Skip to main content
ရဲတပ္ဖြဲ႔၏လုံျခံဳေရးယာဥ္တန္းမ်ားကို ဗီဒီယုိရိုက္ကူးၿပီး Facebook တြင္ျဖန္႔ေ၀ခဲ့သူအား ဖမ္းဆီးအမႈဖြင့္
Ads Block

ရဲတပ္ဖြဲ႔၏လုံျခံဳေရးယာဥ္တန္းမ်ားကို ဗီဒီယုိရိုက္ကူးၿပီး Facebook တြင္ျဖန္႔ေ၀ခဲ့သူအား ဖမ္းဆီးအမႈဖြင့္

စစ္ေတြၿမိဳ႕မွ ထြက္ခြာလာေသာ ရဲတပ္ဖြဲ႔၏လုံျခံဳေရးယာဥ္တန္းမ်ားကို ဗြီဒီယုိမွတ္တမ္းရိုက္ကူးၿပီး Facebook ေပၚတြင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား(သို႔)မတရားအသင္းအဖြဲ႕အစည္းတစ္ခုခုအား သိရွိႏိုင္ေစရန္ရည္ရြယ္၍ ေရးသားေဖာ္ျပခဲ့သည့္ အမ်ဳိးသား ၁ ဦးကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ရြာေဟာင္းရပ္ကြက္ေနသူ ေဇာ္ဝင္းႏိုင္၊ (၂၄)ႏွစ္သည္ ေဖေဖာ္ဝါရီလ ၇ ရက္၊ ည ၈ နာရီခြဲခန္႔က Ko Zaw Win Naing အေကာင့္အမည္ျဖင့္ Facebook ၌ စစ္ေတြမွ ေျမာက္ဦးဘက္သို႔ ထြက္ခြာလာေသာ ရဲတပ္ဖြဲ႕၏လုံျခဳံေရးယာဥ္တန္းအား ဗြီဒီယိုမွတ္တမ္းရိုက္ကူး၍ “ စစ္ေတြဘက္မွ ရဲကားအစီး ၂၀ ဝန္းက်င္ ေက်ာက္ေတာ္ဘက္သို႔ လားခဲ့ပါေရ၊ ကားတင္လက္နက္ အျပည့္အစုံနဲ႔ ျဖစ္ပါေရ-အေရးႀကီးပါေရ” ဟု ေရးသားေဖာ္ျပခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ေဖေဖာ္ဝါရီလ ၁၀ ရက္တြင္ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ေရးသားခဲ့မႈသည္ တပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားသြားလာမႈအား လုံျခဳံေရးက်ိဳးေပါက္ေစရန္ အႀကံျဖင့္လည္းေကာင္း၊ အၾကမ္းဖက္အဖြဲ႕အစည္း(သို႔)မတရားအသင္းအဖြဲ႕အစည္းတစ္ခုခုအား သိရွိႏိုင္ေစရန္ ရည္ရြယ္၍လည္းေကာင္း ေရးသားေဖာ္ျပခဲ့သည္ဟု  စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဇာ္ဝင္းႏိုင္(ဖမ္းမိ)ကို ပုဏၰားကၽြန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၀/၂၀၁၉၊ မတရားအသင္း အက္ဥပေဒပုဒ္မ ၁၇(၁) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
ဓာတ္ပုံ-ရဲဇာနည္

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)


Unicode version

ရဲတပ်ဖွဲ့၏လုံခြုံရေးယာဉ်တန်းများကို ဗီဒီယိုရိုက်ကူးပြီး Facebook တွင်ဖြန့်ဝေခဲ့သူအား ဖမ်းဆီးအမှုဖွင့်
စစ်တွေမြို့မှ ထွက်ခွာလာသော ရဲတပ်ဖွဲ့၏လုံခြုံရေးယာဉ်တန်းများကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးပြီး Facebook ပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းများ(သို့)မတရားအသင်းအဖွဲ့အစည်းတစ်ခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍ ရေးသားဖော်ပြခဲ့သည့် အမျိုးသား ၁ ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွာဟောင်းရပ်ကွက်နေသူ ဇော်ဝင်းနိုင်၊ (၂၄)နှစ်သည် ဖေဖော်ဝါရီလ ၇ ရက်၊ ည ၈ နာရီခွဲခန့်က Ko Zaw Win Naing အကောင့်အမည်ဖြင့် Facebook ၌ စစ်တွေမှ မြောက်ဦးဘက်သို့ ထွက်ခွာလာသော ရဲတပ်ဖွဲ့၏လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး၍ “ စစ်တွေဘက်မှ ရဲကားအစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက် အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ” ဟု ရေးသားဖော်ပြခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ရေးသားခဲ့မှုသည် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအား လုံခြုံရေးကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့)မတရားအသင်းအဖွဲ့အစည်းတစ်ခုခုအား သိရှိနိုင်စေရန် ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့သည်ဟု  စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ဝင်းနိုင်(ဖမ်းမိ)ကို ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ (ပ)၁၀/၂၀၁၉၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ-ရဲဇာနည်

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။