Skip to main content
ျမန္မာ့ပဲ အိႏၵိယႏိုင္ငံသို႔တင္ပို႔မႈ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ေရးထိုးႏိုင္ရန္ ေဆာင္႐ြက္မည္ဟု စီးပြား/ကူးသန္း ဒု-ဝန္ႀကီး ေျပာ 
Ads Block

ျမန္မာ့ပဲ အိႏၵိယႏိုင္ငံသို႔တင္ပို႔မႈ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ေရးထိုးႏိုင္ရန္ ေဆာင္႐ြက္မည္ဟု စီးပြား/ကူးသန္း ဒု-ဝန္ႀကီး ေျပာ 

ျမန္မာ့ပဲမ်ိဳးစုံ အိႏၵိယႏိုင္ငံသို႔တင္ပို႔မႈ ႏွစ္ႏိုင္ငံအစိုးရအခ်င္းခ်င္း သေဘာတူလက္မွတ္ေရးထိုးႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ Sule Shangri-La ဟိုတယ္တြင္ ေဖေဖာ္ဝါရီလ ၁၀ ရက္က က်င္းပေသာ Worled Pulse Day 2019 တြင္ ေျပာခဲ့ျခင္းျဖစ္သည္။ 
“မၾကာခင္မွာ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ႀကီးက (စီးပြား/ကူးသန္းျပည္ေထာင္စုဝန္ႀကီး)  အိႏၵိယကို သြားဖို႔ ရွိတယ္။ အဲက်ရင္လည္း ပဲကိစၥကို ဆက္ၿပီး တင္ျပဖို႔ရွိပါတယ္။ G to G (အစိုးရအခ်င္းခ်င္း သေဘာ တူညီမႈ) အတြက္ MOU (သေဘာတူလက္မွတ္ေရးထိုးရန္) ကေတာ့ က်န္ေနေသးတယ္။ ဆက္ၿပီး ဒါကိုလည္း အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ ႀကိဳးစားပါမယ္။ အိႏၵိယသံအမတ္ႀကီးကဘယ္ေလာက္ စြမ္းေဆာင္ႏိုင္မလဲဆိုတာလည္း ေစာင့္ၿပီးၾကည့္ရမယ္” ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာသည္။
ယခု ေဖေဖာ္ဝါရီလ ၂၀ ရက္ေနာက္ပိုင္းတြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးသည္ အိႏၵိယႏိုင္ငံမွ ကုန္သြယ္ေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံကာ အိႏၵိယႏိုင္ငံသို႔ ျမန္မာ့ပဲ ဆက္လက္တင္ပို႔ႏိုင္ရန္ ႏွစ္ႏိုင္ငံသေဘာတူညီလက္မွတ္ေရးထိုးႏိုင္ေရး ညႇိႏႈိင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။ 
“ အိႏၵိယသံအမတ္က သူတို႔မူဝါဒကို အေကာင္းဆုံး ဘယ္လိုလက္တြဲလုပ္သြားလို႔ရမလဲစဥ္းစားသြားမယ္ ဆိုတာ ေျပာသြားတာေတြ႕ရတယ္။ အိႏၵိယဘက္ကလည္း ပဲလိုအပ္ခ်က္ရွိတယ္ဆိုတာ ျငင္းလို႔မရဘူး။ ဒီအတြက္ အေျဖတစ္ခုထြက္ဖို႔ ရည္႐ြယ္ပါတယ္။ MOU ထိုးဖု႔ိ စာခ်ဳပ္မူၾကမ္းကိုပို႔ထားတာ ႏွစ္လနီးပါး ေလာက္ရွိၿပီ။ ဒါေပမယ့္ အိႏၵိယဘက္က ျပန္တုံ႔ျပန္မႈမရွိေသးဘူး။ အိႏၵိယဘက္က ျပန္တုံ႔ျပန္မွပဲ ေနာက္တစ္ႀကိမ္ ျပန္ႀကိဳးစားလို႔ရမယ္လို႔ေျပာတယ္။ ဒီႏွစ္ပဲရာသီ ႏွစ္လ၊ သုံးလအတြင္းမွာ ျဖစ္ဖို႔ နည္းနည္းေလးေတာ့ ခက္မယ္လို႔ထင္တယ္။ ဟိုဘက္ကလည္း MOU ထိုးခ်င္တယ္။ ျမန္မာႏိုင္ငံကလည္း MOU ထိုးဖို႔ ဆုံးျဖတ္ထားတယ္ဆိုရင္ေတာ့ ၂၀၁၉ ထဲမွာ ျဖစ္လာမယ္လို႔ ယူဆပါတယ္” ဟု ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႉး ဦးမင္းကိုဦးက ေျပာသည္။ 

အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံမွ ပဲမ်ိဳးစုံကို မည္မွ်တင္ပို႔ခြင့္ျပဳေၾကာင္း ကိုယ္တာသတ္မွတ္ခ်က္တရားဝင္ရရွိေရး အစိုးရအခ်င္းခ်င္း MOU (သေဘာတူလက္မွတ္ေရးထိုင္းႏိုင္ရန္) အတြက္ စာခ်ဳပ္မူၾကမ္းကို အိႏၵိယႏိုင္ငံသံ႐ုံးမွ တစ္ဆင့္ လြန္ခဲ့ေသာႏွစ္လဝန္းက်င္၌ ပို႔ထားခဲ့ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံသည္ ျပည္ပမွ ပဲမ်ိဳးစုံဝယ္ယူမႈကို အေကာက္အခြန္ရွင္းလင္းမႈမလုပ္ေပးႏိုင္ဟုဆိုကာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္တြင္ စာထုတ္ျပန္လိုက္ၿပီးေနာက္ ျမန္မာ့ပဲအိႏၵိယႏိုင္ငံသို႔ တင္ပို႔မႈရပ္ဆိုင္းကာ ပဲေဈးႏႈန္းမ်ားက်ဆင္းခဲ့သည္။ 
အိႏၵိယႏိုင္ငံသည္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကုန္အထိ ျပည္ပႏိုင္ငံမ်ားမွ မတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲ၊ ပဲစဥ္းငုံတန္ခ်ိန္ ႏွစ္သိန္းႏွင့္ ပဲတီစိမ္း တန္ခ်ိန္ တစ္သိန္းခြဲ စုစုေပါင္း ဝယ္ယူမည္ဟု ကိုယ္တာ သတ္မွတ္ခဲ့ေသာ္လည္း ၎ႏိုင္ငံ၏ လိုအပ္ခ်က္အရ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွ ၂၀၁၉ ခုႏွစ္၊ ဇန္ဝါရီလအတြင္း မတ္ပဲ၊ ပဲတီစိမ္းႏွင့္ ပဲစဥ္းငုံ တန္ခ်ိန္ ငါးသိန္းနီးပါးကို ထပ္မံဝယ္ယူခဲ့သျဖင့္ ပဲဝယ္ယူမႈ ရပ္ဆိုင္းလိုက္ျခင္းျဖစ္ႏိုင္ေၾကာင္း သိရသည္။ 
- သင္းသင္းလႈိင္(အကုန္သိသတင္းဌာန) 

 

Unicode version

မြန်မာ့ပဲ အိန္ဒိယနိုင်ငံသို့တင်ပို့မှု နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်မည်ဟု စီးပွား/ကူးသန်း ဒု-ဝန်ကြီး ပြော 

မြန်မာ့ပဲမျိုးစုံ အိန္ဒိယနိုင်ငံသို့တင်ပို့မှု နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပသော Worled Pulse Day 2019 တွင် ပြောခဲ့ခြင်းဖြစ်သည်။ 
“မကြာခင်မှာ ကျွန်တော်တို့ရဲ့ ဝန်ကြီးက (စီးပွား/ကူးသန်းပြည်ထောင်စုဝန်ကြီး)  အိန္ဒိယကို သွားဖို့ ရှိတယ်။ အဲကျရင်လည်း ပဲကိစ္စကို ဆက်ပြီး တင်ပြဖို့ရှိပါတယ်။ G to G (အစိုးရအချင်းချင်း သဘော တူညီမှု) အတွက် MOU (သဘောတူလက်မှတ်ရေးထိုးရန်) ကတော့ ကျန်နေသေးတယ်။ ဆက်ပြီး ဒါကိုလည်း အကောင်အထည် ဖော်နိုင်အောင် ကြိုးစားပါမယ်။ အိန္ဒိယသံအမတ်ကြီးကဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာလည်း စောင့်ပြီးကြည့်ရမယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ယခု ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံကာ အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲ ဆက်လက်တင်ပို့နိုင်ရန် နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
“ အိန္ဒိယသံအမတ်က သူတို့မူဝါဒကို အကောင်းဆုံး ဘယ်လိုလက်တွဲလုပ်သွားလို့ရမလဲစဉ်းစားသွားမယ် ဆိုတာ ပြောသွားတာတွေ့ရတယ်။ အိန္ဒိယဘက်ကလည်း ပဲလိုအပ်ချက်ရှိတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒီအတွက် အဖြေတစ်ခုထွက်ဖို့ ရည်ရွယ်ပါတယ်။ MOU ထိုးဖု့ိ စာချုပ်မူကြမ်းကိုပို့ထားတာ နှစ်လနီးပါး လောက်ရှိပြီ။ ဒါပေမယ့် အိန္ဒိယဘက်က ပြန်တုံ့ပြန်မှုမရှိသေးဘူး။ အိန္ဒိယဘက်က ပြန်တုံ့ပြန်မှပဲ နောက်တစ်ကြိမ် ပြန်ကြိုးစားလို့ရမယ်လို့ပြောတယ်။ ဒီနှစ်ပဲရာသီ နှစ်လ၊ သုံးလအတွင်းမှာ ဖြစ်ဖို့ နည်းနည်းလေးတော့ ခက်မယ်လို့ထင်တယ်။ ဟိုဘက်ကလည်း MOU ထိုးချင်တယ်။ မြန်မာနိုင်ငံကလည်း MOU ထိုးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ၂၀၁၉ ထဲမှာ ဖြစ်လာမယ်လို့ ယူဆပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ 

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံမှ ပဲမျိုးစုံကို မည်မျှတင်ပို့ခွင့်ပြုကြောင်း ကိုယ်တာသတ်မှတ်ချက်တရားဝင်ရရှိရေး အစိုးရအချင်းချင်း MOU (သဘောတူလက်မှတ်ရေးထိုင်းနိုင်ရန်) အတွက် စာချုပ်မူကြမ်းကို အိန္ဒိယနိုင်ငံသံရုံးမှ တစ်ဆင့် လွန်ခဲ့သောနှစ်လဝန်းကျင်၌ ပို့ထားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပြည်ပမှ ပဲမျိုးစုံဝယ်ယူမှုကို အကောက်အခွန်ရှင်းလင်းမှုမလုပ်ပေးနိုင်ဟုဆိုကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် စာထုတ်ပြန်လိုက်ပြီးနောက် မြန်မာ့ပဲအိန္ဒိယနိုင်ငံသို့ တင်ပို့မှုရပ်ဆိုင်းကာ ပဲဈေးနှုန်းများကျဆင်းခဲ့သည်။ 
အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကုန်အထိ ပြည်ပနိုင်ငံများမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲစဉ်းငုံတန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ စုစုပေါင်း ဝယ်ယူမည်ဟု ကိုယ်တာ သတ်မှတ်ခဲ့သော်လည်း ၎င်းနိုင်ငံ၏ လိုအပ်ချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဇန်ဝါရီလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တန်ချိန် ငါးသိန်းနီးပါးကို ထပ်မံဝယ်ယူခဲ့သဖြင့် ပဲဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ 
- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။