Skip to main content
ဆယ္ရက္အတြင္း အေခါက္ေရႊ တစ္က်ပ္သားလွ်င္ ၁၀ သိန္း ၇ ေသာင္းေက်ာ္အထိ ေစ်းျမင့္တက္
Ads Block

ဆယ္ရက္အတြင္း အေခါက္ေရႊ တစ္က်ပ္သားလွ်င္ ၁၀ သိန္း ၇ ေသာင္းေက်ာ္အထိ ေစ်းျမင့္တက္

ျပည္တြင္းေရႊေစ်းကြက္၌ အေခါက္ေရႊတစ္က်ပ္သားလွ်င္ ၁၀ သိန္း ၇ ေသာင္းေက်ာ္ ေပါက္ေစ်းရိွေနၿပီး  ဆယ္ရက္၀န္းက်င္ အတြင္း တစ္က်ပ္သားလွ်င္ က်ပ္ ၁၆၅၀၀ ဝန္းက်င္အထိ ေစ်းႏႈန္းျမင့္ တက္သြားေၾကာင္း ေရႊေစ်းကြက္အတြင္းမွ သိရသည္။
ယခု ေဖေဖာ္ဝါရီလ ၁ ရက္၌ ၁၆ ပဲရည္ အေခါက္ေရႊ (အကယ္ဒမီ မီးလင္း) တစ္က်ပ္သားလွ်င္ က်ပ္ ၁၀၅၈၆၀၀ (က်ပ္ဆယ္ သိန္းငါးေသာင္းရွစ္ေထာင့္ေျခာက္ရာ) ရိွခဲ့ရာမွ ေဖေဖာ္ဝါရီလ ၉ ရက္တြင္ ၁၆ ပဲရည္ အေခါက္ေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၀၇၅၀၀၀ (က်ပ္ဆယ္သိန္း ခုႏွစ္ေသာင္းငါးေထာင္) အထိ ေစ်းႏႈန္းျမင့္တက္ခဲ့ျခင္း ျဖစ္သည္။ 

ဆယ္ရက္အတြင္း အေခါက္ေရႊ တစ္က်ပ္သားလွ်င္ ၁၀ သိန္း ၇ ေသာင္းေက်ာ္အထိ ေစ်းျမင့္တက္


ယင္းသို႔ ေရႊေစ်းႏႈန္းမ်ား ျမင့္တက္လာျခင္းမွာ ေစ်းကြက္အတြင္း ေရႊကုန္ၾကမ္းနည္းပါးေနသည့္အျပင္ ေရႊဝယ္လိုအား အနည္းငယ္ လုိက္လာသျဖင့္ ေရႊေစ်းႏႈန္းအျမင့္ဘက္ဦးတည္ေနေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္း စည္းရံုး ေရးမႈး ဦးသိန္းေဆာင္က အကုန္သိသတင္းဌာနသို႔ ေျပာ သည္။ 
“ေရႊနည္းနည္းရွားေနတာလည္းပါတယ္။ အေရာင္းအဝယ္ကေတာ့ေအးတယ္။ ဒါေပမယ့္ ခုရက္ပိုင္းမွာ အဝယ္နည္းနည္း လိုက္လာတယ္။ ဗုဒၶဟူးေန႔ကစၿပီး အရပ္ကဝယ္ၾကတာေပါ့။ တစ္ဆယ္သားႏိုင္ တစ္ဆယ္သား၊ ႏွစ္ဆယ္သားႏိုင္ ႏွစ္ဆယ္သား။ ေရႊ ရွားေနတဲ့အခ်ိန္ အဝယ္နည္းနည္းတက္လာေတာ့ေစ်း တက္လာတာေပါ့။ ေနာက္ဆက္တက္မလား၊ မတက္ဘူးလားက မနက္ဖန္အတြက္ေတာင္ မွန္းလို႔မရတာဆိုေတာ့ မွန္းလို႔မရေသးပါဘူး”ဟု ဦးသိန္းေဆာင္က ေျပာသည္။ 
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၂ ရက္တြင္ ကမာၻ႕ေရႊ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၂၈၄ သာရွိခဲ့ ေသာ္လည္း ဇန္နဝါရီလ ၃၀ ရက္တြင္ ၁၃၁၃ အထိ ျမင့္တက္ခဲ့သည့္အတြက္ ျပည္တြင္းေရႊေစ်းႏႈန္းသည္လည္း က်ပ္ ၁၀၅၃၅၀၀ (က်ပ္ဆယ္သိန္း ငါးေသာင္းသံုးေထာင့္ငါးရာ ) ရွိခဲ့ရာမွ ၁၀၆၀၅၀၀ ( က်ပ္ဆယ္သိန္းေျခာက္ေသာင္းငါးရာ) သုိ႔ လုိက္ပါျမင့္တက္ခဲ့သည္။
သို႔ရာတြင္ ဇန္နဝါရီလကုန္မွ ေဖေဖာ္ဝါရီလ ၉ ရက္အထိ ဆယ္ရက္အတြင္း ကမာၻ႔ေရႊေစ်ႏႈန္းမွာ သိသိ သာသာျမင့္တက္လာျခင္း မရွိဘဲ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၃၁၃ သာရွိေနေသာ္လည္း ျပည္တြင္းေရႊ ေစ်းကြက္တြင္မူ ဆယ္ရက္အတြင္း ၁၆ ပဲရည္ အကယ္ဒမီေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၆၀၀၀ ေက်ာ္ ျမင့္တက္လာခဲ့ေၾကာင္း ေရႊေစ်းကြက္အတြင္းမွ သိရသည္။

- သင္းသင္းလိႈင္ (အကုန္သိ သတင္းဌာန)


Unicode version

ဆယ်ရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၀ သိန်း ၇ သောင်းကျော်အထိ ဈေးမြင့်တက်
ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀ သိန်း ၇ သောင်းကျော် ပေါက်ဈေးရှိနေပြီး  ဆယ်ရက်ဝန်းကျင် အတွင်း တစ်ကျပ်သားလျှင် ကျပ် ၁၆၅၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့် တက်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ယခု ဖေဖော်ဝါရီလ ၁ ရက်၌ ၁၆ ပဲရည် အခေါက်ရွှေ (အကယ်ဒမီ မီးလင်း) တစ်ကျပ်သားလျှင် ကျပ် ၁၀၅၈၆၀၀ (ကျပ်ဆယ် သိန်းငါးသောင်းရှစ်ထောင့်ခြောက်ရာ) ရှိခဲ့ရာမှ ဖေဖော်ဝါရီလ ၉ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀၇၅၀၀၀ (ကျပ်ဆယ်သိန်း ခုနှစ်သောင်းငါးထောင်) အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 
ယင်းသို့ ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ဈေးကွက်အတွင်း ရွှေကုန်ကြမ်းနည်းပါးနေသည့်အပြင် ရွှေဝယ်လိုအား အနည်းငယ် လိုက်လာသဖြင့် ရွှေဈေးနှုန်းအမြင့်ဘက်ဦးတည်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း စည်းရုံး ရေးမှုး ဦးသိန်းဆောင်က အကုန်သိသတင်းဌာနသို့ ပြော သည်။ 
“ရွှေနည်းနည်းရှားနေတာလည်းပါတယ်။ အရောင်းအဝယ်ကတော့အေးတယ်။ ဒါပေမယ့် ခုရက်ပိုင်းမှာ အဝယ်နည်းနည်း လိုက်လာတယ်။ ဗုဒ္ဓဟူးနေ့ကစပြီး အရပ်ကဝယ်ကြတာပေါ့။ တစ်ဆယ်သားနိုင် တစ်ဆယ်သား၊ နှစ်ဆယ်သားနိုင် နှစ်ဆယ်သား။ ရွှေ ရှားနေတဲ့အချိန် အဝယ်နည်းနည်းတက်လာတော့ဈေး တက်လာတာပေါ့။ နောက်ဆက်တက်မလား၊ မတက်ဘူးလားက မနက်ဖန်အတွက်တောင် မှန်းလို့မရတာဆိုတော့ မှန်းလို့မရသေးပါဘူး”ဟု ဦးသိန်းဆောင်က ပြောသည်။ 
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၄ သာရှိခဲ့ သော်လည်း ဇန်နဝါရီလ ၃၀ ရက်တွင် ၁၃၁၃ အထိ မြင့်တက်ခဲ့သည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ကျပ် ၁၀၅၃၅၀၀ (ကျပ်ဆယ်သိန်း ငါးသောင်းသုံးထောင့်ငါးရာ ) ရှိခဲ့ရာမှ ၁၀၆၀၅၀၀ ( ကျပ်ဆယ်သိန်းခြောက်သောင်းငါးရာ) သို့ လိုက်ပါမြင့်တက်ခဲ့သည်။
သို့ရာတွင် ဇန်နဝါရီလကုန်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ ဆယ်ရက်အတွင်း ကမ္ဘာ့ရွှေဈေနှုန်းမှာ သိသိ သာသာမြင့်တက်လာခြင်း မရှိဘဲ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၁၃ သာရှိနေသော်လည်း ပြည်တွင်းရွှေ ဈေးကွက်တွင်မူ ဆယ်ရက်အတွင်း ၁၆ ပဲရည် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၆၀၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

- သင်းသင်းလှိုင် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။