဆံုးတာလည္း မသိေသးပါဘူး။ မီးျပတိုက္ကို ျပင္ဖုိ႔သြားရင္းနဲ႔ စက္ျပင္ဆရာေတြတင္သြားရင္းျမဳပ္တာပါ။ ရွာေဖြကယ္ဆယ္မႈေတြလုပ္ေနပါတယ္။"
ေဒသခံမ်ား၏ေျပာဆုိခ်က္အရ နစ္ျမဳပ္သြားသည့္ သေဘၤာတြင္ လူ ၂၀ ေက်ာ္လုိက္ပါသြားၿပီး ၇ ဦးကို ကယ္ဆယ္ ႏုိင္ေၾကာင္းႏွင့္ က်န္လူမ်ားကို ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode version

လူ ၂၀ ကျော်လိုက်ပါသွားသော မီးပြတိုက်ပြင်ရန်သွားသည့် သင်္ဘောတစ်စင်း နစ်မြုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့ ဇီးတောကျေးရွာ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် မီးပြတိုက် ပြင်ဆင်ရန်ထွက်ခွာသွားသည့် သင်္ဘောတစ်စင်း ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က နစ်မြုပ်သွားကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ သဘောၤမှာ ခရီးသည်တင်သင်္ဘောမဟုတ်သော်လည်း မီးပြတိုက်ပြင်ဆင်ရန်အတွက် စက်ဆရာအပါအဝင် လူ ၂၀ ကျော်နှင့် စက်ပစ္စည်းများ လိုက်ပါသွားကြောင်း သိရသည်။
“ မြုပ်သွားတာတော့ဟုတ်ပါတယ်။ သင်္ဘောကတော့ ဘာသင်္ဘောမှန်းသေချာမသိသေးဘူး။ လူတွေလည်း ပါတယ်။ ပျောက်ဆုံးတာလည်း မသိသေးပါဘူး။ မီးပြတိုက်ကို ပြင်ဖို့သွားရင်းနဲ့ စက်ပြင်ဆရာတွေတင်သွားရင်းမြုပ်တာပါ။ ရှာဖွေကယ်ဆယ်မှုတွေလုပ်နေပါတယ်။'' 
ဒေသခံများ၏ပြောဆိုချက်အရ နစ်မြုပ်သွားသည့် သင်္ဘောတွင် လူ ၂၀ ကျော်လိုက်ပါသွားပြီး ၇ ဦးကို ကယ်ဆယ် နိုင်ကြောင်းနှင့် ကျန်လူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။