Skip to main content
အေမရိကန္ရဲ ့ အကူအညီေတြဆုိတာ က်ဴးေက်ာ္စြက္ဖက္ဖုိ ့ အတိတ္နိမိတ္ဟု ဗင္နီဇြဲလား ဒုသမၼတ ေျပာ 
Ads Block

အေမရိကန္ရဲ ့ အကူအညီေတြဆုိတာ က်ဴးေက်ာ္စြက္ဖက္ဖုိ ့ အတိတ္နိမိတ္ဟု ဗင္နီဇြဲလား ဒုသမၼတ ေျပာ 

ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြနဲ ့ႏုိင္ငံရဲ ့စီးပြားေရးကုိ ပ်က္သုန္းေအာင္လုပ္ခဲ့တဲ့ အေမရိကန္က ယခုအခါ ဗင္နီဇြဲလားကုိ အကူအညီပစၥည္းေတြ ေပးပုိ ့ဖုိ ့ ဆုံးျဖတ္လုိက္တယ္ဆုိတာဟာ အေပၚယံဟန္ျပ သက္သက္သာျဖစ္ေၾကာင္း ဗင္နီဇြဲလား ဒုသမၼတ ဒဲလ္စီ ရုိဒရီဂြက္ဇ္က ေျပာဆုိလုိက္ပါတယ္။ သူမအေနနဲ ့ေတာ့ ဒီအကူအညီဆုိတာ က်ဴးေက်ာ္စြက္ဖက္ဖုိ ့ အတိတ္နိမိတ္လုိ ့ပဲ ယုံၾကည္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။ 
အေမရိကန္ဟာ ဗင္နီဇြဲလားကုိ က်ဴးေက်ာ္ခြင့္ရမယ့္ အေျခအေနေတြ ဖန္တီးဖုိ ့ လုပ္ေနတယ္လုိ ့ ရုိဒရီဂြက္ဇ္က ေျပာဆုိခဲ့ကာ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေတြ ေပးပုိ ့ဖုိ ့ ဆုံးျဖတ္ခဲ့တဲ့ ၀ါရွင္တန္အေပၚ ထုိးႏွက္ေ၀ဖန္ခဲ့ပါတယ္။ ကုိယ့္ကုိကုိယ္ ၾကားျဖတ္သမၼတလုိ ့ ေၾကညာခဲ့တဲ့ အတုိက္အခံေခါင္းေဆာင္ ဂ်ဴအန္ဂုိင္ဒုိရဲ ့ ေတာင္းဆုိခ်က္အရ အေမရိကန္က အကူအညီေပးပုိ ့ဖုိ ့ ဆုံးျဖတ္ခဲ့တာပါ။ ၀ါရွင္တန္ဟာ ဗင္နီဇြဲလားႏုိင္ငံရဲ ့ အေျခအေန ပ်က္စီးယုိယြင္းေနၿပီဆုိတဲ့ အျမင္ေတြျဖစ္လာေစဖုိ ့လုပ္ေဆာင္ေနေၾကာင္း၊ မိမိႏုိင္ငံဟာ စီးပြားေရးနဲ ့လူမႈေရးဆုိင္ရာ ခက္ခက္ခဲခဲ ရုန္းကန္ေနရတယ္ဆုိေသာ္ျငား လူသားခ်င္းစာနာမႈအက်ပ္အတည္းႀကီးအတြင္း လုံးလုံး က်ေရာက္ေနျခင္းမဟုတ္သလုိ ၀ါရွင္တန္ရဲ ့ ဘယ္လုိအကူအညီမ်ဳိးမွ လုိအပ္တဲ့အေနအထားမဟုတ္ေၾကာင္း သူက ေျပာဆုိခဲ့ပါတယ္။ 
“ ဒီ လူသားခ်င္း စာနာမႈအကူအညီဆုိတာ အလိမ္အညာပါ” လုိ ့ သူက ဆုိခဲ့ကာ အေမရိကန္ရဲ ့ စီးပြားေရးပိတ္ဆုိ ့မႈဒဏ္ေၾကာင့္ ဗင္နီဇြဲလား လူမႈအသုိင္းအ၀ုိင္းဟာ ဒဏ္ရာအနာတရျဖစ္ခဲ့ရေၾကာင္း ေျပာခဲ့ပါတယ္။ ဗင္နီဇြဲလားမွာ အစုိးရနဲ ့ အတုိက္အခံအၾကား အမ်ဳိးသားေရး ေစ့စပ္ေဆြးေႏြးမႈတစ္ခု လုိအပ္ေနၿပီး ဒါကုိ အေမရိကန္က ကဖ်က္ကယက္လုပ္ေနတယ္လုိ ့လည္း သူက ဆုိပါတယ္။ စစ္မျဖစ္ခ်င္ေၾကာင္း ေစ့စပ္ေဆြးေႏြးလုိေၾကာင္း မိမိတုိ ့ ေျပာဆုိထားေပမယ့္ မိမိႏုိင္ငံဟာ အေမရိကန္ရဲ ့ ႏုိင္ငံေရးနဲ ့အုိင္ဒီယုိေလာ္ဂ်ီပုိင္းဆုိင္ရာ အလုံးစုံ ျငင္းပယ္မႈနဲ ့ရင္ဆုိင္ေနရတယ္လုိ ့ ဆုိခဲ့ပါတယ္။ ဒါ့အျပင္ ဂုိင္ဒုိ ဦးေဆာင္တဲ့ အတုိက္အခံေတြကုိ ၀ါရွင္တန္က တုိက္ရုိက္ အမိန္ ့ေပးညႊန္ၾကားေနတယ္လုိ ့လည္း သူက စြပ္စြဲခဲ့ပါတယ္။ 

 

အေမရိကန္ရဲ ့ အကူအညီေတြဆုိတာ က်ဴးေက်ာ္စြက္ဖက္ဖုိ ့ အတိတ္နိမိတ္ဟု ဗင္နီဇြဲလား ဒုသမၼတ ေျပာ 

 

သမၼတ မာဒူရုိကုိ ျဖဳတ္ခ်ဖုိ ့အတြက္ သူ ့အေနနဲ ့ ႏုိင္ငံျခား စစ္တပ္တစ္ခုကုိ က်ဴးေက်ာ္စြက္ဖက္ခြင့္ျပဳဖုိ ့ အလားအလာရွိေနေၾကာင္း အတုိက္အခံေခါင္းေဆာင္ ဂုိင္ဒုိက ေျပာၾကားအၿပီး ေနာက္တစ္ရက္မွာ ဒုသမၼတက အခုလုိ ေျပာဆုိလာခဲ့တာျဖစ္ပါတယ္။ မာဒူရုိအေနနဲ ့ ကုိယ့္ဆႏၵအတုိင္း ရာထူးက ဆင္းေပးဖုိ ့ျငင္းပယ္ေနမယ္ဆုိရင္ စစ္ေရးအရ စြက္ဖက္မယ့္အေရးကုိ ခ်န္လွပ္ထားမွာမဟုတ္ေၾကာင္းနဲ ့ဗင္နီဇြဲလားမွာ ဒီမုိကရက္တစ္ ႏုိင္ငံေရး အသြင္းကူးေျပာင္းမႈတစ္ခုကုိ ပုံေဖာ္သြားမွာျဖစ္ေၾကာင္း အေမရိကန္က ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ခန္ ့မွာ ပြင့္ပြင့္လင္းလင္း ေျပာဆုိထားခဲ့ပါတယ္။
- ကိုလင္း (အကုန္သိ သတင္း႒ာန) | Ref:RT 

 

Unicode version

အမေရိကန်ရဲ့ အကူအညီတွေဆိုတာ ကျူးကျော်စွက်ဖက်ဖို့ အတိတ်နိမိတ်ဟု ဗင်နီဇွဲလား ဒုသမ္မတ ပြော 

ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့နိုင်ငံရဲ့စီးပွားရေးကို ပျက်သုန်းအောင်လုပ်ခဲ့တဲ့ အမေရိကန်က ယခုအခါ ဗင်နီဇွဲလားကို အကူအညီပစ္စည်းတွေ ပေးပို့ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာဟာ အပေါ်ယံဟန်ပြ သက်သက်သာဖြစ်ကြောင်း ဗင်နီဇွဲလား ဒုသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ်က ပြောဆိုလိုက်ပါတယ်။ သူမအနေနဲ့တော့ ဒီအကူအညီဆိုတာ ကျူးကျော်စွက်ဖက်ဖို့ အတိတ်နိမိတ်လို့ပဲ ယုံကြည်ကြောင်းလည်း ဆိုခဲ့ပါတယ်။ 
အမေရိကန်ဟာ ဗင်နီဇွဲလားကို ကျူးကျော်ခွင့်ရမယ့် အခြေအနေတွေ ဖန်တီးဖို့ လုပ်နေတယ်လို့ ရိုဒရီဂွက်ဇ်က ပြောဆိုခဲ့ကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဝါရှင်တန်အပေါ် ထိုးနှက်ဝေဖန်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ကြားဖြတ်သမ္မတလို့ ကြေညာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂိုင်ဒိုရဲ့ တောင်းဆိုချက်အရ အမေရိကန်က အကူအညီပေးပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဝါရှင်တန်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေ ပျက်စီးယိုယွင်းနေပြီဆိုတဲ့ အမြင်တွေဖြစ်လာစေဖို့လုပ်ဆောင်နေကြောင်း၊ မိမိနိုင်ငံဟာ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်ဆိုသော်ငြား လူသားချင်းစာနာမှုအကျပ်အတည်းကြီးအတွင်း လုံးလုံး ကျရောက်နေခြင်းမဟုတ်သလို ဝါရှင်တန်ရဲ့ ဘယ်လိုအကူအညီမျိုးမှ လိုအပ်တဲ့အနေအထားမဟုတ်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။ 
“ ဒီ လူသားချင်း စာနာမှုအကူအညီဆိုတာ အလိမ်အညာပါ” လို့ သူက ဆိုခဲ့ကာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် ဗင်နီဇွဲလား လူမှုအသိုင်းအဝိုင်းဟာ ဒဏ်ရာအနာတရဖြစ်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။ ဗင်နီဇွဲလားမှာ အစိုးရနဲ့ အတိုက်အခံအကြား အမျိုးသားရေး စေ့စပ်ဆွေးနွေးမှုတစ်ခု လိုအပ်နေပြီး ဒါကို အမေရိကန်က ကဖျက်ကယက်လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။ စစ်မဖြစ်ချင်ကြောင်း စေ့စပ်ဆွေးနွေးလိုကြောင်း မိမိတို့ ပြောဆိုထားပေမယ့် မိမိနိုင်ငံဟာ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့အိုင်ဒီယိုလော်ဂျီပိုင်းဆိုင်ရာ အလုံးစုံ ငြင်းပယ်မှုနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂိုင်ဒို ဦးဆောင်တဲ့ အတိုက်အခံတွေကို ဝါရှင်တန်က တိုက်ရိုက် အမိန့်ပေးညွှန်ကြားနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ 
သမ္မတ မာဒူရိုကို ဖြုတ်ချဖို့အတွက် သူ့အနေနဲ့ နိုင်ငံခြား စစ်တပ်တစ်ခုကို ကျူးကျော်စွက်ဖက်ခွင့်ပြုဖို့ အလားအလာရှိနေကြောင်း အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုက ပြောကြားအပြီး နောက်တစ်ရက်မှာ ဒုသမ္မတက အခုလို ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ မာဒူရိုအနေနဲ့ ကိုယ့်ဆန္ဒအတိုင်း ရာထူးက ဆင်းပေးဖို့ငြင်းပယ်နေမယ်ဆိုရင် စစ်ရေးအရ စွက်ဖက်မယ့်အရေးကို ချန်လှပ်ထားမှာမဟုတ်ကြောင်းနဲ့ဗင်နီဇွဲလားမှာ ဒီမိုကရက်တစ် နိုင်ငံရေး အသွင်းကူးပြောင်းမှုတစ်ခုကို ပုံဖော်သွားမှာဖြစ်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ပါတယ်။
- ကိုလင်း (အကုန်သိ သတင်းဋ္ဌာန) | Ref:RT 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။