Skip to main content
ကေနဒါတြင္ ဗလီထဲ ေသနတ္ျဖင့္ဝင္ပစ္ခဲ့တဲ့ လူငယ္ကုိ လူသတ္မႈ ၆ မႈအတြက္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်
Ads Block

ကေနဒါတြင္ ဗလီထဲ ေသနတ္ျဖင့္ဝင္ပစ္ခဲ့တဲ့ လူငယ္ကုိ လူသတ္မႈ ၆ မႈအတြက္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်

ကေနဒါႏုိင္ငံ ကြီဗက္ၿမိဳ႕မွာ ဗလီတစ္ခုအတြင္း ဝတ္ျပဳေနသူ ၆ ဦးအား ေသနတ္ျဖင့္ဝင္ပစ္သတ္ခဲ့တဲ့ လူငယ္တစ္ဦးကုိ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း က်ခံေစရန္ႏွင့္ ႏွစ္ ၄၀ က်ခံၿပီးမွသာ ေလွ်ာ့ရက္ေတာင္းခံခြင့္ရွိေစရန္ တရား႐ုံးက ေဖေဖၚဝါရီ ၈ ရက္ေန႔မွာ အမိန္႔ခ်လုိက္ပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ အယ္လက္ဇန္ဒေရးဘစ္ဆန္နက္ဟာ ၄င္းက်ဴးလြန္ခဲ့တဲ့ ပထမအဆင့္လူသတ္မႈ ေျခာက္မႈ၊ လူသတ္ရန္အားထုတ္မႈ ေျခာက္မႈတုိ႔အတြက္ ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။
တရားသူႀကီး ဖရန္ဆြာဟြာ့တ္ဟာ ဆြဲခ်ေတြ ေတာင္းဆုိခဲ့တဲ့ အျပင္းဆုံးျပစ္ဒဏ္ကုိ ပယ္ခ်ခဲ့ကာ တရားခံကုိတစ္ကၽြန္းခ်ၿပီး ျပစ္ဒဏ္ကာလ ၃၅ ႏွစ္မွ ၄၂ အတြင္း ခံယူၿပီးခ်ိန္တြင္ ေလွ်ာ့ရက္ေတာင္းခံခြင့္ေပးရန္ ဆုံးျဖတ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ေတာင္းခံခြင့္ရွိတဲ့ ျပစ္ဒဏ္ကာလကုိ အႏွစ္ ၄၀ အျဖစ္ အမိန္႔ခ်ခဲ့ပါတယ္။

 

ကေနဒါတြင္ ဗလီထဲ ေသနတ္ျဖင့္ဝင္ပစ္ခဲ့တဲ့ လူငယ္ကုိ လူသတ္မႈ ၆ မႈအတြက္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်

 

တရားသူႀကီးဟာ တရားခံကုိ အၾကမ္းဖက္သမားအျဖစ္ မသတ္မွတ္ခဲ့ပဲ မြတ္စလင္ေ႐ႊ႕ေျပာင္းအေျခခ်ေတြအေပၚထားရွိတဲ့ ဥပါဒါန္ေၾကာင့္ လူသတ္မႈက်ဴးလြန္ခဲ့သူအျဖစ္သာ သတ္မွတ္ခဲ့ပါတယ္။ တရားခံ ဘစ္ဆန္နက္ဟာလည္း စိတ္မက်န္းမာသူတစ္ဦးျဖစ္ၿပီး သတ္ေသလုိစိတ္မ်ား စြဲကပ္ေနသူျဖစ္ေၾကာင္း သိရပါတယ္။
ကေနဒါမွာ ၂၀၁၁ ခုႏွစ္ ဥပေဒျပင္ဆင္ခ်က္အရ တရားသူႀကီးေတြအေနျဖင့္ တစ္မႈထက္ပုိေသာ လူသတ္မႈေတြကုိ သီးျခားျပစ္ဒဏ္မ်ားအျဖစ္ စီရင္ၿပီး ျပစ္ဒဏ္ဆက္တုိက္က်ခံေစရန္ အမိန္႔ခ်ႏုိင္ပါတယ္။ ယခုအမႈမွာ ဆြဲခ်ေတြကလည္း ထုိနည္းျဖင့္ တရားခံကုိ ေထာင္ အႏွစ္ ၁၅၀ ေလွ်ာ့ရက္မရွိ က်ခံေစရန္ ေလွ်ာက္ထားခဲ့ရာ တရားသူႀကီးက ပယ္ခ်ခဲ့ပါတယ္။ 
- ZHO (အကုန္သိ သတင္းဌာန) | Ref:Reuters
 

Unicode version

ကနေဒါတွင် ဗလီထဲ သေနတ်ဖြင့်ဝင်ပစ်ခဲ့တဲ့ လူငယ်ကို လူသတ်မှု ၆ မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

ကနေဒါနိုင်ငံ ကွီဗက်မြို့မှာ ဗလီတစ်ခုအတွင်း ဝတ်ပြုနေသူ ၆ ဦးအား သေနတ်ဖြင့်ဝင်ပစ်သတ်ခဲ့တဲ့ လူငယ်တစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန်နှင့် နှစ် ၄၀ ကျခံပြီးမှသာ လျှော့ရက်တောင်းခံခွင့်ရှိစေရန် တရားရုံးက ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အယ်လက်ဇန်ဒရေးဘစ်ဆန်နက်ဟာ ၎င်းကျူးလွန်ခဲ့တဲ့ ပထမအဆင့်လူသတ်မှု ခြောက်မှု၊ လူသတ်ရန်အားထုတ်မှု ခြောက်မှုတို့အတွက် ဖြောင့်ချက်ပေးခဲ့ပါတယ်။
တရားသူကြီး ဖရန်ဆွာဟွာ့တ်ဟာ ဆွဲချတွေ တောင်းဆိုခဲ့တဲ့ အပြင်းဆုံးပြစ်ဒဏ်ကို ပယ်ချခဲ့ကာ တရားခံကိုတစ်ကျွန်းချပြီး ပြစ်ဒဏ်ကာလ ၃၅ နှစ်မှ ၄၂ အတွင်း ခံယူပြီးချိန်တွင် လျှော့ရက်တောင်းခံခွင့်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တောင်းခံခွင့်ရှိတဲ့ ပြစ်ဒဏ်ကာလကို အနှစ် ၄၀ အဖြစ် အမိန့်ချခဲ့ပါတယ်။
တရားသူကြီးဟာ တရားခံကို အကြမ်းဖက်သမားအဖြစ် မသတ်မှတ်ခဲ့ပဲ မွတ်စလင်ရွှေ့ပြောင်းအခြေချတွေအပေါ်ထားရှိတဲ့ ဥပါဒါန်ကြောင့် လူသတ်မှုကျူးလွန်ခဲ့သူအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ တရားခံ ဘစ်ဆန်နက်ဟာလည်း စိတ်မကျန်းမာသူတစ်ဦးဖြစ်ပြီး သတ်သေလိုစိတ်များ စွဲကပ်နေသူဖြစ်ကြောင်း သိရပါတယ်။
ကနေဒါမှာ ၂၀၁၁ ခုနှစ် ဥပဒေပြင်ဆင်ချက်အရ တရားသူကြီးတွေအနေဖြင့် တစ်မှုထက်ပိုသော လူသတ်မှုတွေကို သီးခြားပြစ်ဒဏ်များအဖြစ် စီရင်ပြီး ပြစ်ဒဏ်ဆက်တိုက်ကျခံစေရန် အမိန့်ချနိုင်ပါတယ်။ ယခုအမှုမှာ ဆွဲချတွေကလည်း ထိုနည်းဖြင့် တရားခံကို ထောင် အနှစ် ၁၅၀ လျှော့ရက်မရှိ ကျခံစေရန် လျှောက်ထားခဲ့ရာ တရားသူကြီးက ပယ်ချခဲ့ပါတယ်။ 
- ZHO (အကုန်သိ သတင်းဌာန) | Ref:Reuters
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။