Skip to main content
ရန္လုိေနတဲ့ ပုိလာ၀က္၀ံ ဒါဇင္မ်ားစြာ နယ္က်ဴးလာမႈေၾကာင့္ ရုရွား အာတိတ္ကၽြန္းေဒသတစ္ခုတြင္ အေရးေပၚ အေျခအေန ထုတ္ျပန္ 
Ads Block

ရန္လုိေနတဲ့ ပုိလာ၀က္၀ံ ဒါဇင္မ်ားစြာ နယ္က်ဴးလာမႈေၾကာင့္ ရုရွား အာတိတ္ကၽြန္းေဒသတစ္ခုတြင္ အေရးေပၚ အေျခအေန ထုတ္ျပန္ 

ရန္လုိ ေဒါသႀကီးေနတဲ့ ပုိလာ၀က္၀ံ ဒါဇင္မ်ားစြာ လူေနအိမ္ေတြ အစုိးရအေဆာက္အအုံေတြထဲ ၀င္ေရာက္ကာ နယ္က်ဴးလာမႈေၾကာင့္ ရုရွားရဲ ့ အာတိတ္ကၽြန္းေဒသတစ္ခုမွာ စေနေန ့(ေဖေဖာ္၀ါရီ ၉) က အေရးေပၚ အေျခအေနေၾကညာလုိက္ေၾကာင္း သိရပါတယ္။  
လူဦးေရ ၃ ေသာင္းေလာက္ ေနထုိင္တဲ့ ရုရွားရဲ ့ အေရွ ့ေျမာက္ပုိင္းစြန္းက ႏုိဗာယာ ဇမ္လယာကၽြန္းမွာ လူေနဧရိယာေတြဆီကုိ ၀က္၀ံေတြ အလုံးအရင္းနဲ ့ က်ဴးေက်ာ္လာမႈကုိ ကုိင္တြယ္ေျဖရွင္းႏုိင္ေရးအတြက္ အကူအညီေပးၾကဖုိ ့ ေမတၱာရပ္ခံပါေၾကာင္း ေဒသဆုိင္ရာအာဏာပုိင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။ ၀က္၀ံေတြကို ပစ္ခတ္ခြင့္မျပဳဘူးလုိ ့ ရုရွားအာဏာပုိင္ေတြ ဆုိခဲ့ေပမယ့္ အေျခအေနေတြကုိ စစ္ေဆးဖုိ ့ ေကာ္မရွင္အဖြဲ ့တစ္ဖြဲ ့ေစလႊတ္သြားမွာျဖစ္ကာ ယင္းအဖြဲ ့က ၀က္၀ံေတြကုိ ေရြးခ်ယ္သုတ္သင္မႈ လုပ္ေကာင္းလုပ္ႏုိင္တယ္လုိ ့ဆုိပါတယ္။ 
ကမာၻႀကီးပူေႏြးလာမႈနဲ ့ အာတိတ္ေရခဲျပင္ေတြ အရည္ေပ်ာ္လာမႈျဖစ္စဥ္ေတြဟာ ပုိလာ၀က္၀ံေတြအေပၚ သက္ေရာက္ခဲ့ၿပီး ၀က္၀ံေတြဟာ ကုန္းေျမေတြေပၚမွာေနရတဲ့ အခ်ိန္ေတြပုိရွည္လာခဲ့ရပါတယ္။ ဒီအတြက္ ကုန္းေျမေတြေပၚမွာ အစာအတြက္ ရန္ေစာင္ ဘက္ၿပဳိင္မႈေတြ ျဖစ္လာခဲ့ပါတယ္။ ရုရွားမွာေတာ့ ယင္း ၀က္၀ံေတြကုိ မ်ဳိးသုန္းေပ်ာက္ကြယ္ဖုိ ့ အႏၱရာယ္ရွိ မ်ဳိးစိတ္ေတြအျဖစ္ သတ္မွတ္ထားကာ ၄င္းတုိ ့ကုိ အမဲလုိက္သတ္ျဖတ္ျခင္း မျပဳဖုိ ့ တားျမစ္ထားပါတယ္။ ရုရွားရဲ ့ ေလတပ္နဲ ့ေလေၾကာင္း ကာကြယ္ေရးတပ္ဖြဲ ့ေတြ ႏုိဗာယာ ဇမ္လယာကၽြန္းမွာ အေျခစုိက္ထားပါတယ္။ 
ဒီဇင္ဘာလမွစကာ ပုိလာ၀က္၀ံ ၅၂ ႏွစ္ေကာင္ဟာ ကၽြန္းေပၚက အဓိက လူေနရပ္ကြက္ ဘီလူရွာ ဂူဘာကို ပုံမွန္လုိလုိ လာေရာက္ခဲ့ၾကကာ ၄င္းတုိ ့ထဲက အခ်ဳိ ့အေကာင္ေတြဟာ ရန္လုိတဲ့ အျပဳအမူေတြ လုပ္ေဆာင္ခဲ့ၾကတယ္လုိ ့ ေဒသဆုိင္ရာ အရာရွိတစ္ဦးျဖစ္သူ အလက္ဇျႏၵား မီနာယက္ဗ္က ေျပာဆုိပါတယ္။ ၄င္းတုိ ့ေတြဟာ လူေတြကုိ တုိက္ခုိက္ျခင္း၊ လူေနအိမ္နဲ ့အစုိးရအေဆာက္အအုံေတြထဲ ၀င္ေရာက္ျခင္း စတဲ့ရန္လုိမႈေတြ လုပ္ခဲ့ၾကေၾကာင္း ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ ့ရဲ ့ ဒုတိယ အႀကီးအကဲလည္းျဖစ္သူ မီနာယက္ဗ္က ေျပာဆုိခဲ့ပါတယ္။ 
“၀က္၀ံ ၆ ေကာင္နဲ ့၁၀ ေကာင္၀န္းက်င္ေလာက္က လူေနအိမ္ရာထဲ အတည္တက်ေနထုိင္ေနပါတယ္” လုိ ့ ၄င္းက ဆုိပါတယ္။ “လူေတြ ေၾကာက္ေနၾကပါတယ္။ သူတုိ ့အိမ္ေတြကုိ စြန္ ့ခဲ့ရမွာလည္း စုိးရိမ္ပါတယ္။ ကေလးေတြကုိ စာသင္ေက်ာင္းေတြဆီ လႊတ္ဖုိ ့လည္း လန္ ့ေနၾကပါတယ္”။ 
ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ ့ အႀကီးအကဲ ဇီဂန္ရွာ မူစင္ကေတာ့ ၀က္၀ံေတြ ဒီေလာက္အေကာင္ေရမ်ားစြာ ေရာက္ရွိလာတာမ်ဳိး တစ္ခါမွ မႀကဳံဘူးေသးေၾကာင္း ေျပာဆုိခဲ့ပါတယ္။ 
 - ကိုလင္း (အကုန္သိ သတင္း႒ာန) | Ref:CNA
 

Unicode version

ရန်လိုနေတဲ့ ပိုလာဝက်ဝံ ဒါဇင်များစွာ နယ်ကျူးလာမှုကြောင့် ရုရှား အာတိတ်ကျွန်းဒေသတစ်ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် 

ရန်လို ဒေါသကြီးနေတဲ့ ပိုလာဝက်ဝံ ဒါဇင်များစွာ လူနေအိမ်တွေ အစိုးရအဆောက်အအုံတွေထဲ ဝင်ရောက်ကာ နယ်ကျူးလာမှုကြောင့် ရုရှားရဲ့ အာတိတ်ကျွန်းဒေသတစ်ခုမှာ စနေနေ့(ဖေဖော်ဝါရီ ၉) က အရေးပေါ် အခြေအနေကြေညာလိုက်ကြောင်း သိရပါတယ်။  
လူဦးရေ ၃ သောင်းလောက် နေထိုင်တဲ့ ရုရှားရဲ့ အရှေ့မြောက်ပိုင်းစွန်းက နိုဗာယာ ဇမ်လယာကျွန်းမှာ လူနေဧရိယာတွေဆီကို ဝက်ဝံတွေ အလုံးအရင်းနဲ့ ကျူးကျော်လာမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အကူအညီပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဝက်ဝံတွေကို ပစ်ခတ်ခွင့်မပြုဘူးလို့ ရုရှားအာဏာပိုင်တွေ ဆိုခဲ့ပေမယ့် အခြေအနေတွေကို စစ်ဆေးဖို့ ကော်မရှင်အဖွဲ့တစ်ဖွဲ့စေလွှတ်သွားမှာဖြစ်ကာ ယင်းအဖွဲ့က ဝက်ဝံတွေကို ရွေးချယ်သုတ်သင်မှု လုပ်ကောင်းလုပ်နိုင်တယ်လို့ဆိုပါတယ်။ 
ကမ္ဘာကြီးပူနွေးလာမှုနဲ့ အာတိတ်ရေခဲပြင်တွေ အရည်ပျော်လာမှုဖြစ်စဉ်တွေဟာ ပိုလာဝက်ဝံတွေအပေါ် သက်ရောက်ခဲ့ပြီး ဝက်ဝံတွေဟာ ကုန်းမြေတွေပေါ်မှာနေရတဲ့ အချိန်တွေပိုရှည်လာခဲ့ရပါတယ်။ ဒီအတွက် ကုန်းမြေတွေပေါ်မှာ အစာအတွက် ရန်စောင် ဘက်ပြိုင်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ရုရှားမှာတော့ ယင်း ဝက်ဝံတွေကို မျိုးသုန်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိ မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားကာ ၎င်းတို့ကို အမဲလိုက်သတ်ဖြတ်ခြင်း မပြုဖို့ တားမြစ်ထားပါတယ်။ ရုရှားရဲ့ လေတပ်နဲ့လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေ နိုဗာယာ ဇမ်လယာကျွန်းမှာ အခြေစိုက်ထားပါတယ်။ 
ဒီဇင်ဘာလမှစကာ ပိုလာဝက်ဝံ ၅၂ နှစ်ကောင်ဟာ ကျွန်းပေါ်က အဓိက လူနေရပ်ကွက် ဘီလူရှာ ဂူဘာကို ပုံမှန်လိုလို လာရောက်ခဲ့ကြကာ ၎င်းတို့ထဲက အချို့အကောင်တွေဟာ ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ အလက်ဇန္ဒြား မီနာယက်ဗ်က ပြောဆိုပါတယ်။ ၎င်းတို့တွေဟာ လူတွေကို တိုက်ခိုက်ခြင်း၊ လူနေအိမ်နဲ့အစိုးရအဆောက်အအုံတွေထဲ ဝင်ရောက်ခြင်း စတဲ့ရန်လိုမှုတွေ လုပ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒုတိယ အကြီးအကဲလည်းဖြစ်သူ မီနာယက်ဗ်က ပြောဆိုခဲ့ပါတယ်။ 
“ဝက်ဝံ ၆ ကောင်နဲ့၁၀ ကောင်ဝန်းကျင်လောက်က လူနေအိမ်ရာထဲ အတည်တကျနေထိုင်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။ “လူတွေ ကြောက်နေကြပါတယ်။ သူတို့အိမ်တွေကို စွန့်ခဲ့ရမှာလည်း စိုးရိမ်ပါတယ်။ ကလေးတွေကို စာသင်ကျောင်းတွေဆီ လွှတ်ဖို့လည်း လန့်နေကြပါတယ်”။ 
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဇီဂန်ရှာ မူစင်ကတော့ ဝက်ဝံတွေ ဒီလောက်အကောင်ရေများစွာ ရောက်ရှိလာတာမျိုး တစ်ခါမှ မကြုံဘူးသေးကြောင်း ပြောဆိုခဲ့ပါတယ်။ 
 - ကိုလင်း (အကုန်သိ သတင်းဋ္ဌာန) | Ref:CNA
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။