Skip to main content
၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရး ျပည္လုံးကြ်တ္ဆႏၵခံယူပြဲ က်င္းပသင့္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးလွသိန္း ေျပာ
Ads Block

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရး ျပည္လုံးကြ်တ္ဆႏၵခံယူပြဲ က်င္းပသင့္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးလွသိန္း ေျပာ

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပသင့္ေၾကာင္း ျပည္ေထာင္စု ၾကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ဗဟုိအလုပ္အမႈေဆာင္ဦးလွသိန္းက ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ Orchid ဟိုတယ္တြင္ ေဖေဖၚ၀ါရီလ ၁၀ ရက္က က်င္းပေသာ “ ရပ္ရြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစုိးမုိးေရးသည္ မူလပထမျဖစ္သည္” ေခါင္းစဥ္ျဖင့္ ေရေႏြးၾကမ္းစကား၀ုိင္းတြင္ ယခုကဲ့သို႔ ေျပာျခင္း ျဖစ္သည္။

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရး ျပည္လုံးကြ်တ္ဆႏၵခံယူပြဲ က်င္းပသင့္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးလွသိန္း ေျပာ

 
“ ျပည္သူအားလုံးပုိင္တဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ျပည္သူအားလုံးေထာက္ခံထားတဲ့ဥပေဒကုိ ျပည္သူအားလုံးနဲ႔ ဆုိင္တဲ့အတြက္ေၾကာင့္ ျပည္သူ႔ဆီကဆင္းသက္လာတဲ့အတြက္ေၾကာင့္ ျပည္သူရဲ႕ဆႏၵခံယူပြဲျပန္လုပ္မယ္ ဆုိရင္ေတာ့ ပုိေကာင္းပါတယ္။ ျပင္မယ္လုိ႔သုံးလုိက္တာနဲ႔ျပင္ဆင္တဲ့ဥပေဒအတုိင္းသြားပါ။ တကယ္လုိ႔ ေလ့လာသုံးသပ္မယ္ဆုိရင္ေတာ့ လႊတ္ေတာ္မွာေကာ္မတီတစ္ရပ္ဖြဲ႔ပါ။ ျပည္သူအားလုံးပါတဲ့ တတ္သိပညာရွင္ေတြပါတဲ့၊ ပညာရွင္ေတြ၊ တကယ့္ေတာ္တဲ့သူေတြ၊ ျပည္တြင္းေရာ၊ ျပည္ပေရာေခၚၿပီးေတာ့မွ ဒါသည္ ျပည္သူအတြက္ဘာျဖစ္လဲ။ ဘယ္ေလာက္ဆုိးက်ိဳးျဖစ္သလဲ။ ေသခ်ာသုံးသပ္ၿပီးေတာ့မွ ျပည္သူကုိလည္း ခ်ျပၿပီးေတာ့မွ ဒါေၾကာင့္ဒါတင္တယ္ဆုိရင္ေတာ့အက်ိဳးရွိမွာပါ’’ ဟု ျပည္ေထာင္စု ၾကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ဗဟုိအလုပ္အမႈေဆာင္ဦးလွသိန္းက ေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရး ျပည္လုံးကြ်တ္ဆႏၵခံယူပြဲ က်င္းပသင့္ဟု ျပည္ခုိင္ၿဖိဳးပါတီမွ ဦးလွသိန္း ေျပာ


၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအေရးႀကီးအဆုိကို NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ဇန္န၀ါရီလ ၂၉ ရက္၌ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔တင္သြင္းခဲ့ၿပီး တပ္မေတာ္သား ကုိယ္စားလွယ္အပါအ၀င္ ျပည္ခုိင္ၿဖဳိးပါတီကုိယ္စားလွယ္တုိ႔မွ အဆုိကို ကန္႔ကြက္ခဲ့သည္။
သို႔ေသာ္ လက္ရွိတြင္ ဖြဲ႔စည္းပုံျပင္ဆင္ေရးေကာ္မတီအား လူေလးဆယ္ေက်ာ္ပါ၀င္ကာဖြဲ႔စည္းခဲ့ေၾကာင္း သိရသည္။
“ ဖြဲ႔စည္းပုံကုိျပင္ဆင္ေရးဆုိတာမွာ ဘယ္လုိျပင္ရမယ္ဆုိတာကုိ အခန္း- ၁၂မွာ အကုန္ျပ႒ာန္းၿပီးသား ျဖစ္ပါတယ္။ အဲဒီလုိပဲျဖစ္ေစခ်င္ပါတယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒဟာ ႏုိင္ငံေတာ္ကေနၿပီးေတာ့ ၉၂ ဒႆမ ၄၇ ရာခုိင္နႈန္းက ေထာက္ခံထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဒါႏုိင္ငံသားအားလုံးနဲ႔ဆုိင္တဲ့ ဥပေဒတစ္ခုျဖစ္တယ္’’ဟု ဦးလွသိန္းက ဆက္ေျပာသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္းႏွင့္ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ျပ႒ာန္းထားၿပီး  ၄င္းဥပေဒကုိ ၂၀၀၈ ခုႏွစ္၊ ေမလ ၁၀ ရက္တြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲႀကီးမွဆႏၵမဲမ်ားရယူခဲ့ၿပီး ေထာက္ခံသူ လူဦးေရ ၂၀၇၈၆၅၉၆ ဦးရွိခဲ့ၿပီးေထာက္ခံသည့္ရာခုိင္နႈန္း ၉၂ ဒႆမ ၄ ရာခုိင္နႈန္းျဖစ္သည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသင့်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးလှသိန်း ပြော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်က ကျင်းပသော “ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မူလပထမဖြစ်သည်” ခေါင်းစဉ်ဖြင့် ရေနွေးကြမ်းစကားဝိုင်းတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ 
“ ပြည်သူအားလုံးပိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအားလုံးထောက်ခံထားတဲ့ဥပဒေကို ပြည်သူအားလုံးနဲ့ ဆိုင်တဲ့အတွက်ကြောင့် ပြည်သူ့ဆီကဆင်းသက်လာတဲ့အတွက်ကြောင့် ပြည်သူရဲ့ဆန္ဒခံယူပွဲပြန်လုပ်မယ် ဆိုရင်တော့ ပိုကောင်းပါတယ်။ ပြင်မယ်လို့သုံးလိုက်တာနဲ့ပြင်ဆင်တဲ့ဥပဒေအတိုင်းသွားပါ။ တကယ်လို့ လေ့လာသုံးသပ်မယ်ဆိုရင်တော့ လွှတ်တော်မှာကော်မတီတစ်ရပ်ဖွဲ့ပါ။ ပြည်သူအားလုံးပါတဲ့ တတ်သိပညာရှင်တွေပါတဲ့၊ ပညာရှင်တွေ၊ တကယ့်တော်တဲ့သူတွေ၊ ပြည်တွင်းရော၊ ပြည်ပရောခေါ်ပြီးတော့မှ ဒါသည် ပြည်သူအတွက်ဘာဖြစ်လဲ။ ဘယ်လောက်ဆိုးကျိုးဖြစ်သလဲ။ သေချာသုံးသပ်ပြီးတော့မှ ပြည်သူကိုလည်း ချပြပြီးတော့မှ ဒါကြောင့်ဒါတင်တယ်ဆိုရင်တော့အကျိုးရှိမှာပါ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအရေးကြီးအဆိုကို NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်အပါအဝင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့မှ အဆိုကို ကန့်ကွက်ခဲ့သည်။
သို့သော် လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအား လူလေးဆယ်ကျော်ပါဝင်ကာဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“ ဖွဲ့စည်းပုံကိုပြင်ဆင်ရေးဆိုတာမှာ ဘယ်လိုပြင်ရမယ်ဆိုတာကို အခန်း- ၁၂မှာ အကုန်ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ အဲဒီလိုပဲဖြစ်စေချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ကနေပြီးတော့ ၉၂ ဒဿမ ၄၇ ရာခိုင်နှုန်းက ထောက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် ဒါနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ ဥပဒေတစ်ခုဖြစ်တယ်’’ဟု ဦးလှသိန်းက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်းနှင့် ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ပြဋ္ဌာန်းထားပြီး  ၎င်းဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးမှဆန္ဒမဲများရယူခဲ့ပြီး ထောက်ခံသူ လူဦးရေ ၂၀၇၈၆၅၉၆ ဦးရှိခဲ့ပြီးထောက်ခံသည့်ရာခိုင်နှုန်း ၉၂ ဒဿမ ၄ ရာခိုင်နှုန်းဖြစ်သည်။
- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။