Skip to main content
ေဖေဖာ္ဝါရီလ ပထမအပတ္ အတြင္း FDI လုပ္ငန္း ၁၄ ခုကို MIC မွ ခြင့္ျပဳေပးခဲ့
Ads Block

ေဖေဖာ္ဝါရီလ ပထမအပတ္ အတြင္း FDI လုပ္ငန္း ၁၄ ခုကို MIC မွ ခြင့္ျပဳေပးခဲ့

အေမရိကန္ေဒၚလာ ၆၁ သန္းနီးပါး မ တည္လုပ္ကိုင္မည့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းေပါင္း ၁၄ ခုကို ယခု ေဖေဖာ္ဝါရီလ ပထမအပတ္အတြင္း ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ (MIC) မွ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း ၁၄ ခုတြင္ စက္မႈက႑မွ ၁၁ ခု၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း က႑မွ ၁ ခု ႏွင့္ အျခား က႑မွ ၂ ခု တို႔ပါ၀င္ၿပီး အဆိုပါ လုပ္ငန္းမ်ားမွ လူဦးေရ ၁၁၆၈၄ ဦး အတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမႈ ဦးစီးဌာန (DICA) မွ သိရသည္။
“ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ရဲ႕ (၂/၂၀၁၉) ဒီအစည္းအေဝးကေန ႏိုင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံမႈက အဆိုျပဳလုပ္ငန္း ၃ ခုနဲ႔ အတည္ျပဳလုပ္ငန္း ၁၁ ခုခြင့္ျပဳခဲ့ပါတယ္”  ဟု ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာမာလာမ်ိဳးညႊန္က ေျပာသည္။ 
ႏိုင္ငံျခားသားရင္းႏွီးျမွဳပ္ႏွံမႈ အဆိုုျပဳလုပ္ငန္း ၃ ခုႏွင့္ အတည္ျပဳလုပ္ငန္း ၃ ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္မွ ခြင့္ျပဳေပး ခဲ့ၿပီး အတည္ျပဳလုပ္ငန္း ၈ ခုကို ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီမွ ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ 
လက္ရွိ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ေဖေဖာ္ဝါရီလ ၄ ရက္အထိ ႏိုင္ငံျခားသား ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္း ေပါင္း ၉၂ ခုကို ခြင့္ျပဳေပးထားခဲ့ၿပီး ယင္းလုပ္ငန္းမ်ားသည္ အေမရိကန္ ေဒၚလာ ၁ ဘီလီယံေက်ာ္ မ တည္ရင္းႏွီးလုပ္ကိုင္သြား မည္ျဖစ္ေၾကာင္း သိရသည္။ 
ယခင္ခြင့္ျပဳၿပီး လုပ္ငန္းမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈေငြ အေမရိကန္ေဒၚလာ ၄၆၄ သန္းေက်ာ္ ထပ္မံရင္းႏွီးျမွဳပ္ႏွံလာသျဖင့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားသားရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏ အေမရိကန္ေဒၚလာ ၁၄၉၇ သန္းနီးပါး ဝင္ေရာက္ထားေၾကာင္း DICA မွ သိရသည္။ 
အထူးစီးပြားေရးဇုန္ ဥပေဒအရမူ လက္ရွိ ၂၀၁၈ - ၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ေဖေဖာ္ ဝါရီလ ၄ ရက္အထိ ရင္း ႏီွးျမွဳပ္ႏွံမႈ တိုးျမင့္မႈအပါအဝင္ စုစုေပါင္းခြင့္ျပဳၿပီး ရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏသည္ အေမရိကန္ေဒၚလာ ၁၀၂ သန္း ေက်ာ္ရွိသည္။

- သင္းသင္းလႈိင္ (အကုန္သိ သတင္းဌာန)

Unicode version

ဖေဖော်ဝါရီလ ပထမအပတ် အတွင်း FDI လုပ်ငန်း ၁၄ ခုကို MIC မှ ခွင့်ပြုပေးခဲ့
အမေရိကန်ဒေါ်လာ ၆၁ သန်းနီးပါး မ တည်လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၄ ခုကို ယခု ဖေဖော်ဝါရီလ ပထမအပတ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခုတွင် စက်မှုကဏ္ဍမှ ၁၁ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ ၁ ခု နှင့် အခြား ကဏ္ဍမှ ၂ ခု တို့ပါဝင်ပြီး အဆိုပါ လုပ်ငန်းများမှ လူဦးရေ ၁၁၆၈၄ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရသည်။
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ (၂/၂၀၁၉) ဒီအစည်းအဝေးကနေ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက အဆိုပြုလုပ်ငန်း ၃ ခုနဲ့ အတည်ပြုလုပ်ငန်း ၁၁ ခုခွင့်ပြုခဲ့ပါတယ်”  ဟု ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမာလာမျိုးညွှန်က ပြောသည်။ 
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၃ ခုနှင့် အတည်ပြုလုပ်ငန်း ၃ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေး ခဲ့ပြီး အတည်ပြုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း ၉၂ ခုကို ခွင့်ပြုပေးထားခဲ့ပြီး ယင်းလုပ်ငန်းများသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် မ တည်ရင်းနှီးလုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။ 
ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ ၄၆၄ သန်းကျော် ထပ်မံရင်းနှီးမြှုပ်နှံလာသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၇ သန်းနီးပါး ဝင်ရောက်ထားကြောင်း DICA မှ သိရသည်။ 
အထူးစီးပွားရေးဇုန် ဥပဒေအရမူ လက်ရှိ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဖေဖော် ဝါရီလ ၄ ရက်အထိ ရင်း နှီးမြှုပ်နှံမှု တိုးမြင့်မှုအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၂ သန်း ကျော်ရှိသည်။

- သင်းသင်းလှိုင် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။