Skip to main content
သားႀကီး၏ဖခင္က သိန္း ၁၃၀ ႏွင့္ Gold Label ေပးသည္ဆိုျခင္းမွာမဟုတ္မွန္ဟု ဥပေဒအရာရွိဦးကိုကိုေလး ေျပာ
Ads Block

သားႀကီး၏ဖခင္က သိန္း ၁၃၀ ႏွင့္ Gold Label ေပးသည္ဆိုျခင္းမွာမဟုတ္မွန္ဟု ဥပေဒအရာရွိဦးကိုကိုေလး ေျပာ

ဟာသသ႐ုပ္ေဆာင္ေအာင္ရဲေထြးေသဆုံးမႈႏွင့္ပတ္သက္၍ သားႀကီး၏ဖခင္ဦးခင္ေမာင္ေလးသည္ ဥပေဒအရာရွိေဒၚသစ္သစ္ခင္ႏွင့္ေတြ႕ဆုံကာ ေငြက်ပ္သိန္း ၁၃၀ ႏွင့္ Gold Label ေပးခဲ့သည္ဆိုျခင္းမွာ မဟုတ္ေၾကာင္း ဥပေဒအရာရွိ ဦးကိုကိုေလးက ထြက္ဆိုခဲ့သည္။ 
ရန္ကုန္တိုင္းတရားလႊတ္ေတာ္႐ုံး၌ ယေန႔(ေဖေဖာ္ဝါရီလ ၈ ရက္) တြင္ အဂတိလိုက္စားမႈျဖင့္ တရားစြဲျခင္းခံရသူ ေဒၚသစ္သစ္ခင္ပါ (၅) ဦးကို ႐ုံးထုတ္စစ္ေဆးရာ၌ ေကာ္မရွင္၏စြပ္စြဲခ်က္အေပၚ တရားခံဘက္မွ မႈရင္ဆိုင္ရသူ ဥပေဒအရာရွိ ဦးကိုကိုေလးက ယခုကဲ့သို႔ျပန္လွန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စြပ္စြဲတိုင္ၾကားထားသည့္ သားႀကီး၏ဖခင္က ေဒၚသစ္သစ္ခင္အား ေတြ႕ဆုံကာ ဥပေဒအရာရွိဦးကိုကိုေလးအား အမႈ႐ုတ္သိမ္းရန္ ေငြႏွင့္အရက္ပုလင္းေပးလိုက္သည္ဆိုသည့္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၈ ရက္က ဦးကိုကိုေလးမွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၫႊန္ၾကားေရးမႉးမ်ားႏွင့္ အတူ စုံခုံစစ္ေဆးေရးေဆာင္႐ြက္ေနေၾကာင္း တရားခြင္အတြင္းဦးကိုကိုေလးက ထြက္ဆိုခဲ့သည္။
“ အကယ္၍ ၁၈ ရက္၊ ခုႏွစ္လပိုင္း၊ ၂၀၁၈ ခုႏွစ္က ဦးခင္ေမာင္ေလးသည္ ေဒၚသစ္သစ္ခင္ႏွင့္ ေတြ႕ဆုံျခင္းမရွိပါက ၎အတြက္ေငြသိန္း ၁၃၀ က်ပ္ႏွင့္ gold label အရက္ပုလင္းေပးခဲ့သည္ဆိုသည့္ စြပ္စြဲခ်က္မွာမွန္ကန္မႈမရွိ” ဟု ဦးကိုကိုေလးက ေျပာဆိုခဲ့ရာ တရားလိုဦးမိုးႏိုင္က “ မဟုတ္ပါ။ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ သြားေရာက္ေတြ႕ဆုံေမးျမန္းၿပီး လက္ခံရယူၿပီးမွ ေပၚေပါက္ျခင္းျဖစ္ေၾကာင္း” ဟု တုံ႔ျပန္ေျပာဆိုခဲ့သည္။
ယခုအမႈႏွင့္ပတ္သက္၍ လာမည့္ေဖေဖာ္ဝါရီလ ၁၅ ရက္၌ ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

သားကြီး၏ဖခင်က သိန်း ၁၃၀ နှင့် Gold Label ပေးသည်ဆိုခြင်းမှာမဟုတ်မှန်ဟု ဥပဒေအရာရှိဦးကိုကိုလေး ပြော

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ သားကြီး၏ဖခင်ဦးခင်မောင်လေးသည် ဥပဒေအရာရှိဒေါ်သစ်သစ်ခင်နှင့်တွေ့ဆုံကာ ငွေကျပ်သိန်း ၁၃၀ နှင့် Gold Label ပေးခဲ့သည်ဆိုခြင်းမှာ မဟုတ်ကြောင်း ဥပဒေအရာရှိ ဦးကိုကိုလေးက ထွက်ဆိုခဲ့သည်။ 
ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး၌ ယနေ့(ဖေဖော်ဝါရီလ ၈ ရက်) တွင် အဂတိလိုက်စားမှုဖြင့် တရားစွဲခြင်းခံရသူ ဒေါ်သစ်သစ်ခင်ပါ (၅) ဦးကို ရုံးထုတ်စစ်ဆေးရာ၌ ကော်မရှင်၏စွပ်စွဲချက်အပေါ် တရားခံဘက်မှ မှုရင်ဆိုင်ရသူ ဥပဒေအရာရှိ ဦးကိုကိုလေးက ယခုကဲ့သို့ပြန်လှန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စွပ်စွဲတိုင်ကြားထားသည့် သားကြီး၏ဖခင်က ဒေါ်သစ်သစ်ခင်အား တွေ့ဆုံကာ ဥပဒေအရာရှိဦးကိုကိုလေးအား အမှုရုတ်သိမ်းရန် ငွေနှင့်အရက်ပုလင်းပေးလိုက်သည်ဆိုသည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က ဦးကိုကိုလေးမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးများနှင့် အတူ စုံခုံစစ်ဆေးရေးဆောင်ရွက်နေကြောင်း တရားခွင်အတွင်းဦးကိုကိုလေးက ထွက်ဆိုခဲ့သည်။
“ အကယ်၍ ၁၈ ရက်၊ ခုနှစ်လပိုင်း၊ ၂၀၁၈ ခုနှစ်က ဦးခင်မောင်လေးသည် ဒေါ်သစ်သစ်ခင်နှင့် တွေ့ဆုံခြင်းမရှိပါက ၎င်းအတွက်ငွေသိန်း ၁၃၀ ကျပ်နှင့် gold label အရက်ပုလင်းပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်မှာမှန်ကန်မှုမရှိ” ဟု ဦးကိုကိုလေးက ပြောဆိုခဲ့ရာ တရားလိုဦးမိုးနိုင်က “ မဟုတ်ပါ။ စစ်ဆေးပေါ်ပေါက်ချက်များအရ သွားရောက်တွေ့ဆုံမေးမြန်းပြီး လက်ခံရယူပြီးမှ ပေါ်ပေါက်ခြင်းဖြစ်ကြောင်း” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ လာမည့်ဖေဖော်ဝါရီလ ၁၅ ရက်၌ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။