Skip to main content
ေဒ၀ါလီခံသြားသည့္ Red Dot ကုမၸဏီ သည္ DICA တြင္ မွတ္ပံုတင္ကာ ဖြင့္လွစ္ထားသည့္ ကုမၸဏီျဖစ္ဟုဆို
Ads Block

ေဒ၀ါလီခံသြားသည့္ Red Dot ကုမၸဏီ သည္ DICA တြင္ မွတ္ပံုတင္ကာ ဖြင့္လွစ္ထားသည့္ ကုမၸဏီျဖစ္ဟုဆို

မၾကာမီရက္ပိုင္းအတြင္း ရံုးခန္းပိတ္ကာ တိမ္းေရွာင္သြားသည့္ Red Dot ကုမၸဏီသည္ နယ္သာလန္ ႏိုင္ငံသားတစ္ဦးႏွင့္ အိုင္ယာလန္ႏိုင္ငံသားတစ္ဦး၏ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာန (DICA) တြင္ ကုမၸဏီမွတ္ပံုတင္ကာ ဖြင့္ လွစ္ထားျခင္းျဖစ္ေၾကာင္း DICA မွ သိရသည္။
ႏုိင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံမႈ ရာႏႈန္းျပည့္ ပါဝင္သည့္ Red Dot ကုမၸဏီသည္ နယ္သာလန္ႏိုင္ငံ သား တစ္ဦးႏွင့္ အိုင္ယာလန္ ႏိုင္ငံသားတစ္ဦးမွ ကုမၸဏီအုပ္ခ်ဳပ္သူ ဒါရိုက္တာအျဖစ္ DICA တြင္ ကုမၸဏီ မွတ္ပံုတင္ကာ လုပ္ကိုင္ ခဲ့ျခင္းျဖစ္သည္။ 
 “Red Dot က MIC ခြင့္ျပဳခ်က္ယူထားတာမဟုတ္ပါဘူး။ ကုမၸဏီ မွတ္ပံုတင္ကေတာ့ DICA မွာေတာ့ ယူထားတယ္။  ဒါေပမဲ့ လုပ္ငန္းလုပ္ပိုင္ခြင့္ကေတာ့ MIC က ခြင့္ျပဳထားျခင္းမရွိပါဘူး။ နယ္သာလန္ ႏိုင္ငံသားတစ္ေယာက္နဲ႔ အိုင္ယာလန္ ႏိုင္ငံတစ္ ေယာက္ကေန ကုမၸဏီေထာင္ၿပီး ဒီမွာလုပ္ကိုင္ေနတာျဖစ္တယ္”ဟု DICA မွ ညႊန္ၾကားေရးမွဴး ဦးမ်ိဳးမင္းက ဆိုသည္။ 
သို႔ေသာ္လည္း မဆိုပါကုမၸဏီကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ (MIC) မွ လုပ္ငန္းလုပ္ကိုင္ရန္ ခြင့္ျပဳထားျခင္း မရွိေၾကာင္း DICA မွ သိရသည္။

 

ေဒ၀ါလီခံသြားသည့္ Red Dot ကုမၸဏီ သည္ DICA တြင္ မွတ္ပံုတင္ကာ ဖြင့္လွစ္ထားသည့္ ကုမၸဏီျဖစ္ဟုဆို

 

အဆိုပါ Red Dot ကုမၸဏီသည္ ၂၀၁၄ ခုႏွစ္ တြင္ စတင္ ထူေထာင္ခဲ့ၿပီး ၂၀၁၅ ဇန္န၀ါရီလမွ စတင္ကာ အီလက္ထရြန္း နစ္စနစ္ ျဖင့္ ဖုန္းေငြျဖည့္ျခင္းႏွင့္ မီတာခေပးေဆာင္သည့္ ဝန္ေဆာင္ မႈလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့ၿပီး ေဗဒင္ကဲ့သုိ႔ေသာ ၀န္ေဆာင္မႈမ်ား အတြက္ Red Dot Pay ျဖင့္ လုပ္ကုိင္ခဲ့ျခင္း ျဖစ္သည္။ 
ယင္း ကုမၸဏီမွ ကုိယ္စားလွယ္ရယူထားသူေပါင္း ႏွစ္ေသာင္းေက်ာ္ရွိၿပီး အဓိကမိတ္ဖက္ လုပ္ငန္းမ်ားအေနျဖင့္ ဆက္သြယ္ေရး ေအာ္ပေရတာ လုပ္ငန္းေလးခုျဖစ္ၿပီး အျခား မိတ္ဖက္မ်ားအေနျဖင့္ Viber, Ananda, iflix, Viu ႏွင့္ ဘဏ္အခ်ိဳ႕ ပါ၀င္ေၾကာင္း သိရ သည္။
Red dot ကုမၸဏီသည္ ေဖေဖာ္ဝါရီလ ၄ ရက္မွ စတင္ၿပီး ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္၊ ေယာမင္း ႀကီးလမ္းရွိ York center တြင္ ဖြင့္လွစ္ထားသည့္ ကုမၸဏီ ႐ုံးခန္းႏွင့္ တိုင္းႏွင့္ ျပည္နယ္အသီးသီးတြင္ ဖြင့္လွစ္ ထားေသာ ႐ုံးခန္းခြဲမ်ားကို တၿပိဳင္တည္း ပိတ္ သိမ္းခဲ့၍ တိမ္းေရွာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ကိုယ္စား လွယ္မ်ားထံမွ သိရသည္။  
ထုိသို႔ တိမ္းေရွာင္ခဲ့စဥ္တြင္ ေငြျဖည့္သြင္းရန္ ႀကိဳတင္ေပးအပ္ထားသည့္ေငြမွာ ကိုယ္စားလွယ္တစ္ဦးလွ်င္ အနည္းဆံုး က်ပ္ငါး ေသာင္းမွ က်ပ္သိန္း ၃၀ ခန္႔အထိ ရွိေၾကာင္း ကိုယ္စားလွယ္မ်ားထံမွ သိရသည္။ 
- သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန) 

 

Unicode version

ဒေဝါလီခံသွားသည့် Red Dot ကုမ္ပဏီ သည် DICA တွင် မှတ်ပုံတင်ကာ ဖွင့်လှစ်ထားသည့် ကုမ္ပဏီဖြစ်ဟုဆို

မကြာမီရက်ပိုင်းအတွင်း ရုံးခန်းပိတ်ကာ တိမ်းရှောင်သွားသည့် Red Dot ကုမ္ပဏီသည် နယ်သာလန် နိုင်ငံသားတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသားတစ်ဦး၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ကုမ္ပဏီမှတ်ပုံတင်ကာ ဖွင့် လှစ်ထားခြင်းဖြစ်ကြောင်း DICA မှ သိရသည်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ပါဝင်သည့် Red Dot ကုမ္ပဏီသည် နယ်သာလန်နိုင်ငံ သား တစ်ဦးနှင့် အိုင်ယာလန် နိုင်ငံသားတစ်ဦးမှ ကုမ္ပဏီအုပ်ချုပ်သူ ဒါရိုက်တာအဖြစ် DICA တွင် ကုမ္ပဏီ မှတ်ပုံတင်ကာ လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။ 
 “Red Dot က MIC ခွင့်ပြုချက်ယူထားတာမဟုတ်ပါဘူး။ ကုမ္ပဏီ မှတ်ပုံတင်ကတော့ DICA မှာတော့ ယူထားတယ်။  ဒါပေမဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကတော့ MIC က ခွင့်ပြုထားခြင်းမရှိပါဘူး။ နယ်သာလန် နိုင်ငံသားတစ်ယောက်နဲ့ အိုင်ယာလန် နိုင်ငံတစ် ယောက်ကနေ ကုမ္ပဏီထောင်ပြီး ဒီမှာလုပ်ကိုင်နေတာဖြစ်တယ်”ဟု DICA မှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဆိုသည်။ 
သို့သော်လည်း မဆိုပါကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိကြောင်း DICA မှ သိရသည်။
အဆိုပါ Red Dot ကုမ္ပဏီသည် ၂၀၁၄ ခုနှစ် တွင် စတင် ထူထောင်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ အီလက်ထရွန်း နစ်စနစ် ဖြင့် ဖုန်းငွေဖြည့်ခြင်းနှင့် မီတာခပေးဆောင်သည့် ဝန်ဆောင် မှုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ဗေဒင်ကဲ့သို့သော ဝန်ဆောင်မှုများ အတွက် Red Dot Pay ဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ 
ယင်း ကုမ္ပဏီမှ ကိုယ်စားလှယ်ရယူထားသူပေါင်း နှစ်သောင်းကျော်ရှိပြီး အဓိကမိတ်ဖက် လုပ်ငန်းများအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလေးခုဖြစ်ပြီး အခြား မိတ်ဖက်များအနေဖြင့် Viber, Ananda, iflix, Viu နှင့် ဘဏ်အချို့ ပါဝင်ကြောင်း သိရ သည်။
Red dot ကုမ္ပဏီသည် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်းရှိ York center တွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီ ရုံးခန်းနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ် ထားသော ရုံးခန်းခွဲများကို တပြိုင်တည်း ပိတ် သိမ်းခဲ့၍ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်စား လှယ်များထံမှ သိရသည်။  
ထိုသို့ တိမ်းရှောင်ခဲ့စဉ်တွင် ငွေဖြည့်သွင်းရန် ကြိုတင်ပေးအပ်ထားသည့်ငွေမှာ ကိုယ်စားလှယ်တစ်ဦးလျှင် အနည်းဆုံး ကျပ်ငါး သောင်းမှ ကျပ်သိန်း ၃၀ ခန့်အထိ ရှိကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။ 
- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန) 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။