Skip to main content
ရန္ကုန္ၿမိဳ႕တြင္ ေခတ္မီဘတ္စ္ကား မွတ္တိုင္ ၁၄၅ ခု တည္ေဆာက္ၿပီးေၾကာင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေျပာ
Ads Block

ရန္ကုန္ၿမိဳ႕တြင္ ေခတ္မီဘတ္စ္ကား မွတ္တိုင္ ၁၄၅ ခု တည္ေဆာက္ၿပီးေၾကာင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေျပာ

ရန္ကုန္ၿမိဳ႕၏ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးစနစ္ အဆင့္ျမႇင့္တင္မႈတစ္ခုအေနျဖင့္ ေခတ္မီဘတ္စ္ကားမွတ္တိုင္ေပါင္း  ၁၄၅ ခု တည္ေဆာက္ၿပီးျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္ စက္မႈ၊ လက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။
ေဖေဖၚဝါရီလ ၈ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အ႒မပုံမွန္အစည္း အေဝးစတုတၳေန႔ အစီအစဥ္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္၏ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္တြင္ လိုအပ္လ်က္ရွိေသာ ဘတ္စ္ကားမွတ္တိုင္ အေဆာက္အဦမ်ား အျမန္ဆုံးေဆာင္႐ြက္ရန္ ေမးျမန္းမႈအေပၚ ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္ ေခတ္မီဘတ္စ္ကား မွတ္တိုင္ ၁၄၅ ခု တည္ေဆာက္ၿပီးေၾကာင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေျပာ


“ရန္ကုန္ၿမိဳ႕ေတာ္အတြင္းမွာ ဘတ္စ္ကားမွတ္တိုင္မ်ားမွာ ေခတ္မီခရီးသည္ နားခိုေဆာင္မ်ား တည္ေဆာင္ရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ တင္ဒါေအာင္ျမင္တဲ့ FMI Decaux ကုမၸဏီနဲ႔ သတ္မွတ္နယ္ေျမအတြင္းမွာ မွတ္တိုင္ေပါင္း ၅၀၀ တည္ေဆာက္ဖို႔ရွိပါတယ္။ အဲဒီအထဲမွာ ၁၄၅ ခုက တည္ေဆာက္ၿပီးျဖစ္ပါတယ္။ ဆက္လက္တည္ေဆာက္လ်က္ရွိပါတယ္” ဟု ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ နယ္နမိတ္အတြင္း ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္းၿမိဳ႕နယ္) အပါအဝင္ ေခတ္မီ ခရီးသည္နားခိုေဆာင္ (Bus Shelter) မ်ား ေဆာက္လုပ္ရန္အတြက္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္လိုသည့္ ျပည္တြင္းကုမၸဏီမ်ားကို ဇန္နဝါရီလ ၇ ရက္ တင္ဒါပုံစံေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ၿမိ့အတြင္း ဘတ္စ္ကားမွတ္တိုင္ေပါင္း ၃၀၀၀ ေက်ာ္ရွိၿပီး မွတ္တိုင္ ၅၀၀ ကို FMI Decaux မွ တင္ဒါေအာင္ျမင္ထားၿပီး က်န္ဘတ္စ္ကားမွတ္တိုင္မ်ားကို ျပည္တြင္းကုမၸဏီမ်ားျဖင့္ ဆက္လက္ေဆာင္႐ြက္ရန္ တင္ဒါေခၚယူျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode version

ရန်ကုန်မြို့တွင် ခေတ်မီဘတ်စ်ကား မှတ်တိုင် ၁၄၅ ခု တည်ဆောက်ပြီးကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးပြော

ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်မှုတစ်ခုအနေဖြင့် ခေတ်မီဘတ်စ်ကားမှတ်တိုင်ပေါင်း  ၁၄၅ ခု တည်ဆောက်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဖေဖေါ်ဝါရီလ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးစတုတ္ထနေ့ အစီအစဉ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော ဘတ်စ်ကားမှတ်တိုင် အဆောက်အဦများ အမြန်ဆုံးဆောင်ရွက်ရန် မေးမြန်းမှုအပေါ် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန္ကုန္ၿမိဳ႕တြင္ ေခတ္မီဘတ္စ္ကား မွတ္တိုင္ ၁၄၅ ခု တည္ေဆာက္ၿပီးေၾကာင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေျပာ


“ရန်ကုန်မြို့တော်အတွင်းမှာ ဘတ်စ်ကားမှတ်တိုင်များမှာ ခေတ်မီခရီးသည် နားခိုဆောင်များ တည်ဆောင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တင်ဒါအောင်မြင်တဲ့ FMI Decaux ကုမ္ပဏီနဲ့ သတ်မှတ်နယ်မြေအတွင်းမှာ မှတ်တိုင်ပေါင်း ၅၀၀ တည်ဆောက်ဖို့ရှိပါတယ်။ အဲဒီအထဲမှာ ၁၄၅ ခုက တည်ဆောက်ပြီးဖြစ်ပါတယ်။ ဆက်လက်တည်ဆောက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) အပါအဝင် ခေတ်မီ ခရီးသည်နားခိုဆောင် (Bus Shelter) များ ဆောက်လုပ်ရန်အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများကို ဇန်နဝါရီလ ၇ ရက် တင်ဒါပုံစံရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြိ့အတွင်း ဘတ်စ်ကားမှတ်တိုင်ပေါင်း ၃၀၀၀ ကျော်ရှိပြီး မှတ်တိုင် ၅၀၀ ကို FMI Decaux မှ တင်ဒါအောင်မြင်ထားပြီး ကျန်ဘတ်စ်ကားမှတ်တိုင်များကို ပြည်တွင်းကုမ္ပဏီများဖြင့် ဆက်လက်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။