Skip to main content
မ်က္စိနာ၍ ေဆးခန္းလာျပသည့္ ဆယ္ေက်ာ္သက္အရြယ္ အမ်ိဳးသမီးကို အသက္(၆၅)ႏွစ္အရြယ္ ဆရာ၀န္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈက်ဴးလြန္
Ads Block

မ်က္စိနာ၍ ေဆးခန္းလာျပသည့္ ဆယ္ေက်ာ္သက္အရြယ္ အမ်ိဳးသမီးကို အသက္(၆၅)ႏွစ္အရြယ္ ဆရာ၀န္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈက်ဴးလြန္

မ်က္စိနာေန၍ ေဆးခန္းလာျပေသာ ဆယ္ေက်ာ္သက္ ေက်ာင္းသူတစ္ဦးကို ဆရာ၀န္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ ျဖစ္စဥ္ တစ္ခု တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္တြင္ ေဖေဖၚ၀ါရီလ ၇ ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူမွာ ၿမိတ္ၿမိဳ႕၊ကန္ႀကီးရပ္ကြက္၊ ကန္ႀကီးစီလမ္း၌ ေဆးခန္းဖြင့္လွစ္ထားေသာ အသက္(၆၅)ႏွစ္အရြယ္ရွိ ေဒါက္တာ ဂင္လိုက္ဆိုသူျဖစ္ၿပီး ေဖေဖာ္၀ါရီလ ၇ ရက္၊ နံနက္ပိုင္းအခ်ိန္က ေနမေကာင္း၍ ေဆးခန္းသို႔ေရာက္ရွိလာသည့္ ဆယ္ေက်ာ္သက္ အရြယ္အမ်ိဳးသမီးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ၿမိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။
“ေဆးခန္းကို မ်က္စိနာလို႔ သြားျပတဲ့ ေကာင္မေလးကို ေဆးကုေပးရင္းနဲ႔ မဖြယ္မရာျပဳက်င့္ သြားတာပါ။ မိန္းမကိုယ္ေတြကို ထိပါးတယ္ ေပါ့ဗ်ာ။ ျပစ္မႈက်ဴးလြန္သူ ဆရာ၀န္ကေတာ့ အသက္ ၆၀ ေက်ာ္လက္ရွိ အိမ္ေထာင္သည္ ျဖစ္ပါတယ္။ က်ဴးလြန္ခံရတဲ့ အမ်ိဳးသမီးက တကၠသိုလ္ေက်ာင္းသူလို႔သိရတယ္”ဟု ၿမိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရံုးမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
ျပစ္မႈက်ဴးလြန္သူ ေဒါက္တာဂင္လိုက္(၆၅)ႏွစ္ကို အေရးယူေပးရန္တိုင္ၾကားခ်က္အရ ၿမိတ္ၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ - ၃၇၇/ ၃၅၄ ျဖင့္ အမႈဖြင့္ၿပီး တရားစြဲတင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိ သတင္းဌာန)


Unicode version

မျက်စိနာ၍ ဆေးခန်းလာပြသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးကို အသက်(၆၅)နှစ်အရွယ် ဆရာဝန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်
မျက်စိနာနေ၍ ဆေးခန်းလာပြသော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို ဆရာဝန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်စဉ် တစ်ခု တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူမှာ မြိတ်မြို့၊ကန်ကြီးရပ်ကွက်၊ ကန်ကြီးစီလမ်း၌ ဆေးခန်းဖွင့်လှစ်ထားသော အသက်(၆၅)နှစ်အရွယ်ရှိ ဒေါက်တာ ဂင်လိုက်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်ပိုင်းအချိန်က နေမကောင်း၍ ဆေးခန်းသို့ရောက်ရှိလာသည့် ဆယ်ကျော်သက် အရွယ်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဆေးခန်းကို မျက်စိနာလို့ သွားပြတဲ့ ကောင်မလေးကို ဆေးကုပေးရင်းနဲ့ မဖွယ်မရာပြုကျင့် သွားတာပါ။ မိန်းမကိုယ်တွေကို ထိပါးတယ် ပေါ့ဗျာ။ ပြစ်မှုကျူးလွန်သူ ဆရာဝန်ကတော့ အသက် ၆၀ ကျော်လက်ရှိ အိမ်ထောင်သည် ဖြစ်ပါတယ်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးက တက္ကသိုလ်ကျောင်းသူလို့သိရတယ်”ဟု မြိတ်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ ဒေါက်တာဂင်လိုက်(၆၅)နှစ်ကို အရေးယူပေးရန်တိုင်ကြားချက်အရ မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ - ၃၇၇/ ၃၅၄ ဖြင့် အမှုဖွင့်ပြီး တရားစွဲတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။