Skip to main content
၂၀၁၉ ပထမႏွစ္ဝက္အတြင္း အေရွ႕ေတာင္အာရွ  ႏိုင္ငံမ်ားႏွင့္ အေနာက္ဥေရာပ ႏိုင္ငံမ်ားကို ဗီဇာေျဖေလွ်ာ့ေပးသြားမည္
Ads Block

၂၀၁၉ ပထမႏွစ္ဝက္အတြင္း အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားႏွင့္ အေနာက္ဥေရာပ ႏိုင္ငံမ်ားကို ဗီဇာေျဖေလွ်ာ့ေပးသြားမည္

၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားႏွင့္ အေနာက္ဥေရာပႏိုင္ငံမ်ားကို ဗီဇာေျဖေလွ်ာ့ေပးသြား မည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ သိရသည္။
ျမန္မာႏိုင္ငံ၏ ခရီးသြားက႑ကို ျမွင့္တင္ရန္အတြက္ အလားအလာေကာင္းသည့္ ႏိုင္ငံအခ်ိဳ႕ကို ဗီဇာေျဖေလွ်ာ့ေပးရန္ ဟိုတယ္ ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနမွ ယခုကဲ့သို႔ ျပင္ဆင္ေနေၾကာင္းလည္း သိရသည္။
၂၀၁၈ ခုႏွစ္အတြင္း ျဖစ္ေပၚခဲ့သည့္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ ပဋိပကၡျဖစ္စဥ္ႏွင့္ ပတ္သက္၍ သတင္းအမွား ျဖန္႔ေဝမႈ ေၾကာင့္ ျပည္တြင္းသို႔ အေနာက္ႏိုင္ငံသားမ်ား လာေရာက္လည္ပတ္မႈမွာ သိသိသာက်ဆင္းခဲ့ၿပီး ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာ ႏိုင္ငံ၏ ပံုရိပ္ကို ျပန္လည္ျမွင့္တင္ရန္ အာရွႏိုင္ငံမ်ားထဲမွ တရုတ္၊ ဂ်ပန္ႏွင့္ ကိုရီးယားတို႔ကို ဗီဇာကင္းလြတ္ခြင့္ေပးခဲ့ေၾကာင္း သိ ရသည္။
“ဒီပထမ ႏွစ္ဝက္ထဲမွာပဲ ဗီဇာေျဖေလွ်ာ့ ေပးဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ ဇြန္လေတာင္ မေက်ာ္ပါဘူး။ အလားအလာရွိတဲ့ ႏိုင္ငံေတြကို ဦးစားေပးသြားမယ္။ အေရွ႕ေတာင္အာရွထဲမွာပါတဲ့ ႏိုင္ငံအခ်ိဳ႕နဲ႔ အေနာက္ဥေရာပႏိုင္ငံအခ်ိဳ႕ကို ေပးမွာပါ။ ဒီကို လာတဲ့ ခရီးသြားေတြထဲမွာ အေရွ႕ေတာင္ အာရွက အမ်ားဆံုးပဲ။ ေနာက္ၿပီး အေနာက္ႏိုင္ငံေတြကို ဗီဇာေျဖေလွ်ာ့ေပးလိုက္ရင္ ဧည့္သည္ ပိုဝင္လာႏိုင္တယ္။ ျမန္မာႏိုင္ငံရဲ႕ အေနအထားကိုလည္း ေလ့လာခြင့္ရမယ္။ သတင္းအမွားေတြေၾကာင့္ တခ်ိဳ႕က လာဖို႔တြန္႔ဆုတ္ တြန္႔ဆုတ္ ျဖစ္ေနၾကတာ”ဟု ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္တြင္းသို႔ ႏိုင္ငံတကာ ခရီးသြား ဧည့္သည္မ်ား ၀င္ေရာက္လာရာတြင္ ေလေၾကာင္းျဖင့္ လာေရာက္မႈထက္ နယ္စပ္မွ လာေရာက္လည္ပတ္သည့္ ဧည့္သည္မွာ အမ်ားဆံုးျဖစ္ေၾကာင္းလည္း သိရသည္။
ခရီးသြား က႑အဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္ရာတြင္ ျပည္ပခရီးသြားဧည့္သည္မ်ားကို ဆြဲေဆာင္ႏိုင္သည့္ေနရာေဒသ အသစ္မ်ားကိုလည္း ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ 
လက္ရွိတြင္ ျပည္တြင္းသို႔ တရုတ္ႏိုင္ငံမွ အမ်ားဆံုးလာေရာက္လည္ပတ္မႈရိွေနၿပီး ယင္းသို႔ လာေရာက္မႈက ျမန္မာႏိုင္ငံ၏ ခရီးသြားက႑ကို ထိန္းေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း (အကုန္သိသတင္းဌာန)


Unicode version

၂၀၁၉ ပထမနှစ်ဝက်အတွင်း အရှေ့တောင်အာရှ  နိုင်ငံများနှင့် အနောက်ဥရောပ နိုင်ငံများကို ဗီဇာဖြေလျှော့ပေးသွားမည်
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အရှေ့တောင်အာရှ နိုင်ငံများနှင့် အနောက်ဥရောပနိုင်ငံများကို ဗီဇာဖြေလျှော့ပေးသွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် အလားအလာကောင်းသည့် နိုင်ငံအချို့ကို ဗီဇာဖြေလျှော့ပေးရန် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြင်ဆင်နေကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းအမှား ဖြန့်ဝေမှု ကြောင့် ပြည်တွင်းသို့ အနောက်နိုင်ငံသားများ လာရောက်လည်ပတ်မှုမှာ သိသိသာကျဆင်းခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် အာရှနိုင်ငံများထဲမှ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့ကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိ ရသည်။
“ဒီပထမ နှစ်ဝက်ထဲမှာပဲ ဗီဇာဖြေလျှော့ ပေးဖို့အတွက် ပြင်ဆင်နေပါတယ်။ ဇွန်လတောင် မကျော်ပါဘူး။ အလားအလာရှိတဲ့ နိုင်ငံတွေကို ဦးစားပေးသွားမယ်။ အရှေ့တောင်အာရှထဲမှာပါတဲ့ နိုင်ငံအချို့နဲ့ အနောက်ဥရောပနိုင်ငံအချို့ကို ပေးမှာပါ။ ဒီကို လာတဲ့ ခရီးသွားတွေထဲမှာ အရှေ့တောင် အာရှက အများဆုံးပဲ။ နောက်ပြီး အနောက်နိုင်ငံတွေကို ဗီဇာဖြေလျှော့ပေးလိုက်ရင် ဧည့်သည် ပိုဝင်လာနိုင်တယ်။ မြန်မာနိုင်ငံရဲ့ အနေအထားကိုလည်း လေ့လာခွင့်ရမယ်။ သတင်းအမှားတွေကြောင့် တချို့က လာဖို့တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေကြတာ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းသို့ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ဝင်ရောက်လာရာတွင် လေကြောင်းဖြင့် လာရောက်မှုထက် နယ်စပ်မှ လာရောက်လည်ပတ်သည့် ဧည့်သည်မှာ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
ခရီးသွား ကဏ္ဍအဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်နေရာဒေသ အသစ်များကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 
လက်ရှိတွင် ပြည်တွင်းသို့ တရုတ်နိုင်ငံမှ အများဆုံးလာရောက်လည်ပတ်မှုရှိနေပြီး ယင်းသို့ လာရောက်မှုက မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိန်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။