Skip to main content
ေဖေဖာ္ဝါရီလ ပထမအပတ္အတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၁၃ ခုကို လုပ္ကိုင္ခြင့္ျပဳ
Ads Block

ေဖေဖာ္ဝါရီလ ပထမအပတ္အတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၁၃ ခုကို လုပ္ကိုင္ခြင့္ျပဳ

ေဖေဖာ္ဝါရီလ ပထမအပတ္အတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၁၃ ခုကို ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၁၃ ခုအနက္ စက္မႈက႑မွ (၆) ခု၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း က႑မွ (၁) ခု၊ ဟိုတယ္ႏွင့္ ခရီးသြားက႑မွ(၁) ခု၊ သတၱဳက႑မွ (၁) ခုႏွင့္ အျခားက႑မွ (၄) ခုတို႔ကိုခြင့္ျပဳေပးခဲ့ျခင္းျဖစ္ကာ အဆိုပါလုပ္ငန္းမ်ားမွ ျပည္တြင္းရွိလူဦးေရ ၃၁၇၀ ဦးအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန (DICA) မွ သိရသည္။
“ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ရဲ႕ (၂/၂၀၁၉)အစည္းအေဝးကေန ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈ အဆိုျပဳလုပ္ငန္း ၂ ခုနဲ႔ အတည္ျပဳလုပ္ငန္း ၁၁ ခုခြင့္ျပဳခဲ့ပါတယ္” ဟု DICA မွ ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာမာလာမ်ိဳးညႊန္႔က ေျပာသည္။ 
ယင္းလုပ္ငန္းမ်ားအနက္ အဆိုျပဳလုပ္ငန္း ၂ ခုႏွင့္ အတည္ျပဳလုပ္ငန္း ၁ ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္မွ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီးက်န္ရွိသည့္အတည္ျပဳလုပ္ငန္း ၁၀ ခုကိုရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ၂ ခု၊ မႏၱေလးတိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ၁ ခု ၊ စစ္ကိုင္းတိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ၂ ခု၊ မေကြးတိုင္းေဒသႀကီးရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ၁ ခု၊ မြန္ျပည္နယ္ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီမွ ၃ ခုႏွင့္ ရခိုင္ျပည္နယ္ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ၁ ခုတို႔ အသီးသီးခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။
လက္ရွိ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ေဖေဖာ္ဝါရီလ ၄ ရက္အထိ အေမရိကန္ေဒၚလာ ၂၁၁ သန္း အပါအဝင္ က်ပ္ ၅၆၅ ဘီလ်ံနီးပါးမတည္ရင္းႏွီးလုပ္ကိုင္မည္ျဖစ္ကာ စုစုေပါင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းေပါင္း ၉၂ ခုကိုခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာင္း DICA မွ သိရသည္။ 

- သင္းသင္းလႈိင္(အကုန္သိ သတင္းဌာန)

Unicode version

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုကို လုပ်ကိုင်ခွင့်ပြု
ဖေဖော်ဝါရီလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုအနက် စက်မှုကဏ္ဍမှ (၆) ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ (၁) ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ(၁) ခု၊ သတ္တုကဏ္ဍမှ (၁) ခုနှင့် အခြားကဏ္ဍမှ (၄) ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းရှိလူဦးရေ ၃၁၇၀ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
“ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ (၂/၂၀၁၉)အစည်းအဝေးကနေ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၂ ခုနဲ့ အတည်ပြုလုပ်ငန်း ၁၁ ခုခွင့်ပြုခဲ့ပါတယ်” ဟု DICA မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမာလာမျိုးညွှန့်က ပြောသည် 
ယင်းလုပ်ငန်းများအနက် အဆိုပြုလုပ်ငန်း ၂ ခုနှင့် အတည်ပြုလုပ်ငန်း ၁ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးကျန်ရှိသည့်အတည်ပြုလုပ်ငန်း ၁၀ ခုကိုရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ၂ ခု၊ မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ၁ ခု ၊ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ၂ ခု၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ၁ ခု၊ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၃ ခုနှင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ၁ ခုတို့ အသီးသီးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ အမေရိကန်ဒေါ်လာ ၂၁၁ သန်း အပါအဝင် ကျပ် ၅၆၅ ဘီလျံနီးပါးမတည်ရင်းနှီးလုပ်ကိုင်မည်ဖြစ်ကာ စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉၂ ခုကိုခွင့်ပြုပေးထားပြီးဖြစ်ကြောင်း DICA မှ သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။