Skip to main content
ဂီတအစည္းအရုံးရဲ႕ခြင္႔ျပဳခ်က္မေတာင္းပဲ သီခ်င္းေရာင္းစားသူေတြကို  တရားဥပေဒအရအေရးယူဖို႕ေျပာလာတဲ့ အဆိုေတာ္ဂ်က္ျမေသာင္း
Ads Block

ဂီတအစည္းအရုံးရဲ႕ခြင္႔ျပဳခ်က္မေတာင္းပဲ သီခ်င္းေရာင္းစားသူေတြကို  တရားဥပေဒအရအေရးယူဖို႕ေျပာလာတဲ့ အဆိုေတာ္ဂ်က္ျမေသာင္း

ဂီတအစည္းအရုံးရဲ႕ ခြင့္ျပဳခ်က္မေတာင္းပဲ သီခ်င္းေရာင္းစားေနၾက သူေတြကို တရားဥပေဒအရ အေရးယူေဆာင္ရြက္သင့္ေၾကာင္း စတူဒီယိုေတးသံရွင္တစ္ဦးျဖစ္သူ ဂ်က္ျမေသာင္း က ေဖေဖာ္ဝါရီ ၇ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ဂီတအစည္းအရုံးစာနယ္ဇင္းရွင္းလင္းပြဲမွာေျပာလာပါတယ္။
သီခ်င္းအပုဒ္ေရ ၆၀၀၀ ေထာင္ေက်ာ္သီဆိုထားတဲ့ အဆိုေတာ္ ဂ်က္ျမေသာင္းက လက္ရွိျဖစ္ေပၚေနတဲ့အေၾကာင္းအရာေတြနဲ႕ ပတ္သက္ၿပီး “ဂီတအစည္းအရုံးဆိုတာ အဆိုေတာ္ေတြ ဂီတသမားေတြကိုေမြးဖြားေပးၿပီး ေျမေထာင္ေျမွာက္ ေပးထားတာပါ။ကြ်န္ေတာ္တို႔ သီခ်င္းေတြ ကို  ဂီတအစည္းအရုံး က ကာကြယ္ေပးရမယ္။ကာကြယ္ေပးရမယ့္အျပင္ သီခ်င္းအပုဒ္ ၆၀၀၀ေက်ာ္ကို ကြ်န္ေတာ္တို႔ ခြင့္ျပဳခ်က္မရပဲ သီခ်င္းတစ္ပုဒ္ကို ၇၅ က်ပ္၊ ၆၇ က်ပ္ ငါးျပားတို႔ေရာင္းထားတယ္။ ကြ်န္ေတာ္တို႔ကို လည္း မတိုင္ပင္ဘူး၊ ခြင့္မေတာင္းဘူး။ သံုးတဲ့သူကလည္းသံုးေနတယ္။ကြ်န္ေတာ္တို႔လည္း ဒီေငြေတြျပန္ေပးရင္လက္ခံတယ္။ ပြဲခ၊စက္ဆင္ခေတာ့ယူတယ္။ကြ်န္ေတာ္တို႔ သီခ်င္းတစ္ပုဒ္ကို ၁၅၀ ေရာင္း တယ္။ အဲတာဘယ္သူ လက္ခံလဲ။ ကြ်န္ေတာ္တို႔ ခြင့္ျပဳခ်က္မရပဲ သုံးရင္ဘာျဖစ္သြားမလဲဆိုရင္ အဲဒီကိစၥကိုဘယ္လိုရွင္း မလဲဆိုေတာ့ ။ တရားဥပေဒအရလုပ္သြားမယ္။ ကြ်န္ေတာ္တို႔ကိုလည္း ခြင့္ျပဳခ်က္မေတာင္းဘူးဆိုရင္ ေရာင္းခ်ပိုင္ခြင့္ရွိကိုမရွိဘူး။” လို႔ ရွင္းလင္းပြဲမွာ ရင္ဖြင့္ေျပာဆိုလာပါတယ္။
ျမန္မာႏုိင္ငံဂီတအစည္းအရုံး(ဗဟို) ရဲ႕ လက္ရွိေဆာင္ရြက္ခ်က္ အေျခအေနေတြကို သိရွိေစရန္ရန္ဂီတေလာကသားမ်ား ကိုရွင္းလင္းတင္ျပ တဲ့ ပြဲကို ေဖေဖာ္၀ါရီ လ ၈ ရက္ေန ့က က်င္းပခ့ဲၿပီး ပြဲမွာဂီတအစည္းအရုံးမွ တာ၀န္ရွိသူမ်ားနဲ႕ဂီတေလာကသားအခ်ဳိ႕ အဆင္မေျပမႈမ်ားျဖစ္ေပၚလာခဲ့တာကိုလည္းေတြ႕ျမင္ခဲ့ရပါတယ္။

- ခေရဖူး(အကုန္သိသတင္းဌာန)

 

Unicode version

ဂီတအစည်းအရုံးရဲ့ခွင့်ပြုချက်မတောင်းပဲ သီချင်းရောင်းစားသူတွေကို  တရားဥပဒေအရအရေးယူဖို့ပြောလာတဲ့ အဆိုတော်ဂျက်မြသောင်း

ဂီတအစည်းအရုံးရဲ့ ခွင့်ပြုချက်မတောင်းပဲ သီချင်းရောင်းစားနေကြ သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်သင့်ကြောင်း စတူဒီယိုတေးသံရှင်တစ်ဦးဖြစ်သူ ဂျက်မြသောင်း က ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဂီတအစည်းအရုံးစာနယ်ဇင်းရှင်းလင်းပွဲမှာပြောလာပါတယ်။
သီချင်းအပုဒ်ရေ ၆၀၀၀ ထောင်ကျော်သီဆိုထားတဲ့ အဆိုတော် ဂျက်မြသောင်းက လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး “ဂီတအစည်းအရုံးဆိုတာ အဆိုတော်တွေ ဂီတသမားတွေကိုမွေးဖွားပေးပြီး မြေထောင်မြှောက် ပေးထားတာပါ။ကျွန်တော်တို့ သီချင်းတွေ ကို  ဂီတအစည်းအရုံး က ကာကွယ်ပေးရမယ်။ကာကွယ်ပေးရမယ့်အပြင် သီချင်းအပုဒ် ၆၀၀၀ကျော်ကို ကျွန်တော်တို့ ခွင့်ပြုချက်မရပဲ သီချင်းတစ်ပုဒ်ကို ၇၅ ကျပ်၊ ၆၇ ကျပ် ငါးပြားတို့ရောင်းထားတယ်။ ကျွန်တော်တို့ကို လည်း မတိုင်ပင်ဘူး၊ ခွင့်မတောင်းဘူး။ သုံးတဲ့သူကလည်းသုံးနေတယ်။ကျွန်တော်တို့လည်း ဒီငွေတွေပြန်ပေးရင်လက်ခံတယ်။ ပွဲခ၊စက်ဆင်ခတော့ယူတယ်။ကျွန်တော်တို့ သီချင်းတစ်ပုဒ်ကို ၁၅၀ ရောင်း တယ်။ အဲတာဘယ်သူ လက်ခံလဲ။ ကျွန်တော်တို့ ခွင့်ပြုချက်မရပဲ သုံးရင်ဘာဖြစ်သွားမလဲဆိုရင် အဲဒီကိစ္စကိုဘယ်လိုရှင်း မလဲဆိုတော့ ။ တရားဥပဒေအရလုပ်သွားမယ်။ ကျွန်တော်တို့ကိုလည်း ခွင့်ပြုချက်မတောင်းဘူးဆိုရင် ရောင်းချပိုင်ခွင့်ရှိကိုမရှိဘူး။” လို့ ရှင်းလင်းပွဲမှာ ရင်ဖွင့်ပြောဆိုလာပါတယ်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ရဲ့ လက်ရှိဆောင်ရွက်ချက် အခြေအနေတွေကို သိရှိစေရန်ရန်ဂီတလောကသားများ ကိုရှင်းလင်းတင်ပြ တဲ့ ပွဲကို ဖေဖော်ဝါရီ လ ၈ ရက်နေ့က ကျင်းပခဲ့ပြီး ပွဲမှာဂီတအစည်းအရုံးမှ တာဝန်ရှိသူများနဲ့ဂီတလောကသားအချို့ အဆင်မပြေမှုများဖြစ်ပေါ်လာခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

- ခရေဖူး(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။