Skip to main content
၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို
Ads Block

၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံ ဥပေဒ၏ အားနည္းခ်က္ေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈအပိုင္းမ်ားတြင္ အခက္အခဲမ်ား ေျပာ၍ မကုန္ႏိုင္ေအာင္ရိွေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ သယံဇာတ၊ သဘာ၀ပတ္၀န္းက်င္ႏွင့္ စည္ပင္သာ ယာေရး ဝန္ႀကီး ေဒါက္တာေစာညိဳဝင္းက ေျပာဆိုလိုက္သည္။
ေဖေဖၚ၀ါရီလ ၉ရက္ နံနက္ပိုင္းက “၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ ပူးေပါင္းေကာ္မတီကို ဝန္းရံေထာက္ခံၾကပါစို႔” စာသားပါ ဆိုင္းဘုတ္ စိုက္ထူျခင္းအခမ္းအနားတြင္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႔ဆုံစဥ္ ၎က အထက္ ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို


"ဒီဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္း၊ တရားစီရင္ေရးပိုင္း၊ တစ္ဖက္က ကြ်န္ေတာ္တို႔ တရားစီရင္ေရးပိုင္း၊ ေျပာမယ္ဆိုရင္ မ်ားစြာ ေသာ အခက္အခဲေတြရွိပါတယ္။ ရွိလာတဲ့အခက္အခဲ တစ္ခုခ်င္းဆီကို ခ်ျပလို႔ရွိရင္ မကုန္ႏိုင္ေလာက္ေအာင္ကိုမ်ားပါ တယ္" ဟု ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ၀န္ႀကီး ေဒါက္တာေစာညိဳဝင္းက ေျပာသည္။
“၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ျပည္ေထာင္းစုလႊတ္ေတာ္ ပူးေပါင္းေကာ္မတီကို ဝန္းရံေထာက္ခံၾကပါစို႔” ဆိုင္းဘုတ္ ကို ပဲခူး - ေတာင္ငူ ကားလမ္း တိုင္းေဒသႀကီး အစိုးရရံုး အေဆာက္အဦေဘးရွိ မီးပြိဳင့္အနီးတြင္ စိုက္ထူခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို


အထက္ပါ ဆိုင္ဘုတ္တင္အခမ္းအနားကို ပဲခူးတိုင္း NLD မွဦးေဆာင္ျပဳလုပ္ျခင္းျဖစ္ၿပီး NLD တိုင္းဥကၠ႒ ဦးသိန္းဒန္၊ ေဒါက္တာ ေအာင္ခင္၊ လႊတ္ေတာ္ဒုဥကၠ႒ ဦးၾကည္ဇင္၊ တိုင္းအစိုးရအဖြဲ႔မွ ဝန္ႀကီးမ်ားျဖစ္ေသာ ေဒါက္တာေစာညိဳဝင္း၊ ဦးသန္းဝင္း၊ တိုင္းေဒ သႀကီးလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးညြန္႔ေရႊႏွင့္ ေဒသခံျပည္သူမ်ား၊ ပါတီတာဝန္ရွိသူမ်ားအပါအဝင္ အင္အား ၅၀၀ ခန္႔ တက္ ေရာက္ခဲ့ၾကသည္။

- ျမဴခိုး - ပဲခူး (အကုန္သိသတင္းဌာန)

 

Unicode version

၂၀၀၈ ဖွဲ့စည်းပုံကြောင့် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှုများတွင် အခက်အခဲများ ပြောမကုန်နိုင်အောင်ရှိဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အားနည်းချက်ကြောင့် အုပ်ချုပ်ရေးပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းများတွင် အခက်အခဲများ ပြော၍ မကုန်နိုင်အောင်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် စည်ပင်သာ ယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောဆိုလိုက်သည်။
ဖေဖေါ်ဝါရီလ ၉ရက် နံနက်ပိုင်းက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီကို ဝန်းရံထောက်ခံကြပါစို့” စာသားပါ ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို


"ဒီဖွဲ့စည်းပုံကြောင့် အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း၊ တစ်ဖက်က ကျွန်တော်တို့ တရားစီရင်ရေးပိုင်း၊ ပြောမယ်ဆိုရင် များစွာ သော အခက်အခဲတွေရှိပါတယ်။ ရှိလာတဲ့အခက်အခဲ တစ်ခုချင်းဆီကို ချပြလို့ရှိရင် မကုန်နိုင်လောက်အောင်ကိုများပါ တယ်" ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်းစုလွှတ်တော် ပူးပေါင်းကော်မတီကို ဝန်းရံထောက်ခံကြပါစို့” ဆိုင်းဘုတ် ကို ပဲခူး - တောင်ငူ ကားလမ်း တိုင်းဒေသကြီး အစိုးရရုံး အဆောက်အဦဘေးရှိ မီးပွိုင့်အနီးတွင် စိုက်ထူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖြဲ႔စည္းပုံေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ စီမံခန္႔ခြဲမႈမ်ားတြင္ အခက္အခဲမ်ား ေျပာမကုန္ႏိုင္ေအာင္ရိွဟုဆို


အထက်ပါ ဆိုင်ဘုတ်တင်အခမ်းအနားကို ပဲခူးတိုင်း NLD မှဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး NLD တိုင်းဥက္ကဋ္ဌ ဦးသိန်းဒန်၊ ဒေါက်တာ အောင်ခင်၊ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်ဇင်၊ တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများဖြစ်သော ဒေါက်တာစောညိုဝင်း၊ ဦးသန်းဝင်း၊ တိုင်းဒေ သကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ဒေသခံပြည်သူများ၊ ပါတီတာဝန်ရှိသူများအပါအဝင် အင်အား ၅၀၀ ခန့် တက် ရောက်ခဲ့ကြသည်။

- မြူခိုး - ပဲခူး (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။