Skip to main content
မိတၱဴဆိုင္တြင္ အလုပ္လုပ္ေနသည့္ ၁၄ ႏွစ္ အ႐ြယ္ မိန္းကေလးကို အလုပ္ရွင္ျဖစ္သူက အဓမၼျပဳက်င့္
Ads Block

မိတၱဴဆိုင္တြင္ အလုပ္လုပ္ေနသည့္ ၁၄ ႏွစ္ အ႐ြယ္ မိန္းကေလးကို အလုပ္ရွင္ျဖစ္သူက အဓမၼျပဳက်င့္

မိတၱဴဆိုင္တစ္ဆိုင္တြင္ အလုပ္လုပ္ကိုင္ေနသည့္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးကို အျခားဆိုင္ဝန္ထမ္းမ်ားမရွိခင္ အလုပ္ရွင္ျဖစ္ သူက အဓမၼျပဳက်င့္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ေဖေဖၚဝါရီလ ၇ ရက္က ပဲခူးၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ နန္းေတာ္ရာရပ္ကြက္၊ အလင္းေရာင္၂ ၊ ေအးေမတၱာလမ္းရွိ ေအာင္မ်ိဳးျမင့္မိတၱဴ ဖိတ္စာႏွင့္ ယပ္ေတာင္လုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနေသာ မ --------- (၁၄)ႏွစ္ကို ေဖေဖာ္ဝါရီလ ၇ ရက္ မြန္းလြဲ ၂ နာရီခန႔္တြင္ အလုပ္ ရွင္ျဖစ္သူ ေအာင္ကိုကို (၃၂)ႏွစ္က အျခားဆိုင္ဝန္ထမ္းမ်ားမရွိခင္ ဘုရားဆြမ္းေတာ္သြား စြန႔္ခိုင္းၿပီး အဓမၼျပဳက်င့္ခဲ့ေၾကာင္း ပဲခူး ၿမိဳ႕မရဲစခန္းမွ သိရသည္။
“မိတၱဴဆိုင္က အိပ္ခန္းနဲ႔ တြဲလ်က္ေပါ့။ အဲဒီေန႔က အလုပ္သမားဆိုလို႔ အဲဒီေကာင္မေလးနဲ႔ ေဇယ်ာဆိုသူပဲရွိတယ္။ ေဇယ်ာကို ဆိုင္ရွင္ေအာင္ကိုကိုက အျပင္ကို အလုပ္ခိုင္းလိုက္တယ္။ ၿပီးေတာ့ ေကာင္မေလးကို အိပ္ခန္းထဲမွာ ဘုရားဆြမ္းေတာ္ ကပ္ထား တာကို သြားစြန႔္ခိုင္းတယ္။ ေကာင္မေလး ဘုရားဆြမ္းေတာ္စြန႔္ေနတုန္း ေနာက္ကေန လိုက္သြားၿပီး အဓမၼျပဳက်င့္ခဲ့တာပဲ” ဟု ပဲခူးၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ရွင္ျဖစ္သူကို အေရးယူေပးရန္ မိန္းကေလး၏ မိခင္ျဖစ္သူက တိုင္တန္းခဲ့သျဖင့္ ပဲခူးၿမိဳ႕မရဲ စခန္းမွ (ပ)၂/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၇၆ ျဖင့္ ဖမ္းဆီး အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန) |ဓာတ္ပုံ-Aung Thit Sar
 

 

Unicode version

မိတ္တူဆိုင်တွင် အလုပ်လုပ်နေသည့် ၁၄ နှစ် အရွယ် မိန်းကလေးကို အလုပ်ရှင်ဖြစ်သူက အဓမ္မပြုကျင့်

မိတ္တူဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ၁၄ နှစ်အရွယ် မိန်းကလေးကို အခြားဆိုင်ဝန်ထမ်းများမရှိခင် အလုပ်ရှင်ဖြစ် သူက အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖေါ်ဝါရီလ ၇ ရက်က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ အလင်းရောင်၂ ၊ အေးမေတ္တာလမ်းရှိ အောင်မျိုးမြင့်မိတ္တူ ဖိတ်စာနှင့် ယပ်တောင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မ --------- (၁၄)နှစ်ကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အလုပ် ရှင်ဖြစ်သူ အောင်ကိုကို (၃၂)နှစ်က အခြားဆိုင်ဝန်ထမ်းများမရှိခင် ဘုရားဆွမ်းတော်သွား စွန့်ခိုင်းပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ပဲခူး မြို့မရဲစခန်းမှ သိရသည်။
“မိတ္တူဆိုင်က အိပ်ခန်းနဲ့ တွဲလျက်ပေါ့။ အဲဒီနေ့က အလုပ်သမားဆိုလို့ အဲဒီကောင်မလေးနဲ့ ဇေယျာဆိုသူပဲရှိတယ်။ ဇေယျာကို ဆိုင်ရှင်အောင်ကိုကိုက အပြင်ကို အလုပ်ခိုင်းလိုက်တယ်။ ပြီးတော့ ကောင်မလေးကို အိပ်ခန်းထဲမှာ ဘုရားဆွမ်းတော် ကပ်ထား တာကို သွားစွန့်ခိုင်းတယ်။ ကောင်မလေး ဘုရားဆွမ်းတော်စွန့်နေတုန်း နောက်ကနေ လိုက်သွားပြီး အဓမ္မပြုကျင့်ခဲ့တာပဲ” ဟု ပဲခူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူကို အရေးယူပေးရန် မိန်းကလေး၏ မိခင်ဖြစ်သူက တိုင်တန်းခဲ့သဖြင့် ပဲခူးမြို့မရဲ စခန်းမှ (ပ)၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ ဖြင့် ဖမ်းဆီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) ဓာတ်ပုံ-Aung Thit Sar
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။