Skip to main content
အစ္မေတာ္ကုိ ေရြးေကာက္ပြဲ ၀င္ၿပိဳင္ခြင့္မျပဳသည့္ ထုိင္း ဘုရင္၏ သေဘာထားအတုိင္း လုိက္နာမည္ဟု သက္ဆုိင္ရာ ပါတီ ေျပာဆုိ 
Ads Block

အစ္မေတာ္ကုိ ေရြးေကာက္ပြဲ ၀င္ၿပိဳင္ခြင့္မျပဳသည့္ ထုိင္း ဘုရင္၏ သေဘာထားအတုိင္း လုိက္နာမည္ဟု သက္ဆုိင္ရာ ပါတီ ေျပာဆုိ 

အစ္မေတာ္ မင္းသမီး အူဘုိရာတန္နာကုိ ၀န္ႀကီးခ်ဳပ္ေနရာေပးကာ ေရြးေကာက္ပြဲ ယွဥ္ၿပိဳင္ေစျခင္းအား တားျမစ္တဲ့ ဘုရင္ရဲ ့ သေဘာထားအတုိင္း လုိက္နာေဆာင္ရြက္သြားမယ္လုိ ့ ထုိင္းႏုိင္ငံေရးပါတီက ေျပာဆုိလုိက္ပါတယ္။ ၀န္ႀကီးခ်ဳပ္ေလာင္းေနရာအတြက္ မင္းသမီးကုိ ေရြးခ်ယ္ထားေၾကာင္း ေၾကညာအၿပီး ၁ ရက္အၾကာမွာပဲ အခုလုိ အလွည့္အေျပာင္း ျဖစ္သြားတဲ့ ထုတ္ျပန္ခ်က္ကုိ စေနေန ့မွာ ပါတီက ထုတ္ျပန္လုိက္တာပါ။ 
ထုိင္း ရကၠဆာ ခ်တ္ ပါတီဟာ ေတာ္၀င္ရဲ ့ အမိန္ ့ေတာ္အတုိင္း လုိက္နာပါေၾကာင္း သတင္းေထာက္ေတြကုိ မက္ေဆ့ပုိ ့ကာ အသိေပးေျပာဆုိခဲ့ပါတယ္။ ပါတီအေနနဲ ့ ထုိင္းႏုိင္ငံရဲ ့ စည္းမ်ဥ္းခံဘုရင္စနစ္အရ ယဥ္ေက်းမႈအစဥ္အလာနဲ ့ေတာ္၀င္ဓေလ့ထုံးတမ္းေတြကုိ ေလးစားလုိက္နာရမယ့္ တာ၀န္အတုိင္း လုပ္ေဆာင္ဖုိ ့အသင့္ရွိပါေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ေၾကာင့္ မင္းသမီးရဲ ့ ၀န္ႀကီးခ်ဳပ္အျဖစ္ ယွဥ္ၿပိဳင္အေရြးခံေရး ရည္မွန္းထားမႈဟာ အေတာ္ေလးအားနည္းသြားခဲ့ၿပီျဖစ္ပါတယ္။ မင္းသမီးရဲ ့၀န္ႀကီးခ်ဳပ္ေလာင္း အျဖစ္ယွဥ္ၿပိဳင္ံမႈကုိ သူမရဲ ့ ေမာင္ေတာ္ ဘုရင္ မဟာ၀ိဇရေလာင္ကြန္းက အထူးတလည္တားျမစ္ခဲ့အၿပီး ပါတီရဲ ့ထုတ္ျပန္ခ်က္ ထြက္ေပၚလာခဲ့တာပါ။ 
ေသာၾကာေန ့ မနက္ပုိင္းက ထုိင္း ရကၠဆာခ်တ္ပါတီဟာ မင္းသမီးကုိ ၄င္းတုိ ့ပါတီရဲ ့ ၀န္ႀကီးခ်ဳပ္ေလာင္းအျဖစ္ ေၾကညာခဲ့တာေၾကာင့္ ၂၀၁၄ ခုႏွစ္က ၀န္ႀကီးခ်ဳပ္ ယင္လတ္ရွင္နာ၀ပ္ထရာကုိ ျဖဳတ္ခ်အာဏာသိမ္းကာ ႏုိင္ငံကုိ ယခုတုိင္ အုပ္ခ်ဳပ္ေနခဲ့တဲ့ ထုိင္း စစ္အစုိးရရဲ ့ ေမွ်ာ္မွန္းခ်က္ေတြအေပၚ ၿခိမ္းေျခာက္မႈျဖစ္ေစခဲ့ကာ ၄င္းတုိ ့ရဲ ့လက္ရွိအေနအထားကုိ ရုိက္ခတ္မႈျဖစ္ေစခဲ့ပါတယ္။ ဒါေပမဲ့လည္း မင္းသမီး ၀န္ႀကီးခ်ဳပ္အျဖစ္ ၀င္ၿပိဳင္မယ့္အေရးကုိ ထုိင္းဘုရင္က အမ်က္ေတာ္ရွခဲ့ၿပီး ပါတီက ေၾကညာခဲ့တဲ့ တစ္ရက္တည္းမွာပဲ ခြင့္မျပဳေၾကာင္း တားျမစ္မိန္ ့ထုတ္ခဲ့ပါတယ္။ အႀကီးတန္းေတာ္၀င္ မိသားစု၀င္တစ္ဦးကုိ ႏုိင္ငံေရးေလာကထဲ ေခၚသြင္းတာဟာ အမ်ဳိးသား ယဥ္ေက်းမႈ အစဥ္အလာဓေလ့ထုံးတမ္းေတြနဲ ့ဆန္ ့က်င္ေနကာ အလြန္ပင္ မသင့္ေလ်ာ္တဲ့လုပ္ရပ္ျဖစ္ေၾကာင္း ဘုရင္ရဲ ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
Ref: CNA

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

အစ်မတော်ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မပြုသည့် ထိုင်း ဘုရင်၏ သဘောထားအတိုင်း လိုက်နာမည်ဟု သက်ဆိုင်ရာ ပါတီ ပြောဆို 
အစ်မတော် မင်းသမီး အူဘိုရာတန်နာကို ဝန်ကြီးချုပ်နေရာပေးကာ ရွေးကောက်ပွဲ ယှဉ်ပြိုင်စေခြင်းအား တားမြစ်တဲ့ ဘုရင်ရဲ့ သဘောထားအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံရေးပါတီက ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်လောင်းနေရာအတွက် မင်းသမီးကို ရွေးချယ်ထားကြောင်း ကြေညာအပြီး ၁ ရက်အကြာမှာပဲ အခုလို အလှည့်အပြောင်း ဖြစ်သွားတဲ့ ထုတ်ပြန်ချက်ကို စနေနေ့မှာ ပါတီက ထုတ်ပြန်လိုက်တာပါ။ 
ထိုင်း ရက္ကဆာ ချတ် ပါတီဟာ တော်ဝင်ရဲ့ အမိန့်တော်အတိုင်း လိုက်နာပါကြောင်း သတင်းထောက်တွေကို မက်ဆေ့ပို့ကာ အသိပေးပြောဆိုခဲ့ပါတယ်။ ပါတီအနေနဲ့ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်အရ ယဉ်ကျေးမှုအစဉ်အလာနဲ့တော်ဝင်ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာရမယ့် တာဝန်အတိုင်း လုပ်ဆောင်ဖို့အသင့်ရှိပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် မင်းသမီးရဲ့ ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်အရွေးခံရေး ရည်မှန်းထားမှုဟာ အတော်လေးအားနည်းသွားခဲ့ပြီဖြစ်ပါတယ်။ မင်းသမီးရဲ့ဝန်ကြီးချုပ်လောင်း အဖြစ်ယှဉ်ပြိုင်ံမှုကို သူမရဲ့ မောင်တော် ဘုရင် မဟာဝိဇရလောင်ကွန်းက အထူးတလည်တားမြစ်ခဲ့အပြီး ပါတီရဲ့ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။ 
သောကြာနေ့ မနက်ပိုင်းက ထိုင်း ရက္ကဆာချတ်ပါတီဟာ မင်းသမီးကို ၎င်းတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် ကြေညာခဲ့တာကြောင့် ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာကို ဖြုတ်ချအာဏာသိမ်းကာ နိုင်ငံကို ယခုတိုင် အုပ်ချုပ်နေခဲ့တဲ့ ထိုင်း စစ်အစိုးရရဲ့ မျှော်မှန်းချက်တွေအပေါ် ခြိမ်းခြောက်မှုဖြစ်စေခဲ့ကာ ၎င်းတို့ရဲ့လက်ရှိအနေအထားကို ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသမီး ဝန်ကြီးချုပ်အဖြစ် ဝင်ပြိုင်မယ့်အရေးကို ထိုင်းဘုရင်က အမျက်တော်ရှခဲ့ပြီး ပါတီက ကြေညာခဲ့တဲ့ တစ်ရက်တည်းမှာပဲ ခွင့်မပြုကြောင်း တားမြစ်မိန့်ထုတ်ခဲ့ပါတယ်။ အကြီးတန်းတော်ဝင် မိသားစုဝင်တစ်ဦးကို နိုင်ငံရေးလောကထဲ ခေါ်သွင်းတာဟာ အမျိုးသား ယဉ်ကျေးမှု အစဉ်အလာဓလေ့ထုံးတမ်းတွေနဲ့ဆန့်ကျင်နေကာ အလွန်ပင် မသင့်လျော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဘုရင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
Ref: CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။