Skip to main content
ေငြေရးေၾကးေရးဆိုင္ရာ ျပႆနာမ်ား ေျဖရွင္းရန္ လိုအပ္ပါက အထူးတရားရံုး ဖြင့္လွစ္မည္ဟု ဗဟိုဘဏ္ တာ၀န္ရိွသူေျပာ
Ads Block

ေငြေရးေၾကးေရးဆိုင္ရာ ျပႆနာမ်ား ေျဖရွင္းရန္ လိုအပ္ပါက အထူးတရားရံုး ဖြင့္လွစ္မည္ဟု ဗဟိုဘဏ္ တာ၀န္ရိွသူေျပာ

ဘဏ္၊ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ ေခ်းေငြယူေဆာင္ထားသူမ်ားအၾကား ေငြေရးေၾကးေရးဆိုင္ရာ ျပႆနာရပ္မ်ားကို ေျဖရွင္းရန္အတြက္ လိုအပ္ပါက အထူးတရားရံုး ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဗဟုိဘဏ္ ဥကၠ႒ (၃) ဦး ဘိုဘိုငယ္က ေျပာသည္။
ေငြေရးေၾကးေရးဆိုင္ရာ မေျပလည္မႈမ်ား သိသိသာမ်ားျပားလာသည့္အျပင္ တရားရံုးတြင္လည္း မေျပလည္ဘဲ ၾကန္႔ၾကာေနပါက ဥပေဒေရးရာ ကၽြမ္းက်င္သူမ်ားျဖင့္ ညွိႏိႈင္းတိုင္ပင္ၿပီး အထူးတရားရံုးဖြဲ႕၍ ေျဖရွင္းရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၄င္းက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ လုပ္ခဲ့ဖူးတာရွိတယ္။ အထူးတရားရံုးဆိုတာ။ ဒီအမႈက တရားမမႈ ျဖစ္တာကိုး။ ဒီအမႈကို ဖြင့္သြားဖုိ႔ပါ။ ဒီလို မ်ိဳးကိစၥေတြ မ်ားေနတယ္။ ျပႆနာေတြက ၾကာေနတယ္ဆိုရင္ လုပ္သြားမယ္။ ဒီကိစၥက ဗဟိုဘဏ္တစ္ခုတည္းလည္း မၿပီးပါ ဘူး။ တရားစီရင္ေရး မ႑ိဳင္ေတြနဲ႔ ညွိႏႈိင္းၿပီးေတာ့ လိုအပ္ရင္ေတာ့ လုပ္သြားပါမယ္။ လုပ္သင့္တယ္လို႔ ထင္ပါတယ္။ အဲဒါမွ လည္း ျမန္ျမန္ဆန္ဆန္ၿပီးသြားမွာျဖစ္တယ္။ ဒီကိစၥက ေပါ့ေပါ့ ေသးေသးေတာ့ မဟုတ္ပါဘူး” ဟု ဦးဘိုဘိုငယ္က ဆိုသည္။ 
ဗဟိုဘဏ္သည္ တရားဥပေဒဆိုင္ရာ အာဏာပိုင္အဖြဲ႔အစည္းမဟုတ္သျဖင့္ ေငြေရးေၾကးေရးဆိုင္ရာ ဝန္ေဆာင္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းေၾကာင့္ ျပႆနာ မျဖစ္ေပၚေစရန္ စည္းမ်ဥ္းစည္းကမ္းမ်ားသာ သတ္မွတ္ေပးႏိုင္ၿပီး မေျပလည္မႈမ်ား ျဖစ္ေပၚ လာပါက တရားရံုးတြင္ ညွိႏႈိင္းေျဖရွင္းရမည္ျဖစ္ေၾကာင္း ၄င္းကဆိုသည္။ 
“ဘဏ္နဲ႔ ေငြေခ်းတဲ့လူၾကားမွာ စာခ်ဳပ္ေတြ ခ်ဳပ္ၾကတယ္။ ခ်ဳပ္လို႔ တစ္ေယာက္ေယာက္ဘက္က ကတိကဝတ္ ေတြ ပ်က္ၾက မယ္။ ဗဟိုဘဏ္က ေငြေခ်းဆိုင္ရာ ကိစၥေတြ လြယ္ကူေအာင္ ဘယ္ေလာက္လုပ္ေပး၊ လုပ္ေပး။ တစ္ေယာက္နဲ႔ တစ္ေယာက္ အခန္႔မသင့္ျဖစ္လာလို႔ ေနာက္ဆံုးက်ရင္ေတာ့ ဥပေဒေၾကာင္းအရ သြားၾကဖို႔ရွိ ေတာ့တယ္။ တရားရံုးကို ဦးတိုက္ေလ်ာက္ရတာ ျဖစ္တယ္။ ဒါကို ဗဟိုဘဏ္က ဝင္ၿပီး ဘယ္သူကေတ့ာ ဘယ္ေလာက္ရေစ၊ ဘယ္သူကေတာ့ ဘယ္ေလာက္ရေစဆိုၿပီး တရားရံုး လုိမ်ိဳး ဝင္ၿပီး စီရင္ဆံုးျဖတ္ပိုင္ခြင့္ မရွိပါဘူး။ ပုဂၢလိက တစ္ဦးခ်င္းျဖစ္ေစ၊ ဘဏ္နဲ႔ ကုမၸဏီျဖစ္ေစ၊ ဒီလိုမ်ိဳး ေခ်းေငြဆိုင္ရာ အျငင္း ပြားမႈျဖစ္လာၿပီဆိုရင္ တရားရံုးနဲ႔ပဲ ရွင္းရတာျဖစ္ပါတယ္” ဟု ဦးဘိုဘိုငယ္က ဆုိသည္။ 
ႏိုင္ငံေတာ္ ဗဟုိဘဏ္အေနျဖင့္ ေငြေၾကး စနစ္တည္ၿငိမ္မႈရွိေစရန္ႏွင့္ ဘဏ္စနစ္ကို ထိန္းသိမ္းရန္အတြက္သာ  လုပ္ကိုင္ေဆာင္ ရြက္ခြင့္ရွိေၾကာင္းလည္း ၎၏ ေျပာၾကားခ်က္အရ သိရသည္။

- သင္းသင္းလိႈင္ (အကုန္သိ သတင္းဌာန)


Unicode version

ငွေရေးကြေးရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန် လိုအပ်ပါက အထူးတရားရုံး ဖွင့်လှစ်မည်ဟု ဗဟိုဘဏ် တာဝန်ရှိသူပြော
ဘဏ်၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ချေးငွေယူဆောင်ထားသူများအကြား ငွေရေးကြေးရေးဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းရန်အတွက် လိုအပ်ပါက အထူးတရားရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ (၃) ဦး ဘိုဘိုငယ်က ပြောသည်။
ငွေရေးကြေးရေးဆိုင်ရာ မပြေလည်မှုများ သိသိသာများပြားလာသည့်အပြင် တရားရုံးတွင်လည်း မပြေလည်ဘဲ ကြန့်ကြာနေပါက ဥပဒေရေးရာ ကျွမ်းကျင်သူများဖြင့် ညှိနှိုင်းတိုင်ပင်ပြီး အထူးတရားရုံးဖွဲ့၍ ဖြေရှင်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တစ်ချို့နိုင်ငံတွေမှာ လုပ်ခဲ့ဖူးတာရှိတယ်။ အထူးတရားရုံးဆိုတာ။ ဒီအမှုက တရားမမှု ဖြစ်တာကိုး။ ဒီအမှုကို ဖွင့်သွားဖို့ပါ။ ဒီလို မျိုးကိစ္စတွေ များနေတယ်။ ပြဿနာတွေက ကြာနေတယ်ဆိုရင် လုပ်သွားမယ်။ ဒီကိစ္စက ဗဟိုဘဏ်တစ်ခုတည်းလည်း မပြီးပါ ဘူး။ တရားစီရင်ရေး မဏ္ဍိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ လိုအပ်ရင်တော့ လုပ်သွားပါမယ်။ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒါမှ လည်း မြန်မြန်ဆန်ဆန်ပြီးသွားမှာဖြစ်တယ်။ ဒီကိစ္စက ပေါ့ပေါ့ သေးသေးတော့ မဟုတ်ပါဘူး” ဟု ဦးဘိုဘိုငယ်က ဆိုသည်။ 
ဗဟိုဘဏ်သည် တရားဥပဒေဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်သဖြင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ပြဿနာ မဖြစ်ပေါ်စေရန် စည်းမျဉ်းစည်းကမ်းများသာ သတ်မှတ်ပေးနိုင်ပြီး မပြေလည်မှုများ ဖြစ်ပေါ် လာပါက တရားရုံးတွင် ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“ဘဏ်နဲ့ ငွေချေးတဲ့လူကြားမှာ စာချုပ်တွေ ချုပ်ကြတယ်။ ချုပ်လို့ တစ်ယောက်ယောက်ဘက်က ကတိကဝတ် တွေ ပျက်ကြ မယ်။ ဗဟိုဘဏ်က ငွေချေးဆိုင်ရာ ကိစ္စတွေ လွယ်ကူအောင် ဘယ်လောက်လုပ်ပေး၊ လုပ်ပေး။ တစ်ယောက်နဲ့ တစ်ယောက် အခန့်မသင့်ဖြစ်လာလို့ နောက်ဆုံးကျရင်တော့ ဥပဒေကြောင်းအရ သွားကြဖို့ရှိ တော့တယ်။ တရားရုံးကို ဦးတိုက်လျောက်ရတာ ဖြစ်တယ်။ ဒါကို ဗဟိုဘဏ်က ဝင်ပြီး ဘယ်သူကတေ့ာ ဘယ်လောက်ရစေ၊ ဘယ်သူကတော့ ဘယ်လောက်ရစေဆိုပြီး တရားရုံး လိုမျိုး ဝင်ပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ပုဂ္ဂလိက တစ်ဦးချင်းဖြစ်စေ၊ ဘဏ်နဲ့ ကုမ္ပဏီဖြစ်စေ၊ ဒီလိုမျိုး ချေးငွေဆိုင်ရာ အငြင်း ပွားမှုဖြစ်လာပြီဆိုရင် တရားရုံးနဲ့ပဲ ရှင်းရတာဖြစ်ပါတယ်” ဟု ဦးဘိုဘိုငယ်က ဆိုသည်။ 
နိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေး စနစ်တည်ငြိမ်မှုရှိစေရန်နှင့် ဘဏ်စနစ်ကို ထိန်းသိမ်းရန်အတွက်သာ  လုပ်ကိုင်ဆောင် ရွက်ခွင့်ရှိကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

- သင်းသင်းလှိုင် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။