Skip to main content
ႏုိင္ငံေရးပါတီ၀င္မ်ား ရန္ကုန္စည္ပင္ေရြးေကာက္ပြဲ၀င္ၿပိဳင္ျခင္းသည္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒႏွင့္ၿငိစြန္းဟု ေဇာတိကဦးခင္လႈိင္ ေ၀ဖန္ 
Ads Block

ႏုိင္ငံေရးပါတီ၀င္မ်ား ရန္ကုန္စည္ပင္ေရြးေကာက္ပြဲ၀င္ၿပိဳင္ျခင္းသည္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒႏွင့္ၿငိစြန္းဟု ေဇာတိကဦးခင္လႈိင္ ေ၀ဖန္ 

ႏုိင္ငံေရးပါတီ၀င္မ်ားအေနျဖင့္ ရန္ကုန္စည္ပင္ေရြးေကာက္ပြဲ၀င္ၿပိဳင္ျခင္းသည္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဥပေဒႏွင့္ၿငိစြန္းေနၿပီး ၀င္ၿပိဳင္ခြင့္မရွိေၾကာင္း ေဇာတိကဦးခင္လႈိင္က ေျပာလိုက္သည္။ 
ရန္ကုန္ၿမိဳ႕ရွိ Orchid ဟိုတယ္တြင္ ေဖေဖၚ၀ါရီလ ၁၀ ရက္ကက်င္းပေသာ ေရေႏြးၾကမ္းစကား၀ုိင္းအၿပီးတြင္ အကုန္သိသတင္းဌာနသုိ႔ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 

ႏုိင္ငံေရးပါတီ၀င္မ်ား ရန္ကုန္စည္ပင္ေရြးေကာက္ပြဲ၀င္ၿပိဳင္ျခင္းသည္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒႏွင့္ၿငိစြန္းဟု ေဇာတိကဦးခင္လႈိင္ ေ၀ဖန္ 


“ဒါက ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒအရေရာ၊ ႏုိင္ငံေရးပါတီမ်ားနည္းဥပေဒအရေရာ ၿငိ္စြန္းေနတယ္။ ဘာျဖစ္လုိ႔လဲ။ ႏုိင္ငံေရးပါတီဆုိတာ ျပည္သူ႔လႊတ္ေတာ္ ၊ အမ်ိဳးသားလႊတ္ေတာ္၊ တုိင္းေဒသႀကီးနဲ႔ျပည္နယ္လႊတ္ေတာ္၊ ဒါေတြနဲ႔ပဲဆုိင္တယ္။ ဒါကဥပေဒမွာလည္းပါၿပီးသား။ အခုက ျပည္သူ႔ပုိက္ဆံနဲ႔က်င္းပမယ့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္ေရြးေကာက္ပြဲမွာ ပါတီကလူေတြပါထည့္ဦးမယ္ဆုိေတာ့ ဒါကတကယ္လုိ႔ေရြးေကာက္ပြဲမွာ ႏုိင္သြားလည္းရႈံးမွာပဲ။ ေရြးေကာက္ပြဲတရားမဲ့ျပဳက်င့္မႈဥပေဒနဲ႔ ျပန္ၿငိတယ္။ အခုက ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ကေျပာလုိ႔ ျပန္ျပင္ၿပီးေရြးေကာက္ပြဲမွာ ပါတီကလူေတြ၀င္ၿပဳိင္လုိ႔ရတယ္ဆုိတာမဟုတ္ဘူးေလ။ ဥပေဒအတုိင္းပဲ ျဖစ္ရမယ္’’ ဟု ေဇာတိကဦးခင္လႈိင္က ေျပာသည္။
ဦးခင္လႈိင္ေဇာတိကသည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၀င္ေရြးေကာက္ပြဲအတြက္ ကုိယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းထားသူတစ္ဦးျဖစ္သည္။ 
ရန္ကုန္စည္ပင္ေရြးေကာက္ပြဲကို ၂၀၁၉ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္က်င္းပမည္ျဖစ္ကာ မဲဲဆႏၵနယ္ ၆ ေနရာ အတြက္ ေရြးခ်ယ္မည္ျဖစ္ကာ ၄င္းတုိ႔အနက္ ဒုတိယၿမိဳ႕ေတာ္၀န္ျပန္လည္ေရြးခ်ယ္ခန္႔အပ္မည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလဆန္းပုိင္း၌ ရန္ကုန္စည္ပင္သာယာေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေအာင္ခုိင္မွ ႏုိင္ငံေရးပါတီ၀င္မ်ား ၀င္ေရာက္ေရြးခ်ယ္ပုိင္ခြင့္မရွိဟုေျပာၾကားခဲ့ေသာ္လည္း ရန္ကုန္တုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္မွ ႏုိင္ငံေရးပါတီမ်ား၀င္ေရာက္ယွဥ္ႏုိင္ရန္စီစဥ္ေပးမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာတြင္လည္းထုိနည္းလည္းေကာင္းပင္ျဖစ္သည္ဟု ေျပာၾကားခဲ့ၿပီးေနာက္ ႏုိင္ငံေရးပါတီ၀င္မ်ား ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

နိုင်ငံရေးပါတီဝင်များ ရန်ကုန်စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်ငြိစွန်းဟု ဇောတိကဦးခင်လှိုင် ဝေဖန် 
နိုင်ငံရေးပါတီဝင်များအနေဖြင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့်ငြိစွန်းနေပြီး ဝင်ပြိုင်ခွင့်မရှိကြောင်း ဇောတိကဦးခင်လှိုင်က ပြောလိုက်သည်။ 
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်ကကျင်းပသော ရေနွေးကြမ်းစကားဝိုင်းအပြီးတွင် အကုန်သိသတင်းဌာနသို့ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ဒါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရရော၊ နိုင်ငံရေးပါတီများနည်းဥပဒေအရရော ငြိစွန်းနေတယ်။ ဘာဖြစ်လို့လဲ။ နိုင်ငံရေးပါတီဆိုတာ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်၊ ဒါတွေနဲ့ပဲဆိုင်တယ်။ ဒါကဥပဒေမှာလည်းပါပြီးသား။ အခုက ပြည်သူ့ပိုက်ဆံနဲ့ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲမှာ ပါတီကလူတွေပါထည့်ဦးမယ်ဆိုတော့ ဒါကတကယ်လို့ရွေးကောက်ပွဲမှာ နိုင်သွားလည်းရှုံးမှာပဲ။ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဥပဒေနဲ့ ပြန်ငြိတယ်။ အခုက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောလို့ ပြန်ပြင်ပြီးရွေးကောက်ပွဲမှာ ပါတီကလူတွေဝင်ပြိုင်လို့ရတယ်ဆိုတာမဟုတ်ဘူးလေ။ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်’’ ဟု ဇောတိကဦးခင်လှိုင်က ပြောသည်။
ဦးခင်လှိုင်ဇောတိကသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူတစ်ဦးဖြစ်သည်။ 
ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင်ကျင်းပမည်ဖြစ်ကာ မဲဆန္ဒနယ် ၆ နေရာ အတွက် ရွေးချယ်မည်ဖြစ်ကာ ၎င်းတို့အနက် ဒုတိယမြို့တော်ဝန်ပြန်လည်ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်း၌ ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်မှ နိုင်ငံရေးပါတီဝင်များ ဝင်ရောက်ရွေးချယ်ပိုင်ခွင့်မရှိဟုပြောကြားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံရေးပါတီများဝင်ရောက်ယှဉ်နိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် နိုင်ငံရေးပါတီဝင်များ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။