Skip to main content
အစုိးရမွ KIO ၊ AA ၊ TNLA ႏွင့္ MMDA တုိ႔လက္နက္ကုိင္ေလးဖြဲ႔ကို ျပည္ေထာင္စုေန႔အေက်ာ္တြင္ တရား၀င္ ေတြ႔ဆုံႏုိင္ဖြယ္ရွိေန
Ads Block

အစုိးရမွ KIO ၊ AA ၊ TNLA ႏွင့္ MMDA တုိ႔လက္နက္ကုိင္ေလးဖြဲ႔ကို ျပည္ေထာင္စုေန႔အေက်ာ္တြင္ တရား၀င္ ေတြ႔ဆုံႏုိင္ဖြယ္ရွိေန

အစုိးရမွ KIO အပါအ၀င္ AA၊ TNLA၊ MMDA တုိ႔လက္နက္ကုိင္ေလးဖြဲ႔ကို ျပည္ေထာင္စုေန႔ေက်ာ္ၿပီးပါက တရား၀င္ေတြ႔ဆုံႏုိင္ဖြယ္ရွိေနေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔မွ ဦးဆန္းေအာင္က ေျပာသည္။
လက္ရိွိတြင္ အပစ္အခတ္ရပ္စဲေရးလက္မွတ္ထိုးရန္က်န္ရွိေနေသာတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔တုိ႔မွာ KIO ၊ AA ၊TNLA ၊ KNPP ၊ MMDA စသည့္ ေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔တုိ႔ ျဖစ္သည္။
“ျပည္ေထာင္စုေန႔ေက်ာ္ေလာက္မွာ ေတြ႔ဆုံဖုိ႔ ေျပာထားတယ္။ ေနရာနဲ႔ အခ်ိန္ကေတာ့မသိရေသးဘူး။ ေသခ်ာတာ ျပည္ေထာင္စုေန႔ေက်ာ္ေလာက္ေပါ့။ KIO ကသူအပါအ၀င္အားလုံးဆုိေလးဖြဲ႔ေပါ့။ ဒီလုိေတြ႔ဖုိ႔ ေတာင္းထားတယ္။ တကယ္ေတြ႔မွဘဲ ေတြ႔ဆုံပြဲမွာဘာေတြေဆြးေႏြးမယ္ဆုိတာသိရမယ္။ ပါတဲ့အဖြဲ႔ေတြက AA ပါမယ္။ TNLAနဲ႔ ကုိးကန္႔အဖြဲ႔ MMDA တုိ႔ပါမယ္ေပါ့။ အဲဒီလုိ KIO ဘက္ကေတာ့ေတာင္းဆုိထားတယ္”ဟု ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔မွ ဦးဆန္းေအာင္က ေျပာသည္။

 

အစုိးရမွ KIO ၊ AA ၊ TNLA ႏွင့္ MMDA တုိ႔လက္နက္ကုိင္ေလးဖြဲ႔ကို ျပည္ေထာင္စုေန႔အေက်ာ္တြင္ တရား၀င္ ေတြ႔ဆုံႏုိင္ဖြယ္ရွိေန


၂၀၁၅ ခုနွစ္ေအာက္တုိဘာလ၁၅ရက္တြင္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ကုိ လက္မွတ္ေရးထုိးခဲ့ၾကၿပီး ၂၀၁၇ခုနွစ္တြင္ မြန္ျပည္သစ္ပါတီႏွင့္လားဟူဒီမုိကရက္တစ္ပါတီတုိ႔မွ ထပ္မံလက္မွတ္ေရးထုိးခဲ့ၾကသည္။
“ ကြ်န္ေတာ္တုိ႔ တပ္မေတာ္ဘက္က အကုန္လုံးကုိလမ္းဖြင့္ေပးထားပါတယ္။ AA သေဘာထားေျပာင္းရင္ေ တြ႔ဆုံေဆြးေႏြးမယ္လုိ႔ ကြ်န္ေတာ္တုိ႔ သတင္းမွန္ျပန္ၾကားေရးေကာ္မတီကေျပာထားၿပီးသားပါ။ အခုလက္ခံတာက NRPC ဘက္က ပထမေတြ႔ဆုံတာဆုိေတာ့ ဘယ္လုိလာမလဲ မသိေသးပါဘူး’’ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴးဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အကုန္သိသတင္းဌာနသုိ႔ ေဖေဖၚ၀ါရီလ ၁၀ ရက္တြင္ ေျပာသည္။
- မင္းသီဟန္(အကုန္သိသတင္းဌာန) 
 

 

Unicode version

အစိုးရမှ KIO ၊ AA ၊ TNLA နှင့် MMDA တို့လက်နက်ကိုင်လေးဖွဲ့ကို ပြည်ထောင်စုနေ့အကျော်တွင် တရားဝင် တွေ့ဆုံနိုင်ဖွယ်ရှိနေ

အစိုးရမှ KIO အပါအဝင် AA၊ TNLA၊ MMDA တို့လက်နက်ကိုင်လေးဖွဲ့ကို ပြည်ထောင်စုနေ့ကျော်ပြီးပါက တရားဝင်တွေ့ဆုံနိုင်ဖွယ်ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က ပြောသည်။
လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှာ KIO ၊ AA ၊TNLA ၊ KNPP ၊ MMDA စသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဖြစ်သည်။
“ပြည်ထောင်စုနေ့ကျော်လောက်မှာ တွေ့ဆုံဖို့ ပြောထားတယ်။ နေရာနဲ့ အချိန်ကတော့မသိရသေးဘူး။ သေချာတာ ပြည်ထောင်စုနေ့ကျော်လောက်ပေါ့။ KIO ကသူအပါအဝင်အားလုံးဆိုလေးဖွဲ့ပေါ့။ ဒီလိုတွေ့ဖို့ တောင်းထားတယ်။ တကယ်တွေ့မှဘဲ တွေ့ဆုံပွဲမှာဘာတွေဆွေးနွေးမယ်ဆိုတာသိရမယ်။ ပါတဲ့အဖွဲ့တွေက AA ပါမယ်။ TNLAနဲ့ ကိုးကန့်အဖွဲ့ MMDA တို့ပါမယ်ပေါ့။ အဲဒီလို KIO ဘက်ကတော့တောင်းဆိုထားတယ်”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က ပြောသည်။
၂၀၁၅ ခုနှစ်အောက်တိုဘာလ၁၅ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၇ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်ပါတီတို့မှ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသည်။
“ ကျွန်တော်တို့ တပ်မတော်ဘက်က အကုန်လုံးကိုလမ်းဖွင့်ပေးထားပါတယ်။ AA သဘောထားပြောင်းရင်ေ တွ့ဆုံဆွေးနွေးမယ်လို့ ကျွန်တော်တို့ သတင်းမှန်ပြန်ကြားရေးကော်မတီကပြောထားပြီးသားပါ။ အခုလက်ခံတာက NRPC ဘက်က ပထမတွေ့ဆုံတာဆိုတော့ ဘယ်လိုလာမလဲ မသိသေးပါဘူး’’ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အကုန်သိသတင်းဌာနသို့ ဖေဖေါ်ဝါရီလ ၁၀ ရက်တွင် ပြောသည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန) 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။