Skip to main content
၁၀ တန္းေက်ာင္းသား ၂ ဦးထံမွ WY ေဆးျပားမ်ားေတြ႕ရွိရာမွတစ္ဆင့္ မူးယစ္ေဆးေရာင္းသူမ်ားကို ဖမ္းဆီးရမိ
Ads Block

၁၀ တန္းေက်ာင္းသား ၂ ဦးထံမွ WY ေဆးျပားမ်ားေတြ႕ရွိရာမွတစ္ဆင့္ မူးယစ္ေဆးေရာင္းသူမ်ားကို ဖမ္းဆီးရမိ

ျဖဴးၿမိဳ႕တြင္ မူးယစ္ေဆး၀ါးေရာင္းခ်သူမ်ားႏွင့္ ၁၀ တန္းေက်ာင္းသား ၂ ဦးအား မူးယစ္ေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခ႐ိုင္၊ ျဖဴးၿမိဳ႕၊ မင္းကံ႐ိုးေက်းရြာအုပ္စု၊ မင္းကံ႐ိုးေက်းရြာ ရြာလယ္ လမ္းမတြင္ ေဖေဖာ္ဝါရီလ ၉ ရက္၊ ညေန ၅ နာရီ၀န္းက်င္က လမ္းအတိုင္းအေနာက္ဘက္မွအေ႐ွ႕ဘက္သို႔ ဆိုင္ကယ္စီးနင္းလာေသာ ေဝယံၿဖိဳး(ခ)အာႀကီး၊ ၁၅ ႏွစ္၊ ၁၀ တန္း(ျပင္ပေျဖ)ႏွင့္ ဘူတာေတာင္ရပ္ကြက္၊ ျဖဴးၿမိဳ႕ႏွင့္ ထင္ေအာင္လင္း(ခ) ႐ွမ္းႀကီး၊ (၁၆)ႏွစ္၊ ၁၀ တန္း(ျပင္ပေျဖ)၊ သေျပတန္းရြာ၊ ျဖဴးအေ႐ွ႕အုပ္စု ေနသူတို႔အား ပူးေပါင္းအဖြဲ႔မွ သတင္းအရ ႐ွာေဖြခဲ့သည္။ 
ထိုသို႔ရွာေဖြရာ ေဝယံၿဖိဳးဝတ္ဆင္ထားေသာ လည္ကတုံးအကၤ်ီအျဖဴအိတ္ကပ္အတြင္းမွ WY စာတမ္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား(၅)ျပားေတြ႔ရိွခဲ့ၿပီးစစ္ေဆးေမးျမန္ခဲ့ရာ ေဆးျပားမ်ားကို မင္းကံ႐ိုးအေနာက္ (ကုလားရြာ)ေန ဦးသိန္းေအာင္(ခ)ဂ်ဝါဟီး၊ (၆၃)ႏွစ္၏ေနအိမ္မွတစ္ျပားလွ်င္(၁၆၀ဝ)က်ပ္ျဖင့္ ေငြ(၈၀၀၀) က်ပ္ကို အိမ္႐ွင္ထံေပးေခ်ခဲ့ၿပီး ၎၏သားျဖစ္သူ ၫြန္႔ေမာင္(ခ)အူးမား၊ (၂၄)ႏွစ္မွ ေဆးျပားမ်ားကို ေနအိမ္ခန္းအတြင္းမွထုတ္ေပးခဲ့ေၾကာင္း ေျပာဆိုသိရွိခဲ့သည္။
ထို႔ေၾကာင့္ ဦးသိန္းေအာင္ေနအိမ္သို႔ ႐ွာေဖြ ဝရမ္းျဖင့္ ဝင္ေရာက္႐ွာေဖြခဲ့ရာ ၎ႏွင့္သားျဖစ္သူတို႔အား ေနအိမ္တြင္မေတြ႔ရိွရဘဲ ၎၏ဇနီးႏွင့္ေခြၽးမျဖစ္သူတို႔အားေတြ႔ရိွခဲ့ရၿပီး ေနအိမ္ုခံဝန္းအတြင္းရိွ ႏြားတင္းကုပ္ အိပ္ယာနံေဘးတြင္ မူးယစ္ေဆးသုံးစြဲရာ၌ အသုံးျပဳေသာ ေရသန္႔ဗူး၊ ပိုက္၊ မီးျခစ္ စသည္တို႔ကိုေတြ႔ရိွခဲ့ရၿပီး ေနအိမ္အိပ္ခန္းအတြင္းမွ WY စိတ္ႂကြေဆးျပားပန္းေရာင္(၃၅)ျပား၊ အစိမ္းေရာင္(၃)ျပား စုစုေပါင္း(၃၈)ျပား SANSONIC စာတမ္းပါအိတ္အတြင္းမွ ေဆးေျခာက္ဟုယူဆရေသာအရြက္(၃)က်ပ္သားခန္႔ႏွင့္ မူးယစ္ေဆးဝါး ေရာင္းခ်ရာမွရ႐ွိလာေသာ ေငြစကၠဴေရာရာ(၄၄၄၈၀၀)က်ပ္တို႔ကို ႐ွာေဖြေတြ႔ရိွခဲ့သည္။
“ ဖမ္းမိတာကဟုတ္ပါတယ္။ ေက်ာင္းသားႏွစ္ေယာက္ပါတယ္ဆိုတာလည္းဟုတ္ပါတယ္။ အခုကေတာ့ စစ္ေဆးေနဆဲပါ။ ကြင္းဆက္တရားခံေတြကိုလည္းစုံစမ္းေဖာ္ထုတ္ေနပါတယ္” ဟု ျဖဴးၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ 
အမႈႏွင့္ပက္သက္၍ မူးယစ္ေဆးဝါးသုံးစြဲရန္လက္ဝယ္ထားရိွသူ ေဝယံၿဖိဳး၊ ထက္ေအာင္လင္းႏွင့္ မူးယစ္ေဆးဝါးေရာင္းခ်သူ သိန္းေအာင္၊ ညြန္႔ေမာင္၊ စႏၵီသရီး(ခ)မၾကည္ႏွင့္ မမိုးမိုးခ်မ္း(ခ)မဂီသာကူမာရီ တို႔အား ျဖဴးၿမိဳ႕မရဲစခန္း၌ (ပ)၃/၁၉ မူး/စိတ္ပုဒ္မ ၁၆(ဂ)/၁၉(က)/၂၀(က)/၂၁အရ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
ထို႔အျပင္ ထြက္ေျပးတိမ္းေ႐ွာင္ေနသူႏွစ္ဦးကို ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ၿဖိဳးကိုလင္း- ေညာင္ဝိုင္း(အကုန္သိ သတင္းဌာန)


Unicode version

၁၀ တန်းကျောင်းသား ၂ ဦးထံမှ WY ဆေးပြားများတွေ့ရှိရာမှတစ်ဆင့် မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးရမိ
ဖြူးမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူများနှင့် ၁၀ တန်းကျောင်းသား ၂ ဦးအား မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ မင်းကံရိုးကျေးရွာအုပ်စု၊ မင်းကံရိုးကျေးရွာ ရွာလယ် လမ်းမတွင် ဖေဖော်ဝါရီလ ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်က လမ်းအတိုင်းအနောက်ဘက်မှအရှေ့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဝေယံဖြိုး(ခ)အာကြီး၊ ၁၅ နှစ်၊ ၁၀ တန်း(ပြင်ပဖြေ)နှင့် ဘူတာတောင်ရပ်ကွက်၊ ဖြူးမြို့နှင့် ထင်အောင်လင်း(ခ) ရှမ်းကြီး၊ (၁၆)နှစ်၊ ၁၀ တန်း(ပြင်ပဖြေ)၊ သပြေတန်းရွာ၊ ဖြူးအရှေ့အုပ်စု နေသူတို့အား ပူးပေါင်းအဖွဲ့မှ သတင်းအရ ရှာဖွေခဲ့သည်။ 
ထိုသို့ရှာဖွေရာ ဝေယံဖြိုးဝတ်ဆင်ထားသော လည်ကတုံးအင်္ကျီအဖြူအိတ်ကပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅)ပြားတွေ့ရှိခဲ့ပြီးစစ်ဆေးမေးမြန်ခဲ့ရာ ဆေးပြားများကို မင်းကံရိုးအနောက် (ကုလားရွာ)နေ ဦးသိန်းအောင်(ခ)ဂျဝါဟီး၊ (၆၃)နှစ်၏နေအိမ်မှတစ်ပြားလျှင်(၁၆၀ဝ)ကျပ်ဖြင့် ငွေ(၈၀၀၀) ကျပ်ကို အိမ်ရှင်ထံပေးချေခဲ့ပြီး ၎င်း၏သားဖြစ်သူ ညွန့်မောင်(ခ)အူးမား၊ (၂၄)နှစ်မှ ဆေးပြားများကို နေအိမ်ခန်းအတွင်းမှထုတ်ပေးခဲ့ကြောင်း ပြောဆိုသိရှိခဲ့သည်။
ထို့ကြောင့် ဦးသိန်းအောင်နေအိမ်သို့ ရှာဖွေ ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်သားဖြစ်သူတို့အား နေအိမ်တွင်မတွေ့ရှိရဘဲ ၎င်း၏ဇနီးနှင့်ချွေးမဖြစ်သူတို့အားတွေ့ရှိခဲ့ရပြီး နေအိမ်ုခံဝန်းအတွင်းရှိ နွားတင်းကုပ် အိပ်ယာနံဘေးတွင် မူးယစ်ဆေးသုံးစွဲရာ၌ အသုံးပြုသော ရေသန့်ဗူး၊ ပိုက်၊ မီးခြစ် စသည်တို့ကိုတွေ့ရှိခဲ့ရပြီး နေအိမ်အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြားပန်းရောင်(၃၅)ပြား၊ အစိမ်းရောင်(၃)ပြား စုစုပေါင်း(၃၈)ပြား SANSONIC စာတမ်းပါအိတ်အတွင်းမှ ဆေးခြောက်ဟုယူဆရသောအရွက်(၃)ကျပ်သားခန့်နှင့် မူးယစ်ဆေးဝါး ရောင်းချရာမှရရှိလာသော ငွေစက္ကူရောရာ(၄၄၄၈၀၀)ကျပ်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
“ ဖမ်းမိတာကဟုတ်ပါတယ်။ ကျောင်းသားနှစ်ယောက်ပါတယ်ဆိုတာလည်းဟုတ်ပါတယ်။ အခုကတော့ စစ်ဆေးနေဆဲပါ။ ကွင်းဆက်တရားခံတွေကိုလည်းစုံစမ်းဖော်ထုတ်နေပါတယ်” ဟု ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အမှုနှင့်ပက်သက်၍ မူးယစ်ဆေးဝါးသုံးစွဲရန်လက်ဝယ်ထားရှိသူ ဝေယံဖြိုး၊ ထက်အောင်လင်းနှင့် မူးယစ်ဆေးဝါးရောင်းချသူ သိန်းအောင်၊ ညွန့်မောင်၊ စန္ဒီသရီး(ခ)မကြည်နှင့် မမိုးမိုးချမ်း(ခ)မဂီသာကူမာရီ တို့အား ဖြူးမြို့မရဲစခန်း၌ (ပ)၃/၁၉ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

- ဖြိုးကိုလင်း- ညောင်ဝိုင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။