Skip to main content
သတင္း
Ads Block

ေအာင္​ဆန္​း႐ုပ္​႐ွင္​အတြက္ အထင္​ကရပုဂိၢဳလ္​ႀကီးမ်ား​ေနရာတြင္​ သ႐ုပ္​​ေဆာင္​ရန္​ သ႐ုပ္​​ေဆာင္​သစ္​မ်ား​ စတင္ေခၚယူ

ယခုႏွစ္အတြင္း​ စတင္​႐ုိက္​ကူးရန္​ ျပင္​ဆင္​လွ်က္​႐ွိ​ေသာ ​ေအာင္​ဆန္​း ႐ုပ္​႐ွင္​ဇာတ္​ကားႀကီးအတြက္​ အထင္​ကရပုဂိၢဳလ္​ႀကီး(၃၁)ဦး ​ေနရာတြင္​ သ႐ုပ္​​ေဆာင္​ရန္​ သ႐ုပ္​​ေဆာင္​သစ္​မ်ား ကုိ ေခၚယူျပီျဖစ္ေၾကာင္း ေအာင္​ဆန္​း ႐ုပ္​႐ွင္​႐ုိက္​ကူးျဖစ္​​ေျမာက္​​ေရး​ေကာ္​မတီက အသိေပးေၾကညာလုိက္သည္။

ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​းႏွင္​့အတူ လုပ္ၾကံခံခဲ့ရေသာ အာဇာနည္​မ်ားျဖစ္​သည္​့ ဦးဘ၀င္​း၊ သခင္​ျမ၊ မိုင္​းပြန္​​ေစာ္​ဘြားႀကီး ဦးစပ္စံ​ထြန္​း၊ ဒီးဒုတ္​ဦးဘခ်ဳိ၊ မန္​းဘခိုင္​၊ ဦးရာဇာတ္​၊ ဦးအုန္​း​ေမာင္​၊ ရဲ​ေဘာ္​ကို​ေထြးတို႔၏ ​ေနရာမ်ားတြင္​ သ႐ုပ္​​ေဆာင္​ရန္​ မ်က္​ႏွာသစ္​ သ႐ုပ္​​ေဆာင္​မ်ား ​ေရြးခ်ယ္​သြားမည္​့အျပင္​ ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​း၏ မိခင္​​ေဒၚစုႏွင္​့ အျခား​ေသာ အထင္​ကရ ပုဂိၢဳလ္​မ်ား၏ ​ေနရာမ်ားတြင္​လည္​း သ႐ုပ္​​ေဆာင္​ရန္​ မ်က္​ႏွာသစ္​ သ႐ုပ္​​ေဆာင္​မ်ား ​ေရြးခ်ယ္​သြားမည္​ျဖစ္ေၾကာင္း ျဖစ္ေျမာက္ေရးေကာ္မတီက ေၾကညာခဲ့ျခင္းလည္းျဖစ္သည္​။ အဆိုပါ ေနရာမ်ားတြင္​ သ႐ုပ္​​ေဆာင္​ရန္​ ​ေလွ်ာက္​လႊာတင္​လိုသူ​မ်ားအေနျဖင့္ ေအာင္​ဆန္​း႐ု​ုင္႐ွင္​ ​ေဖ့ဘုတ္​ေပ့ခ်္၌ ​ေဖာ္​ျပထားသည္​့ပံုမ်ားႏွင္​့ ကိုက္​ညီမႈ႐ွိသူမ်ား၊ကိုယ္ေရးအခ်က္အလက္မ်ား ဆင္တူကိုက္ညီမႈရွိပါက ေလွ်ာက္ထားႏိုင္​ေၾကာင္း သိရသည္​။ ေလွ်ာက္ထားသူ၏ အသက္အရြယ္၊ အရပ္အေမာင္း အနည္းငယ္ကြာဟမႈမ်ား ရွိခဲ့လွ်င္လည္း ရုပ္ရည္ဆင္တူမႈႏွင့္ အမူအရာေကာင္းမြန္မႈ(သရုပ္ေဆာင္ျခင္းကို ဝါသနာႀကီးသူျဖစ္ရမည္)အေပၚ မူတည္၍ စဥ္းစားမည္ျဖစ္​ေၾကာင္​း သိရသည္​။

ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာပံုစံကို ​ေအာင္​ဆန္​း႐ုပ္​႐ွင္​ ​ေဖ့ဘုတ္​ေပ့ခ်္​တြင္ ​ေဒါင္​း​ေလာ့ျပဳလုပ္၍ ပါဝင္ေသာအခ်က္အလက္မ်ားကို ျပည့္စံုမွန္ကန္ေအာင္ ျဖည့္စြက္ျပီး မျပဳျပင္ထား​ေ​သာ ဓာတ္​ပံုမ်ားျဖင္​့ ​ေလွ်ာက္​လႊာတင္​ရမည္​ျဖစ္​​ေၾကာင္​း သိရသည္​။

Unicode Version 

ယခုနှစ်အတွင်း စတင်ရိုက်ကူးရန် ပြင်ဆင်လျှက်ရှိသော အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးအတွက် အထင်ကရပုဂ္ဂိုလ်ကြီး(၃၁)ဦး နေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်သစ်များ ကို ခေါ်ယူပြီဖြစ်ကြောင်း အောင်ဆန်း ရုပ်ရှင်ရိုက်ကူးဖြစ်မြောက်ရေးကော်မတီက အသိပေးကြေညာလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံခဲ့ရသော အာဇာနည်များဖြစ်သည့် ဦးဘဝင်း၊ သခင်မြ၊ မိုင်းပွန်စော်ဘွားကြီး ဦးစပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇာတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့၏ နေရာများတွင် သရုပ်ဆောင်ရန် မျက်နှာသစ် သရုပ်ဆောင်များ ရွေးချယ်သွားမည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဒေါ်စုနှင့် အခြားသော အထင်ကရ ပုဂ္ဂိုလ်များ၏ နေရာများတွင်လည်း သရုပ်ဆောင်ရန် မျက်နှာသစ် သရုပ်ဆောင်များ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီက ကြေညာခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ နေရာများတွင် သရုပ်ဆောင်ရန် လျှောက်လွှာ တင်လိုသူများအနေဖြင့် အောင်ဆန်းရုုင်ရှင် ဖေ့ဘုတ်ပေ့ချ်၌ ဖော်ပြထားသည့်ပုံများနှင့် ကိုက်ညီမှုရှိသူများ၊ ကိုယ်ရေးအချက်အလက်များ ဆင်တူကိုက်ညီမှုရှိပါက လျှောက်ထားနိုင်ကြောင်း သိရသည်။ လျှောက်ထားသူ၏ အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှုများ ရှိခဲ့လျှင်လည်း ရုပ်ရည်ဆင်တူမှုနှင့် အမူအရာကောင်းမွန်မှု(သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူဖြစ်ရမည်)အပေါ် မူတည်၍ စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံကို အောင်ဆန်းရုပ်ရှင် ဖေ့ဘုတ်ပေ့ချ်တွင် ဒေါင်းလော့ပြုလုပ်၍ ပါဝင်သောအချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်ပြီး မပြုပြင်ထားသော ဓာတ်ပုံများဖြင့် လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း သိရသည်။

     -  ႏြယ္ဏီ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။