Skip to main content
အေမြမေပးသည့္ အသက္(၇၀)ေက်ာ္ ဖခင္ကို ေစာင္ျဖင့္ပတ္ကာ မီးရိႈ႕သည့္ သားႏွင့္ ေခြ်းမကို လူသတ္ရန္ႀကံစည္မႈျဖင့္ အမႈဖြင့္
Ads Block

အေမြမေပးသည့္ အသက္(၇၀)ေက်ာ္ ဖခင္ကို ေစာင္ျဖင့္ပတ္ကာ မီးရိႈ႕သည့္ သားႏွင့္ ေခြ်းမကို လူသတ္ရန္ႀကံစည္မႈျဖင့္ အမႈဖြင့္

အေမြမေပးသည့္ အသက္(၇၂) ႏွစ္အရြယ္ ဖခင္ျဖစ္သူကို ၎၏ သားႏွင့္ ေခြ်းမျဖစ္သူတို႔က ရန္ျပဳႏိွပ္စက္ကာ ေစာင္ျဖင့္ပတ္၍ မီးရိႈ႕ခဲ့သည့္ျဖစ္စဥ္တစ္ခု ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၇ ရက္၊ ညေန ၆ နာရီခန္႔တြင္ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္း ရပ္ကြက္၌ အမ်ိဳးသားတစ္ဦး မီးေလာင္မႈျဖစ္ပြားေၾကာင္း သတင္းအရ ရဲတပ္ဖဲြ႔ႏွင့္ အသိသက္ေသ လူႀကီးမ်ားက သြားေရာက္စစ္ေဆးခဲ့ရာမွ ယင္းရပ္ကြက္ေန ဦးရွိန္၀င္း (၇၄) ႏွစ္အား မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေတြ႔ရွိခဲ့ရျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
၎အား ေမးျမန္းၾကည့္ရာတြင္ အေမြမေပးေသာေၾကာင့္ သားျဖစ္သူ ေမာင္ေမာင္ေဇလင္း(၄၀)ႏွစ္ႏွင့္ ေခြ်းမ ခိုင္စုေသာ္ (၃၅) ႏွစ္တို႔ လင္မယားက ရန္ျပဳႏွိပ္စက္ကာ အိပ္ယာထက္တြင္ ေစာင္ျဖင့္ပတ္ၿပီး မီးျဖင့္ ရိႈ႕ခဲ့သည့္အတြက္ေၾကာင့္ ရင္းႏွီးခင္မင္သူ ေဖာ့ကန္ရပ္ကြက္ေန ဦးေအာင္ထြန္းလင္းထံ ဖုန္းဆက္အကူအညီေတာင္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ဦးရွိန္၀င္းမွာ ယာေပါင္၊ ဝဲ/ယာ ေျခသလုံး၊ ဝမ္းဗိုက္ မီးေလာင္ဒဏ္ရာမ်ား၊ ဝဲ/ယာ လက္မ်ား၌ ပြန္းဒဏ္ရာရရွိခဲ့၍ အင္းစိန္ေဆးရံု သို႔ စိုးရိမ္ရ လူနာအျဖစ္ တက္ေရာက္ေဆးကုသမႈခံယူေနရၿပီး မိတ္ေဆြဦးေအာင္ထြန္းလင္းမွ သားႏွင့္ ေခၽြးမျဖစ္သူကို အေရးယူ ေပးရန္ တရားလိုျပဳ လုပ္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ တိုင္းၾကားခ်က္ေၾကာင့္ ျပစ္မႈက်ဴးလြန္ေသာ ေမာင္ေမာင္ေဇလင္း(၄၀)ႏွစ္ႏွင့္ ခိုင္စုေသာ္(၃၅)ႏွစ္တို႔ကို အင္းစိန္ၿမိဳ႕မ ရဲစခန္းမွ (ပ) ၁၈၈/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၇/၃၂၆ (လူသတ္ရန္အားထုတ္မႈ/ ျပင္းထန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

အမွေမပေးသည့် အသက်(၇၀)ကျော် ဖခင်ကို စောင်ဖြင့်ပတ်ကာ မီးရှို့သည့် သားနှင့် ချွေးမကို လူသတ်ရန်ကြံစည်မှုဖြင့် အမှုဖွင့်
အမွေမပေးသည့် အသက်(၇၂) နှစ်အရွယ် ဖခင်ဖြစ်သူကို ၎င်း၏ သားနှင့် ချွေးမဖြစ်သူတို့က ရန်ပြုနှိပ်စက်ကာ စောင်ဖြင့်ပတ်၍ မီးရှို့ခဲ့သည့်ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၌ အမျိုးသားတစ်ဦး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် အသိသက်သေ လူကြီးများက သွားရောက်စစ်ဆေးခဲ့ရာမှ ယင်းရပ်ကွက်နေ ဦးရှိန်ဝင်း (၇၄) နှစ်အား မီးလောင်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
၎င်းအား မေးမြန်းကြည့်ရာတွင် အမွေမပေးသောကြောင့် သားဖြစ်သူ မောင်မောင်ဇေလင်း(၄၀)နှစ်နှင့် ချွေးမ ခိုင်စုသော် (၃၅) နှစ်တို့ လင်မယားက ရန်ပြုနှိပ်စက်ကာ အိပ်ယာထက်တွင် စောင်ဖြင့်ပတ်ပြီး မီးဖြင့် ရှို့ခဲ့သည့်အတွက်ကြောင့် ရင်းနှီးခင်မင်သူ ဖော့ကန်ရပ်ကွက်နေ ဦးအောင်ထွန်းလင်းထံ ဖုန်းဆက်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဦးရှိန်ဝင်းမှာ ယာပေါင်၊ ဝဲ/ယာ ခြေသလုံး၊ ဝမ်းဗိုက် မီးလောင်ဒဏ်ရာများ၊ ဝဲ/ယာ လက်များ၌ ပွန်းဒဏ်ရာရရှိခဲ့၍ အင်းစိန်ဆေးရုံ သို့ စိုးရိမ်ရ လူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူနေရပြီး မိတ်ဆွေဦးအောင်ထွန်းလင်းမှ သားနှင့် ချွေးမဖြစ်သူကို အရေးယူ ပေးရန် တရားလိုပြု လုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုင်းကြားချက်ကြောင့် ပြစ်မှုကျူးလွန်သော မောင်မောင်ဇေလင်း(၄၀)နှစ်နှင့် ခိုင်စုသော်(၃၅)နှစ်တို့ကို အင်းစိန်မြို့မ ရဲစခန်းမှ (ပ) ၁၈၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/၃၂၆ (လူသတ်ရန်အားထုတ်မှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။