Skip to main content
တာခ်ီလိတ္ၿမိဳ႕တြင္ ယိုးဒယားလူမ်ိဳးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ
Ads Block

တာခ်ီလိတ္ၿမိဳ႕တြင္ ယိုးဒယားလူမ်ိဳးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ယိုးဒယားလူမ်ိဳးတစ္ဦး ေသနတ္ျဖင့္ အပစ္ခတ္ခံရ၍ ေသဆံုးမႈတစ္ခု ေဖေဖၚ၀ါရီလ ၈ ရက္ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၈ ရက္ ည ၉ နာရီခန္႔က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ 1G1 ဟိုတယ္အနီး၌ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့သျဖင့္ လူတစ္ဦးထိမွန္သြားေသာေၾကာင့္ ကူညီေပးရန္ သတင္းေပးပို႔ခ်က္အရ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယိုးဒယားလူမ်ိဳးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ


ထိုသို႔ သြားေရာက္စစ္ေဆးခ်က္အရ ေသနတ္ထိမွန္ခံရသူမွာ အသက္(၃၀)ႏွစ္အရြယ္ရိွ ထိုင္းလူမ်ိဳး အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေသနတ္ဒဏ္ရာ (၃) ခ်က္ျဖင့္ ေနရာတြင္ေသဆံုးေနသည့္အတြက္ တာခ်ီလိတ္ေဆးရံုသို႔ တင္ပို႔ေပးခဲ့ေၾကာင္း တာခ်ီလိတ္ အခမဲ့နာေရးကူညီမႈ အသင္းထံမွ သိရသည္။
“ေသနတ္နဲ႔ ပစ္သတ္ျခင္းခံရတဲ့ အမ်ိဳးသားက ယိုးဒယားလူမ်ိဳးတစ္ေယာက္ပါ။ ဘာေၾကာင့္ အခုလိုပစ္သတ္သလဲ ဆိုတာကို ေတာ့ ကြ်န္မတို႔လည္း မသိပါဘူးရွင္။ ရဲတပ္ဖြဲ႔ကေတာ့ အမႈဖြင့္ေဆာင္ရြက္ေနပါတယ္။ ရဲတပ္ဖြဲ႔ကပို သိပါတယ္” ဟု တာခ်ီလိတ္ အခမဲ့နာေရးကူညီမႈအသင္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ၿပီး ျပစ္မႈ က်ဴးလြန္သူေသနတ္သမားကို ဖမ္းဆီးရမိေရးအတြက္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရး ကူညီမႈအသင္း

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

တာချီလိတ်မြို့တွင် ယိုးဒယားလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယိုးဒယားလူမျိုးတစ်ဦး သေနတ်ဖြင့် အပစ်ခတ်ခံရ၍ သေဆုံးမှုတစ်ခု ဖေဖေါ်ဝါရီလ ၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ 1G1 ဟိုတယ်အနီး၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးထိမှန်သွားသောကြောင့် ကူညီပေးရန် သတင်းပေးပို့ချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ သွားရောက်စစ်ဆေးချက်အရ သေနတ်ထိမှန်ခံရသူမှာ အသက်(၃၀)နှစ်အရွယ်ရှိ ထိုင်းလူမျိုး အမျိုးသားတစ်ဦးဖြစ်ပြီး သေနတ်ဒဏ်ရာ (၃) ချက်ဖြင့် နေရာတွင်သေဆုံးနေသည့်အတွက် တာချီလိတ်ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း တာချီလိတ် အခမဲ့နာရေးကူညီမှု အသင်းထံမှ သိရသည်။
“သေနတ်နဲ့ ပစ်သတ်ခြင်းခံရတဲ့ အမျိုးသားက ယိုးဒယားလူမျိုးတစ်ယောက်ပါ။ ဘာကြောင့် အခုလိုပစ်သတ်သလဲ ဆိုတာကို တော့ ကျွန်မတို့လည်း မသိပါဘူးရှင်။ ရဲတပ်ဖွဲ့ကတော့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။ ရဲတပ်ဖွဲ့ကပို သိပါတယ်” ဟု တာချီလိတ် အခမဲ့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူသေနတ်သမားကို ဖမ်းဆီးရမိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေး ကူညီမှုအသင်း

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။