Skip to main content
 အေမရိကန္ေထာက္ခံ ဆီးရီးယားတပ္ဖြဲ ့မ်ား အုိင္အက္စ္နဲ ့ ေနာက္ဆုံးတုိက္ပြဲ စတင္ 
Ads Block

 အေမရိကန္ေထာက္ခံ ဆီးရီးယားတပ္ဖြဲ ့မ်ား အုိင္အက္စ္နဲ ့ ေနာက္ဆုံးတုိက္ပြဲ စတင္ 

အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ ဆီးရီးယား ဒီမုိကရက္တစ္တပ္ဖြဲ ့ SDF ဟာ ဆီးရီးယား အေရွ ့ပုိင္းရွိ အုိင္အက္စ္တုိ ့ရဲ ့ ေနာက္ဆုံးလက္က်န္နယ္ေျမကုိ စေနေန ့မွာ စတင္ ထုိးစစ္ဆင္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ SDF လႈပ္ရွားရာ ဧရိယာမွာရွိေနေသးတဲ့ ဂ်ီဟတ္အုပ္စုရဲ ့ ကာလီဖိတ္နယ္ေျမ လက္က်န္အပုိင္းအစကုိ အျမစ္ျပတ္ရွင္းထုတ္ဖုိ ့ ယင္း ထုိးစစ္က ရည္းမွန္းထားတာပါ။ 
SDF ကုိ အေထာက္မပံ့ေပးထားတဲ့ အေမရိကန္ဦးေဆာင္ မဟာမိတ္ စစ္ဆင္ေရးဟာ ယခင္က ဂ်ီဟတ္အုပ္စု လက္တြင္းက်ေရာက္ခဲ့ရတဲ့ နယ္ေျမအားလုံးကုိ ျပန္သိမ္းပုိက္ႏုိင္ၿပီ ဆုိတဲ့ ေၾကညာခ်က္အား ေနာက္သီတင္းပတ္ေလာက္မွာ သူ ေၾကညာႏုိင္မယ္လုိ ့ ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က ဗုဒၶဟူးေန ့မွာ ေျပာဆုိထားခဲ့ပါတယ္။ သမၼတထရန္ ့ဟာ ဆီးရီးယားကေန အေမရိကန္တပ္ေတြကုိ ျပန္ရုပ္သိမ္းဖုိ ့ စီစဥ္ေနသူလည္း ျဖစ္ပါတယ္။ 

 

 အေမရိကန္ေထာက္ခံ ဆီးရီးယားတပ္ဖြဲ ့မ်ား အုိင္အက္စ္နဲ ့ ေနာက္ဆုံးတုိက္ပြဲ စတင္ 


အုိင္အက္စ္ရဲ ့ လက္က်န္နယ္ေျမအစုအေ၀းဟာ အီရတ္နယ္စပ္ အနီးမွာ တည္ရွိကာ ေက်းရြာႏွစ္ရြာလည္း အက်ဴံး၀င္ေနခဲ့ပါတယ္။ သုိ ့ေသာ္ျငားလည္း အုိင္အက္စ္အဖြဲ ့ဟာ ဆီးရီးယားရဲ ့ နယ္ေျမအစိတ္အပုိင္းကုိ အခုတုိင္ စုိးမုိးထားႏုိင္ေသးကာ ၄င္းတုိ ့ပုိင္ နယ္ေျမအမ်ားစုကေတာ့ ရုရွားနဲ ့အီရန္ အေထာက္အပံ့ေပးထားတဲ့ ဆီးရီးယားအစုိးရ တပ္ေတြလက္ေအာက္ က်ေရာက္ခဲ့ပါၿပီ။ 

 

 အေမရိကန္ေထာက္ခံ ဆီးရီးယားတပ္ဖြဲ ့မ်ား အုိင္အက္စ္နဲ ့ ေနာက္ဆုံးတုိက္ပြဲ စတင္ 


ယခု ထုိးစစ္ကုိ “ ေနာက္ဆုံး တုိက္ပြဲ” အျဖစ္ SDF အရာရွိတစ္ဦးျဖစ္သူ မူစတာဖာ ဘာလီက ေျပာဆုိခဲ့ပါတယ္။ တုိက္ပြဲ စတင္ၿပီျဖစ္ေၾကာင္းနဲ ့ လက္က်န္အစုအေ၀းဟာ မၾကာခင္ ရန္ကင္းသြားမွာျဖစ္ေၾကာင္း ေနာက္ပုိင္းမွာ ၄င္းက တြစ္တာမွာ ေရးတင္ခဲ့ပါတယ္။ အုိင္အက္စ္ လက္က်န္နယ္ေျမကုိ ျပန္သိမ္းဖုိ ့အတြက္ အရပ္သား ၂ ေသာင္းေက်ာ္ ေဘးလြတ္ရာေရႊ ့ေျပာင္းဖုိ ့ SDF ဟာ ၁၀ ရက္ၾကာ စိတ္ရွည္ေစာင့္ဆုိင္းေပးခဲ့ေၾကာင္းလည္း ဘာလီက ေျပာဆုိခဲ့ပါတယ္။ ယင္း နယ္ေျမကုိ ေဖေဖာ္၀ါရီလကုန္ေလာက္မွာ ျပန္သိမ္းႏုိင္ဖုိ ့ ေမွ်ာ္မွန္းေၾကာင္း SDF အႀကီးတန္းအရာရွိတစ္ဦးက ေျပာဆုိခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒီ နယ္ေျမသိမ္းတုိက္ပြဲၿပီးခဲ့ရင္ေတာင္ အုိင္အက္စ္ဟာ အေလးထားရမယ့္ ႀကီးမားတဲ့ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြ ဆက္လုပ္ေနဦးမယ္ဆုိတာ အၿမဲသတိရွိေနမွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ 
- ကိုလင္း (အကုန္သိ သတင္း႒ာန) | Ref:Reuters 
 

 

Unicode version

 အမေရိကန်ထောက်ခံ ဆီးရီးယားတပ်ဖွဲ့များ အိုင်အက်စ်နဲ့ နောက်ဆုံးတိုက်ပွဲ စတင် 

အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဟာ ဆီးရီးယား အရှေ့ပိုင်းရှိ အိုင်အက်စ်တို့ရဲ့ နောက်ဆုံးလက်ကျန်နယ်မြေကို စနေနေ့မှာ စတင် ထိုးစစ်ဆင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ SDF လှုပ်ရှားရာ ဧရိယာမှာရှိနေသေးတဲ့ ဂျီဟတ်အုပ်စုရဲ့ ကာလီဖိတ်နယ်မြေ လက်ကျန်အပိုင်းအစကို အမြစ်ပြတ်ရှင်းထုတ်ဖို့ ယင်း ထိုးစစ်က ရည်းမှန်းထားတာပါ။ 
SDF ကို အထောက်မပံ့ပေးထားတဲ့ အမေရိကန်ဦးဆောင် မဟာမိတ် စစ်ဆင်ရေးဟာ ယခင်က ဂျီဟတ်အုပ်စု လက်တွင်းကျရောက်ခဲ့ရတဲ့ နယ်မြေအားလုံးကို ပြန်သိမ်းပိုက်နိုင်ပြီ ဆိုတဲ့ ကြေညာချက်အား နောက်သီတင်းပတ်လောက်မှာ သူ ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုထားခဲ့ပါတယ်။ သမ္မတထရန့်ဟာ ဆီးရီးယားကနေ အမေရိကန်တပ်တွေကို ပြန်ရုပ်သိမ်းဖို့ စီစဉ်နေသူလည်း ဖြစ်ပါတယ်။ 
အိုင်အက်စ်ရဲ့ လက်ကျန်နယ်မြေအစုအဝေးဟာ အီရတ်နယ်စပ် အနီးမှာ တည်ရှိကာ ကျေးရွာနှစ်ရွာလည်း အကျူံးဝင်နေခဲ့ပါတယ်။ သို့သော်ငြားလည်း အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားရဲ့ နယ်မြေအစိတ်အပိုင်းကို အခုတိုင် စိုးမိုးထားနိုင်သေးကာ ၎င်းတို့ပိုင် နယ်မြေအများစုကတော့ ရုရှားနဲ့အီရန် အထောက်အပံ့ပေးထားတဲ့ ဆီးရီးယားအစိုးရ တပ်တွေလက်အောက် ကျရောက်ခဲ့ပါပြီ။ 
ယခု ထိုးစစ်ကို “ နောက်ဆုံး တိုက်ပွဲ” အဖြစ် SDF အရာရှိတစ်ဦးဖြစ်သူ မူစတာဖာ ဘာလီက ပြောဆိုခဲ့ပါတယ်။ တိုက်ပွဲ စတင်ပြီဖြစ်ကြောင်းနဲ့ လက်ကျန်အစုအဝေးဟာ မကြာခင် ရန်ကင်းသွားမှာဖြစ်ကြောင်း နောက်ပိုင်းမှာ ၎င်းက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။ အိုင်အက်စ် လက်ကျန်နယ်မြေကို ပြန်သိမ်းဖို့အတွက် အရပ်သား ၂ သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ SDF ဟာ ၁၀ ရက်ကြာ စိတ်ရှည်စောင့်ဆိုင်းပေးခဲ့ကြောင်းလည်း ဘာလီက ပြောဆိုခဲ့ပါတယ်။ ယင်း နယ်မြေကို ဖေဖော်ဝါရီလကုန်လောက်မှာ ပြန်သိမ်းနိုင်ဖို့ မျှော်မှန်းကြောင်း SDF အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီ နယ်မြေသိမ်းတိုက်ပွဲပြီးခဲ့ရင်တောင် အိုင်အက်စ်ဟာ အလေးထားရမယ့် ကြီးမားတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုတာ အမြဲသတိရှိနေမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 
- ကိုလင်း (အကုန်သိ သတင်းဋ္ဌာန) | Ref:Reuters 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။