Skip to main content
အမႈရင္ဆိုင္ေနရသည့္ လယ္သမားမ်ားအတြက္ အေလးထားေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အား အတိုင္ပင္ခံပုဂၢိဳလ္ မွာၾကား
Ads Block

အမႈရင္ဆိုင္ေနရသည့္ လယ္သမားမ်ားအတြက္ အေလးထားေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အား အတိုင္ပင္ခံပုဂၢိဳလ္ မွာၾကား

အမႈရင္ဆုိင္ေနရသည့္ လယ္သမားမ်ားႏွင့္ ပတ္သက္ၿပီး  အထူးအေလးထားေဆာင္ရြက္ေပးရန္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ရွမ္းျပည္နယ္ အစိုးရအဖြဲ႔အား မွားၾကားခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရိွေနသည့္ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသား လူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၀င္မ်ားႏွင့္ ေတြ႔ဆံုစဥ္ မွာၾကားခဲ့ ျခင္း ျဖစ္သည္။
“ ရွမ္းျပည္နယ္ရီးစဥ္တြင္ တစ္ခုပိုမို၍ သတိျပဳမိသည္မွာ လယ္ယာေျမကိစၥရပ္မ်ား ျဖစ္ပါတယ္။ ဒီကိစၥရပ္မ်ားသည္ ျပည္သူလူထု အတြင္း ေတြ႔ႀကံဳေနရသည့္ အခက္အခဲမ်ားျဖစ္ေနတာကို သတိျပဳၾကရန္ လုိအပ္ပါတယ္။ လယ္ယာေျမ ကိစၥမ်ားတြင္ စြန္႔လႊတ္ၿပီး ေျမမ်ား မူလပိုင္ရွင္ထံ ျပန္လည္ ေပးအပ္ေရး ခက္ခဲၾကန္႔ၾကာေနရတဲ့အျပင္ တရား႐ံုးတြင္ အမႈရင္ဆုိင္ေနရတဲ့ အေျခအေနမ်ား ေတြ႔ရွိရပါတယ္။ ဒီအေျခအေနမ်ားကို အထူးအေလးထား ေျဖရွင္းေဆာင္ရြက္ေပးရန္ အေရးႀကီးပါတယ္” ဟု ႏိုင္ငံေတာ္အတိုင္ ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားခဲ့သည္။
ျပည္နယ္ အစိုးရအေနျဖင့္ ျပည္ေထာင္စုက ခ်မွတ္ထားသည့္ မူ၀ါဒမ်ားအေပၚ သိရွိမႈ အားနည္းမႈမ်ားမျဖစ္ေစရန္ သတိျပဳၾကရန္ လုိအပ္ပါေၾကာင္းလည္း ႏိုင္င့ေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္က မွာၾကားခဲ့သည္။
ျပည္သူလူထုႏွင့္ နီးနီးကပ္ကပ္ ထိေတြ႔ဆက္ဆံၿပီး အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားကို ရွင္းလင္းေပးၾကရန္ ထူးျခားခ်က္တစ္ခုမွာ ရွမ္းျပည္နယ္တြင္ ဘာသာမျခား၊ လူမ်ဳိးမျခားဘဲ ရင္းႏွီးခ်စ္ၾကည္စြာ ပူးတြဲေနထိုင္ လုပ္ကိုင္ေနၾကသည္မွာ ေက်နပ္အားရ ဖြယ္ ေကာင္းသည့္အတြက္ ယင္းခ်စ္ၾကည္ ရင္းႏွီးညီညြတ္မႈကို ေတာင္ႀကီးၿမိဳ႕မွ ရွမ္းျပည္နယ္ တစ္ခုလံုး၊ ရွမ္းျပည္နယ္မွ ျပည္ေထာင္ စု တစ္ခုလံုးသို႔ ျပန္႔ႏွံ႔ေရာက္ရွိေအာင္ ႀကိဳးပမ္းေပးေစလုိေၾကာင္းလည္း မွာၾကားခဲ့သည္။
အဆုိပါေတြ႕ဆံုပြဲသို႔ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ဦးမင္း သူ၊ ေဒါက္တာသန္းျမင့္၊ ေဒါက္တာ မ်ဳိးသိမ္းႀကီး၊ ဦးဟန္ေဇာ္၊ ဒုတိယ၀န္ႀကီး ဦးလွေမာ္ဦး၊ ရွမ္းျပည္ နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီး မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တုိင္းေဒသႀကီး ဦးစီးဥကၠ႒မ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode version

အမှုရင်ဆိုင်နေရသည့် လယ်သမားများအတွက် အလေးထားဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြား

အမှုရင်ဆိုင်နေရသည့် လယ်သမားများနှင့် ပတ်သက်ပြီး  အထူးအလေးထားဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် အစိုးရအဖွဲ့အား မှားကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် မှာကြားခဲ့ ခြင်း ဖြစ်သည်။

အမႈရင္ဆိုင္ေနရသည့္ လယ္သမားမ်ားအတြက္ အေလးထားေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အား အတိုင္ပင္ခံပုဂၢိဳလ္ မွာၾကား


“ ရှမ်းပြည်နယ်ရီးစဉ်တွင် တစ်ခုပိုမို၍ သတိပြုမိသည်မှာ လယ်ယာမြေကိစ္စရပ်များ ဖြစ်ပါတယ်။ ဒီကိစ္စရပ်များသည် ပြည်သူလူထု အတွင်း တွေ့ကြုံနေရသည့် အခက်အခဲများဖြစ်နေတာကို သတိပြုကြရန် လိုအပ်ပါတယ်။ လယ်ယာမြေ ကိစ္စများတွင် စွန့်လွှတ်ပြီး မြေများ မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်ရေး ခက်ခဲကြန့်ကြာနေရတဲ့အပြင် တရားရုံးတွင် အမှုရင်ဆိုင်နေရတဲ့ အခြေအနေများ တွေ့ရှိရပါတယ်။ ဒီအခြေအနေများကို အထူးအလေးထား ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးပါတယ်” ဟု နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

အမႈရင္ဆိုင္ေနရသည့္ လယ္သမားမ်ားအတြက္ အေလးထားေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အား အတိုင္ပင္ခံပုဂၢိဳလ္ မွာၾကား


ပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒများအပေါ် သိရှိမှု အားနည်းမှုများမဖြစ်စေရန် သတိပြုကြရန် လိုအပ်ပါကြောင်းလည်း နိုင်င့တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှာကြားခဲ့သည်။
ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပြီး အစိုးရ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပေးကြရန် ထူးခြားချက်တစ်ခုမှာ ရှမ်းပြည်နယ်တွင် ဘာသာမခြား၊ လူမျိုးမခြားဘဲ ရင်းနှီးချစ်ကြည်စွာ ပူးတွဲနေထိုင် လုပ်ကိုင်နေကြသည်မှာ ကျေနပ်အားရ ဖွယ် ကောင်းသည့်အတွက် ယင်းချစ်ကြည် ရင်းနှီးညီညွတ်မှုကို တောင်ကြီးမြို့မှ ရှမ်းပြည်နယ် တစ်ခုလုံး၊ ရှမ်းပြည်နယ်မှ ပြည်ထောင် စု တစ်ခုလုံးသို့ ပြန့်နှံ့ရောက်ရှိအောင် ကြိုးပမ်းပေးစေလိုကြောင်းလည်း မှာကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်း သူ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ဦးစီးဥက္ကဋ္ဌများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။