Skip to main content
အစ္ကိုျဖစ္သူႏွင့္ ၇ ႏွစ္အရြယ္ညီမ၀မ္းကြဲတို႔ တူမီးေသနတ္ကိုေဆာ့ရာမွယမ္းေပါက္ၿပီး ညီမျဖစ္သူေသဆုံး
Ads Block

အစ္ကိုျဖစ္သူႏွင့္ ၇ ႏွစ္အရြယ္ညီမ၀မ္းကြဲတို႔ တူမီးေသနတ္ကိုေဆာ့ရာမွယမ္းေပါက္ၿပီး ညီမျဖစ္သူေသဆုံး

တမူးၿမိဳ႕နယ္တြင္ ေမာင္ႏွမႏွစ္ဦး တူမီးေသနတ္ကိုေဆာ့ကစားရာမွ အသင့္ထည့္ထားေသာ ယမ္းေပါက္ကြဲၿပီး ၇ ႏွစ္အရြယ္ ညီမ၀မ္းကြဲ ေသဆံုးသြားေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္၊ ထုံကတင္ေက်း႐ြာေန ထြန္းေတာက္၊ (၁၁)ႏွစ္ႏွင့္ ညီမဝမ္းကြဲျဖစ္သူ မစုျမတ္သႏၲာစိုး၊ (၇)ႏွစ္တို႔ ၂ ဦးသည္ ေဖေဖာ္ဝါရီလ ၉ ရက္၊ ေန႔လယ္ ၁၂ နာရီ ၁၅ မိနစ္ခန္႔က ထြန္းေက်ာ္၊ (၄၂) ႏွစ္၏ အရွည္ ၄ ေပခြဲခန္႔ရွိ တူမီးေသနတ္ကို အတူေဆာ့ကစားခဲ့ေၾကာင္း သိရသည္။ 
ထိုသို႔ ေဆာ့ကစားရာမွ အသင့္ထည့္ထားသည့္ ယမ္းေပါက္ထြက္ခဲ့ၿပီး ညီမ၀မ္းကြဲျဖစ္သူ မစုျမတ္သႏၲာစိုးတြင္ ဝဲရင္အုံထိမွန္ဒဏ္ရာ(စိုးရိမ္ရ) ရရွိခဲ့သျဖင့္ မင္းသာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ထြန္းေတာက္၊ (၁၁)ႏွစ္ကို ၿမိဳ႕သစ္နယ္ေျမရဲစခန္း၌ (ပ)၁/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)ျဖင့္လည္းေကာင္း၊ တူမီးေသနတ္လက္ဝယ္ထားရွိသူ ထြန္းေက်ာ္ (ဖမ္းမိ)ကို ၿမိဳ႕သစ္နယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၉၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ) ျဖင့္လည္းေကာင္း အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode version

အစ်ကိုဖြစ်သူနှင့် ၇ နှစ်အရွယ်ညီမဝမ်းကွဲတို့ တူမီးသေနတ်ကိုဆော့ရာမှယမ်းပေါက်ပြီး ညီမဖြစ်သူသေဆုံး
တမူးမြို့နယ်တွင် မောင်နှမနှစ်ဦး တူမီးသေနတ်ကိုဆော့ကစားရာမှ အသင့်ထည့်ထားသော ယမ်းပေါက်ကွဲပြီး ၇ နှစ်အရွယ် ညီမဝမ်းကွဲ သေဆုံးသွားကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထုံကတင်ကျေးရွာနေ ထွန်းတောက်၊ (၁၁)နှစ်နှင့် ညီမဝမ်းကွဲဖြစ်သူ မစုမြတ်သန္တာစိုး၊ (၇)နှစ်တို့ ၂ ဦးသည် ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က ထွန်းကျော်၊ (၄၂) နှစ်၏ အရှည် ၄ ပေခွဲခန့်ရှိ တူမီးသေနတ်ကို အတူဆော့ကစားခဲ့ကြောင်း သိရသည်။ 
ထိုသို့ ဆော့ကစားရာမှ အသင့်ထည့်ထားသည့် ယမ်းပေါက်ထွက်ခဲ့ပြီး ညီမဝမ်းကွဲဖြစ်သူ မစုမြတ်သန္တာစိုးတွင် ဝဲရင်အုံထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းတောက်၊ (၁၁)နှစ်ကို မြို့သစ်နယ်မြေရဲစခန်း၌ (ပ)၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က(ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့်လည်းကောင်း၊ တူမီးသေနတ်လက်ဝယ်ထားရှိသူ ထွန်းကျော် (ဖမ်းမိ)ကို မြို့သစ်နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။