Skip to main content
အမ်ိဳးသမီးမ်ားရဲ႕ ဦးေႏွာက္သက္တမ္းဟာ လူသက္တမ္းထက္ ၄ ႏွစ္စာနီးပါး ပိုငယ္ေနဟု ေလ့လာေတြ႕ရွိ 
Ads Block

အမ်ိဳးသမီးမ်ားရဲ႕ ဦးေႏွာက္သက္တမ္းဟာ လူသက္တမ္းထက္ ၄ ႏွစ္စာနီးပါး ပိုငယ္ေနဟု ေလ့လာေတြ႕ရွိ 

အမ်ိဳးသမီးမ်ားရဲ႕ ဦးေႏွာက္အသက္အ႐ြယ္ဟာ ၎တို႔ရဲ႕လူသက္တမ္းထက္ ပ်မ္းမွ်အားျဖင့္ ၄ ႏွစ္စာခန႔္ ငယ္ေနတယ္လို႔ အေမရိကန္ က်န္းမာေရးသုေတသီေတြက ေဖေဖၚဝါရီ ၄ ရက္ေန႔မွာ ေလ့လာေတြ႕ရွိခဲ့ပါတယ္။
လူ႔ဦးေႏွာက္ဟာ အျခားကလီစာမ်ားကဲ့သို႔ပဲ သၾကားဓါတ္ကို ေလာင္စာအျဖစ္အသုံးျပဳရပါတယ္။ ဦးေႏွာက္ရဲ႕ ဂလူးကို႔စ္ဓါတ္ အသုံးျပဳပုံမွတစ္ဆင့္ ၎ရဲ႕ဇီဝကမၼအသက္အ႐ြယ္ကို ေလ့လာၾကည့္ခဲ့ပါတယ္။ PNAS သိပၸံဂ်ာနယ္ရဲ႕ ေလ့လာဆန္းစစ္ခ်က္မွာ အသက္ ၂၀ မွ ၈၀ အတြင္းရွိ အမ်ိဳးသမီး ၁၂၁ ေယာက္နဲ႔ အမ်ိဳးသား ၈၄ ေယာက္ရဲ႕ ဦးေႏွာက္တြင္း ေအာက္စီဂ်င္နဲ႔ဂလူးကို႔စ္ဓါတ္စီးဆင္းမႈ ဇီဝကမၼျဖစ္စဥ္ေတြကို PET စကင္န္႐ိုက္ၿပီး တိုင္းတာၾကည့္ခဲ့ပါတယ္။ ၎မွာ အမ်ိဳးသမီးေတြရဲ႕ ဦးေႏွာက္ဇီဝကမၼသက္ဟာ လူသက္တမ္းထက္ ပ်မ္းမွ်အားျဖင့္ ၃.၈ ႏွစ္စာခန႔္ ငယ္ေနေၾကာင္း ေတြ႕ခဲ့ရၿပီး အမ်ိဳးသားဦးေႏွာက္သက္ကေတာ့ လူသက္တမ္းထက္ ပ်မ္းမွ် ၂.၄ ႏွစ္စာ ပိုႀကီးရင့္ေနပါတယ္။

 

အမ်ိဳးသမီးမ်ားရဲ႕ ဦးေႏွာက္သက္တမ္းဟာ လူသက္တမ္းထက္ ၄ ႏွစ္စာနီးပါး ပိုငယ္ေနဟု ေလ့လာေတြ႕ရွိ 

 

ဒါဟာ အမ်ိဳးသားဦးေႏွာက္ေတြက ျမန္ျမန္ႀကီးရင့္ေနၾကတာမဟုတ္ပဲ အမ်ိဳးသမီးေတြထက္ လူႀကီးျဖစ္ခ်ိန္ ၃ ႏွစ္ခန႔္ ေစာေနၿပီး တစ္သက္လုံး ၎အတိုင္း တစ္သမတ္တည္း ဆက္ျဖစ္သြားတာေၾကာင့္လို႔ ဝါရွင္တန္ေဆးတကၠသိုလ္ ဓါတ္ေရာင္ျခည္ကုသေရးပါေမာကၡက ေျပာျပခဲ့ပါတယ္။ ၎အတြက္ အျခားသီအိုရီတစ္ခုမွာေတာ့ အမ်ိဳးသမီးေတြရဲ႕ဦးေႏွာက္တြင္း ဇီဝကမၼျဖစ္စဥ္ေတြအေပၚ ၎တို႔ရဲ႕ေဟာ္မုန္းေတြဟာ ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက သက္ေရာက္ပုံသြင္းခဲ့တာေၾကာင့္ အမ်ိဳးသားမ်ားထက္ ပိုငယ္ေနျခင္းျဖစ္တယ္လို႔ ဆိုထားပါတယ္။
အိုမင္းခ်ိန္မွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားမ်ားထက္ သိမွတ္ခံစားမႈ ယုတ္ေလ်ာ့က်ဆင္းႏႈန္း နည္းပါးေၾကာင္း သိရွိထားၾကၿပီးျဖစ္ပါတယ္။ ယခုေတြ႕ရွိခ်က္ကိုအေျခခံၿပီး ဦးေႏွာက္တြင္း ဇီဝကမၼျဖစ္ပ်က္မႈမတူညီျခင္းေၾကာင့္ ထိုသို႔ နည္းပါးသလားဆိုတာကို ဆက္လက္ေလ့လာမယ္လို႔ သိရပါတယ္။ 
- ZHO (အကုန္သိ သတင္းဌာန) | Ref:AFP 
 

 

အမျိုးသမီးများရဲ့ ဦးနှောက်သက်တမ်းဟာ လူသက်တမ်းထက် ၄ နှစ်စာနီးပါး ပိုငယ်နေဟု လေ့လာတွေ့ရှိ 

အမျိုးသမီးများရဲ့ ဦးနှောက်အသက်အရွယ်ဟာ ၎င်းတို့ရဲ့လူသက်တမ်းထက် ပျမ်းမျှအားဖြင့် ၄ နှစ်စာခန့် ငယ်နေတယ်လို့ အမေရိကန် ကျန်းမာရေးသုတေသီတွေက ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ လေ့လာတွေ့ရှိခဲ့ပါတယ်။
လူ့ဦးနှောက်ဟာ အခြားကလီစာများကဲ့သို့ပဲ သကြားဓါတ်ကို လောင်စာအဖြစ်အသုံးပြုရပါတယ်။ ဦးနှောက်ရဲ့ ဂလူးကို့စ်ဓါတ် အသုံးပြုပုံမှတစ်ဆင့် ၎င်းရဲ့ဇီဝကမ္မအသက်အရွယ်ကို လေ့လာကြည့်ခဲ့ပါတယ်။ PNAS သိပ္ပံဂျာနယ်ရဲ့ လေ့လာဆန်းစစ်ချက်မှာ အသက် ၂၀ မှ ၈၀ အတွင်းရှိ အမျိုးသမီး ၁၂၁ ယောက်နဲ့ အမျိုးသား ၈၄ ယောက်ရဲ့ ဦးနှောက်တွင်း အောက်စီဂျင်နဲ့ဂလူးကို့စ်ဓါတ်စီးဆင်းမှု ဇီဝကမ္မဖြစ်စဉ်တွေကို PET စကင်န်ရိုက်ပြီး တိုင်းတာကြည့်ခဲ့ပါတယ်။ ၎င်းမှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ဇီဝကမ္မသက်ဟာ လူသက်တမ်းထက် ပျမ်းမျှအားဖြင့် ၃.၈ နှစ်စာခန့် ငယ်နေကြောင်း တွေ့ခဲ့ရပြီး အမျိုးသားဦးနှောက်သက်ကတော့ လူသက်တမ်းထက် ပျမ်းမျှ ၂.၄ နှစ်စာ ပိုကြီးရင့်နေပါတယ်။
ဒါဟာ အမျိုးသားဦးနှောက်တွေက မြန်မြန်ကြီးရင့်နေကြတာမဟုတ်ပဲ အမျိုးသမီးတွေထက် လူကြီးဖြစ်ချိန် ၃ နှစ်ခန့် စောနေပြီး တစ်သက်လုံး ၎င်းအတိုင်း တစ်သမတ်တည်း ဆက်ဖြစ်သွားတာကြောင့်လို့ ဝါရှင်တန်ဆေးတက္ကသိုလ် ဓါတ်ရောင်ခြည်ကုသရေးပါမောက္ခက ပြောပြခဲ့ပါတယ်။ ၎င်းအတွက် အခြားသီအိုရီတစ်ခုမှာတော့ အမျိုးသမီးတွေရဲ့ဦးနှောက်တွင်း ဇီဝကမ္မဖြစ်စဉ်တွေအပေါ် ၎င်းတို့ရဲ့ဟော်မုန်းတွေဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက သက်ရောက်ပုံသွင်းခဲ့တာကြောင့် အမျိုးသားများထက် ပိုငယ်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
အိုမင်းချိန်မှာ အမျိုးသမီးတွေဟာ အမျိုးသားများထက် သိမှတ်ခံစားမှု ယုတ်လျော့ကျဆင်းနှုန်း နည်းပါးကြောင်း သိရှိထားကြပြီးဖြစ်ပါတယ်။ ယခုတွေ့ရှိချက်ကိုအခြေခံပြီး ဦးနှောက်တွင်း ဇီဝကမ္မဖြစ်ပျက်မှုမတူညီခြင်းကြောင့် ထိုသို့ နည်းပါးသလားဆိုတာကို ဆက်လက်လေ့လာမယ်လို့ သိရပါတယ်။ 
- ZHO (အကုန်သိ သတင်းဌာန) | Ref:AFP 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။