Skip to main content
“၀” ေဒသထုတ္ စိတ္ၾကြေဆးျပား ၆.၄ သန္းႏွင့္အတူ လူႏွစ္ဦးကုိ ဖမ္းဆီးရမိဟု ထုိင္းရဲ  ထုတ္ျပန္ 
Ads Block

“၀” ေဒသထုတ္ စိတ္ၾကြေဆးျပား ၆.၄ သန္းႏွင့္အတူ လူႏွစ္ဦးကုိ ဖမ္းဆီးရမိဟု ထုိင္းရဲ  ထုတ္ျပန္ 

ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္းရုိင္ျပည္နယ္ ေနရာႏွစ္ခုမွာ စစ္ေဆးဖမ္းဆီးမႈလုပ္ခဲ့စဥ္ မက္သာဖီတမင္း စိတ္ၾကြမူးယစ္ေဆးျပား ၆.၄ သန္းနဲ ့အတူ လူႏွစ္ဦးကုိ ဖမ္းဆီးရမိခဲ့ေၾကာင္း တနဂၤေႏြေန ့(ေဖေဖာ္၀ါရီ ၁၀) က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထုိင္း ရဲမွဴးခ်ဳပ္ ခ်ာလမ္ကီရက္ သီရိဗုိရာခန္က ေျပာဆုိခဲ့ပါတယ္။ ဖမ္းမိမူးယစ္ေဆးျပားေတြမွာ ျမန္မာႏုိင္ငံ ၀ ေဒသမွာ ထုတ္လုပ္တဲ့ အမွတ္တံဆိပ္ေတြပါ၀င္တယ္လုိ ့ ဘန္ေကာက္ပုိ ့စ္ သတင္းမွာ ေဖာ္ျပပါတယ္။ 
ပထမျဖစ္စဥ္အျဖစ္ ေဖေဖာ္၀ါရီ ၇ ရက္ေန ့က မယ္ေဆြခရုိင္ သာကုိေဒသ စစ္ေဆးဂိတ္မွာ ပစ္ကပ္ကားတစ္စီးကုိ ဟန္ ့တားစစ္ေဆးစဥ္ မက္ေဆးျပား ၄.၄ သန္း ေတြ ့ရွိခဲ့ၿပီး ကားဒရုိင္ဘာကေတာ့ ထြက္ေျပးသြားခဲ့တယ္လုိ ့ ရဲက ဆုိပါတယ္။ ဒရုိင္ဘာကုိ လုိက္လံေျခရာခံဖမ္းဆီးရာမွာ တနဂၤေႏြေန ့က ဖရာ၀ုိ-၀င္ပါပုိ ကားလမ္းမွာ ဘတ္စ္ကားေစာင့္ေနတဲ့ ဗုိရာခ်တ္ ေလာ္ဟန္အမည္ရ ယင္း ဒရုိင္ဘာကုိ ဖမ္းဆီးရမိခဲ့တယ္လုိ ့ ဆုိပါတယ္။ 

 

“၀” ေဒသထုတ္ စိတ္ၾကြေဆးျပား ၆.၄ သန္းႏွင့္အတူ လူႏွစ္ဦးကုိ ဖမ္းဆီးရမိဟု ထုိင္းရဲ  ထုတ္ျပန္ 


ဒုတိယေျမာက္ ျဖစ္စဥ္အေနနဲ ့ တနဂၤေႏြေန ့ မနက္ ၇ နာရီခြဲေလာက္မွာ မယ္ေလာ္ခရုိင္ရွိ ပါေသာင္ စစ္ေဆးေရးဂိတ္မွာ ပစ္ကပ္ကားတစ္စီးကုိ ရပ္တန္ ့စစ္ေဆးစဥ္ ဆူသီ မန္ႏုိေရာင္ဆုိသူကုိ မက္ေဆးျပား ၂ သန္းနဲ ့အတူ ဖမ္းဆီးရမိခဲ့တယ္လုိ ့ ထုိင္းရဲက ေျပာပါတယ္။
ျဖစ္စဥ္ႏွစ္ခုစလုံးမွာ ဖမ္းဆီးရမိခဲ့သူေတြက ၄င္းတုိ ့ေတြဟာ ဒီေဆးျပားေတြကုိ ပုိ ့ေဆာင္ေပးဖုိ ့ ဌားရမ္းခံခဲ့ရသူေတြျဖစ္ေၾကာင္း ထြက္ဆုိခဲ့ၾကပါတယ္။ ဖမ္းမိေဆးျပားေတြမွာ ျမန္မာႏုိင္ငံ ၀ ေဒသထုတ္ ေဆးျပားေတြလုိ ့ ရည္ညႊန္းေနတဲ့ “999”၊ “y1” စတဲ့ အမွတ္အသားေတြ ရုိက္ႏွိပ္ထားေၾကာင္း သိရပါတယ္။ ရဲတပ္ဖြဲ ့အေနနဲ ့ မူးယစ္ေဆး၀ါး ကြန္ရက္ရဲ ့ စီစဥ္ခုိင္းေစသူေတြကုိ ဖမ္းဆီးႏုိင္ဖုိ ့ စုံစမ္းစစ္ေဆးမႈေတြ တုိးခ်ဲ ့လုပ္ေဆာင္ေနေၾကာင္း ရဲမွဴးခ်ဳပ္ ခ်ာလမ္ကီရက္က ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ 
- ကိုလင္း (အကုန္သိ သတင္း႒ာန)
 

Unicode version

“ဝ” ဒေသထုတ် စိတ်ကြွဆေးပြား ၆.၄ သန်းနှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိဟု ထိုင်းရဲ  ထုတ်ပြန် 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် နေရာနှစ်ခုမှာ စစ်ဆေးဖမ်းဆီးမှုလုပ်ခဲ့စဉ် မက်သာဖီတမင်း စိတ်ကြွမူးယစ်ဆေးပြား ၆.၄ သန်းနဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၁၀) က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း ရဲမှူးချုပ် ချာလမ်ကီရက် သီရိဗိုရာခန်က ပြောဆိုခဲ့ပါတယ်။ ဖမ်းမိမူးယစ်ဆေးပြားတွေမှာ မြန်မာနိုင်ငံ ၀ ဒေသမှာ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်တွေပါဝင်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ 
ပထမဖြစ်စဉ်အဖြစ် ဖေဖော်ဝါရီ ၇ ရက်နေ့က မယ်ဆွေခရိုင် သာကိုဒေသ စစ်ဆေးဂိတ်မှာ ပစ်ကပ်ကားတစ်စီးကို ဟန့်တားစစ်ဆေးစဉ် မက်ဆေးပြား ၄.၄ သန်း တွေ့ရှိခဲ့ပြီး ကားဒရိုင်ဘာကတော့ ထွက်ပြေးသွားခဲ့တယ်လို့ ရဲက ဆိုပါတယ်။ ဒရိုင်ဘာကို လိုက်လံခြေရာခံဖမ်းဆီးရာမှာ တနင်္ဂနွေနေ့က ဖရာဝို-ဝင်ပါပို ကားလမ်းမှာ ဘတ်စ်ကားစောင့်နေတဲ့ ဗိုရာချတ် လော်ဟန်အမည်ရ ယင်း ဒရိုင်ဘာကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 
ဒုတိယမြောက် ဖြစ်စဉ်အနေနဲ့ တနင်္ဂနွေနေ့ မနက် ၇ နာရီခွဲလောက်မှာ မယ်လော်ခရိုင်ရှိ ပါသောင် စစ်ဆေးရေးဂိတ်မှာ ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးစဉ် ဆူသီ မန်နိုရောင်ဆိုသူကို မက်ဆေးပြား ၂ သန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။
ဖြစ်စဉ်နှစ်ခုစလုံးမှာ ဖမ်းဆီးရမိခဲ့သူတွေက ၎င်းတို့တွေဟာ ဒီဆေးပြားတွေကို ပို့ဆောင်ပေးဖို့ ဌားရမ်းခံခဲ့ရသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ ဖမ်းမိဆေးပြားတွေမှာ မြန်မာနိုင်ငံ ၀ ဒေသထုတ် ဆေးပြားတွေလို့ ရည်ညွှန်းနေတဲ့ “999”၊ “y1” စတဲ့ အမှတ်အသားတွေ ရိုက်နှိပ်ထားကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ကွန်ရက်ရဲ့ စီစဉ်ခိုင်းစေသူတွေကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်နေကြောင်း ရဲမှူးချုပ် ချာလမ်ကီရက်က ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
- ကိုလင်း (အကုန်သိ သတင်းဋ္ဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။