Skip to main content
ဂႏၵီရဲ႕ဓါတ္ပုံကုိ ေကာ္ေစ့ေသနတ္နဲ႔ပစ္ၿပီး ဂႏၵီကုိ လုပ္ၾကံခဲ့သူကုိေတာ့ ပန္းကုံးျဖင့္ပူေဇာ္ခဲ့တဲ့ အိႏၵိယ အမ်ိဳးသားေရးအစြန္းေရာက္ ပါတီေခါင္းေဆာင္တစ္ဦး အဖမ္းခံရ
Ads Block

ဂႏၵီရဲ႕ဓါတ္ပုံကုိ ေကာ္ေစ့ေသနတ္နဲ႔ပစ္ၿပီး ဂႏၵီကုိ လုပ္ၾကံခဲ့သူကုိေတာ့ ပန္းကုံးျဖင့္ပူေဇာ္ခဲ့တဲ့ အိႏၵိယ အမ်ိဳးသားေရးအစြန္းေရာက္ ပါတီေခါင္းေဆာင္တစ္ဦး အဖမ္းခံရ

အိႏၵိယမွာ ဟိႏၵဴလက္ယာစြန္းအဖြဲ႕တစ္ခုရဲ႕ ေခါင္းေဆာင္ဟာ မဟတၱမဂႏၵီရဲ႕ဓါတ္ပုံကုိ ေကာ္က်ည္ေစ့ေသနတ္ျဖင့္ပစ္ခဲ့တဲ့အတြက္ အဖမ္းခံလုိက္ရေၾကာင္း သတင္းရရွိပါတယ္။
ဟိႏၵဴလက္ယာစြန္းသမားေတြဟာ အမ်ိဳးသားေရးေခါင္းေဆာင္ဂႏၵီကုိ အလယ္အလတ္လမ္းစဥ္သမားႀကီးအျဖစ္ ႐ႈျမင္ၿပီး မႏွစ္ၿမိဳ႕ၾကပါဘူး။ ၄င္းတုိ႔မ်ားအနက္မွ ဟိႏၵဴမဟာသဗၺဟပါတီကေတာ့ ဇန္နဝါရီ ၃၀ မွာ က်ေရာက္ခဲ့တဲ့ (၇၁)ႏွစ္ေျမာက္ ဂႏၵီလုပ္ၾကံခံရရာေန႔အတြက္ ဝမ္းေျမာက္ျခင္းအထိမ္းအမွတ္ပြဲ က်င္းပခဲ့တယ္လုိ႔ ဆုိပါတယ္။
၄င္းပြဲမွာ ႐ုိက္ကူးခဲ့တဲ့ဗီဒီယုိအရ ပါတီေခါင္းေဆာင္ ပူးဂ်ာပန္ေဒးဟာ ဂႏၵီအား လုပ္ၾကံခဲ့သူ နသူရမ္ဂုေဆးရဲ႕ဓါတ္ပုံကုိ ပန္းကုံးျဖင့္ ပူေဇာ္သပၸာယ္ခဲ့ၿပီး လြတ္လပ္ေရးေခါင္းေဆာင္ႀကီးဂႏၵီရဲ႕ ဓါတ္ပုံကုိေတာ့ ေကာ္ေစ့ေသနတ္နဲ႔ ပစ္ကာ မလုိမုန္းထားေၾကာင္း ထုတ္ေဖၚခဲ့ပါတယ္။

 

ဂႏၵီရဲ႕ဓါတ္ပုံကုိ ေကာ္ေစ့ေသနတ္နဲ႔ပစ္ၿပီး ဂႏၵီကုိ လုပ္ၾကံခဲ့သူကုိေတာ့ ပန္းကုံးျဖင့္ပူေဇာ္ခဲ့တဲ့ အိႏၵိယ အမ်ိဳးသားေရးအစြန္းေရာက္ ပါတီေခါင္းေဆာင္တစ္ဦး အဖမ္းခံရ

 

ပါတီက ၄င္းဗီဒီယုိကုိ ထုတ္လႊင့္ခဲ့တဲ့ေနာက္မွာေတာ့ ရဲေတြဟာ ပူးဂ်ာနဲ႔ သူမရဲ႕ခင္ပြန္းကုိ ဖမ္းဆီးရန္အတြက္ တစ္မဟုတ္ခ်င္း လုိက္လံရွာေဖြခဲ့ၾကတယ္လုိ႔ သိရပါတယ္။ ထုိဗီဒီယုိနဲ႔ပတ္သက္ၿပိး ၄င္းတုိ႔ႏွစ္ဦးအပါအဝင္ အျခားသူ ၉ ဦးကုိလည္း ဖမ္းဆီးခဲ့ၾကပါတယ္။
ဂႏၵီကုိ အနီးကပ္ပစ္ခတ္လုပ္ၾကံခဲ့တဲ့ ဂုေဆးဟာ ဟိႏၵဴမဟာသဗၺဟပါတီအပါအဝင္ လက္ယာစြန္း အမ်ိဳးသားေရးဝါဒီအုပ္စုေတြနဲ႔ ဆက္ႏြယ္ခဲ့သူျဖစ္ပါတယ္။
ဂႏၵီဟာ အိႏၵိယ-ပါကစၥတန္ ႏွစ္ႏုိင္ငံကြဲျခင္းနဲ႔ ၄င္းနဲ႔ဆက္စပ္တဲ့ လူမ်ိဳးေရးဘာသာေရး အဓိက႐ုဏ္းေတြမွာ မြတ္စလင္ေတြကုိ မ်က္ႏွာသာေပးလြန္းသည္ဟု ဟိႏၵဴအစြန္းေရာက္ေတြက စြပ္စြဲခဲ့ၾကပါတယ္။
ဒါ့ေၾကာင့္ လက္ယာစြန္းသမားအခ်ိဳ႕ဟာ ဂႏၵီအား လုပ္ၾကံခဲ့သူကုိ ဂုဏ္ျပဳကုိးကြယ္ေလ့ရွိၾကၿပီး ၂၀၁၅ ခုႏွစ္တုန္းကဆုိရင္ ဂုေဆးအတြက္ရည္စူးတဲ့ ဘုရားေက်ာင္း တည္ရန္အထိပါ ေၾကညာခဲ့တာေၾကာင့္ အဆဲအဆုိခံခဲ့ရပါေသးတယ္။ 
- ZHO (အကုန္သိ သတင္းဌာန) | Ref:BBC 
 

 

Unicode version

ဂန္ဒီရဲ့ဓါတ်ပုံကို ကော်စေ့သေနတ်နဲ့ပစ်ပြီး ဂန္ဒီကို လုပ်ကြံခဲ့သူကိုတော့ ပန်းကုံးဖြင့်ပူဇော်ခဲ့တဲ့ အိန္ဒိယ အမျိုးသားရေးအစွန်းရောက် ပါတီခေါင်းဆောင်တစ်ဦး အဖမ်းခံရ

အိန္ဒိယမှာ ဟိန္ဒူလက်ယာစွန်းအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဟာ မဟတ္တမဂန္ဒီရဲ့ဓါတ်ပုံကို ကော်ကျည်စေ့သေနတ်ဖြင့်ပစ်ခဲ့တဲ့အတွက် အဖမ်းခံလိုက်ရကြောင်း သတင်းရရှိပါတယ်။
ဟိန္ဒူလက်ယာစွန်းသမားတွေဟာ အမျိုးသားရေးခေါင်းဆောင်ဂန္ဒီကို အလယ်အလတ်လမ်းစဉ်သမားကြီးအဖြစ် ရှုမြင်ပြီး မနှစ်မြို့ကြပါဘူး။ ၎င်းတို့များအနက်မှ ဟိန္ဒူမဟာသဗ္ဗဟပါတီကတော့ ဇန်နဝါရီ ၃၀ မှာ ကျရောက်ခဲ့တဲ့ (၇၁)နှစ်မြောက် ဂန္ဒီလုပ်ကြံခံရရာနေ့အတွက် ဝမ်းမြောက်ခြင်းအထိမ်းအမှတ်ပွဲ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
၎င်းပွဲမှာ ရိုက်ကူးခဲ့တဲ့ဗီဒီယိုအရ ပါတီခေါင်းဆောင် ပူးဂျာပန်ဒေးဟာ ဂန္ဒီအား လုပ်ကြံခဲ့သူ နသူရမ်ဂုဆေးရဲ့ဓါတ်ပုံကို ပန်းကုံးဖြင့် ပူဇော်သပ္ပာယ်ခဲ့ပြီး လွတ်လပ်ရေးခေါင်းဆောင်ကြီးဂန္ဒီရဲ့ ဓါတ်ပုံကိုတော့ ကော်စေ့သေနတ်နဲ့ ပစ်ကာ မလိုမုန်းထားကြောင်း ထုတ်ဖေါ်ခဲ့ပါတယ်။
ပါတီက ၎င်းဗီဒီယိုကို ထုတ်လွှင့်ခဲ့တဲ့နောက်မှာတော့ ရဲတွေဟာ ပူးဂျာနဲ့ သူမရဲ့ခင်ပွန်းကို ဖမ်းဆီးရန်အတွက် တစ်မဟုတ်ချင်း လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။ ထိုဗီဒီယိုနဲ့ပတ်သက်ပြိး ၎င်းတို့နှစ်ဦးအပါအဝင် အခြားသူ ၉ ဦးကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။
ဂန္ဒီကို အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့တဲ့ ဂုဆေးဟာ ဟိန္ဒူမဟာသဗ္ဗဟပါတီအပါအဝင် လက်ယာစွန်း အမျိုးသားရေးဝါဒီအုပ်စုတွေနဲ့ ဆက်နွယ်ခဲ့သူဖြစ်ပါတယ်။
ဂန္ဒီဟာ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကွဲခြင်းနဲ့ ၎င်းနဲ့ဆက်စပ်တဲ့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေမှာ မွတ်စလင်တွေကို မျက်နှာသာပေးလွန်းသည်ဟု ဟိန္ဒူအစွန်းရောက်တွေက စွပ်စွဲခဲ့ကြပါတယ်။
ဒါ့ကြောင့် လက်ယာစွန်းသမားအချို့ဟာ ဂန္ဒီအား လုပ်ကြံခဲ့သူကို ဂုဏ်ပြုကိုးကွယ်လေ့ရှိကြပြီး ၂၀၁၅ ခုနှစ်တုန်းကဆိုရင် ဂုဆေးအတွက်ရည်စူးတဲ့ ဘုရားကျောင်း တည်ရန်အထိပါ ကြေညာခဲ့တာကြောင့် အဆဲအဆိုခံခဲ့ရပါသေးတယ်။ 
- ZHO (အကုန်သိ သတင်းဌာန) | Ref:BBC 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။