Skip to main content
စိတ္မတည္ၿငိမ္၍ မိသားစုမွ သကၤန္းဝတ္ေပးထားသူတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးမႈ ေပါင္းတည္တြင္ျဖစ္ပြား
Ads Block

စိတ္မတည္ၿငိမ္၍ မိသားစုမွ သကၤန္းဝတ္ေပးထားသူတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးမႈ ေပါင္းတည္တြင္ျဖစ္ပြား

စိတ္ေဖာက္ျပန္ေနသူကို စိတ္တည္ၿငိမ္ေစရန္အတြက္ မိသားစုမွ သကၤန္းဝတ္ေပးထားသည့္ ဝါေတာ္ (၁) ႏွစ္ရ ဒုလႅဘရဟန္း တစ္ပါး စိတ္ေဖာက္ျပန္ကာ ႀကိဳးဆြဲခ် ေသဆုံးသြားမႈတစ္ခု ပဲခူးတိုင္းေဒသႀကီး ေပါင္းတည္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ ေပါင္းတည္ၿမိဳ႕ ဘြဲ႕ပင္ကန္ရပ္ကြက္၊ မွတ္တိုင္လမ္းရွိ ဘုရားႀကီးကုန္း ေက်ာင္းတိုက္ဝန္းအတြင္း၌ ေဖေဖၚဝါရီလ ၇ ရက္ ည ၁၂ နာရီခန႔္က လူအမည္ တင္ႏိုင္ထြဋ္ ဘြဲ႕အမည္ ဦးေတဇဝႏၲ သက္ေတာ္ ၃၀၊ ဝါေတာ္ ၁ ဝါသည္ ေက်ာင္းအေပၚထပ္သို႔ တက္ေသာေလွကားတြင္ ဝါးျဖင့္ျပဳလုပ္ထားေသာ လက္ရမ္း၌ ကိုယ္႐ုံသကၤန္းအား ႀကိဳးကြင္းျပဳလုပ္၍ လည္ပင္းအား ခ်ည္ေႏွာင္ ကာ ဒူးေကြးလ်က္အေနအထားျဖင့္ ေသဆုံးေနျခင္းျဖစ္သည္။
ယင္းသို႔ ေသဆုံးေနသည္ကို တစ္ေက်ာင္းတည္းေန ဆရာေတာ္ ဦးမုနိႏၵက ေတြ႕ျမင္ခဲ့ရာမွ သတင္းေပးတိုင္ၾကားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ေသဆုံးသူတြင္ အျခားျပင္ပဒဏ္ရာမေတြ႕ရွိဘဲ လွ်ာထြက္၊ လက္သီး လက္မဆုပ္ အေနအထားျဖင့္ ေသဆုံးေနျခင္းျဖစ္သည္ဟု ရဲမွတ္တမ္း ေဖာ္ျပခ်က္အရ သိရသည္။
ဆြဲႀကိဳးခ်ေသဆုံးခဲ့ေသာ ဦးေတဇဝႏၲသည္ လူဝတ္ေၾကာင္းအျဖစ္ရွိစဥ္ကလည္း စိတ္ေဖာက္ျပန္၍ လြန္ခဲ့ေသာ ၁ ႏွစ္ခန႔္က ေသ ေၾကာင္းႀကံစည္ခဲ့ဖူးၿပီး ၎၏ မိသားစုမွ တစ္လ ၁ ႀကိမ္ ေဆးကုသေပးနရသူျဖစ္ၿပီး ယခုတစ္ႀကိမ္တြင္လည္း စိတ္တည္ၿငိမ္ေစ ရန္ဟုဆိုကာ အဆိုပါ ေက်ာင္းတိုက္တြင္ သကၤန္းဝတ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေပါင္းတည္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၃ /၂၀၁၉ ျဖင့္ အမႈေရးဖြင့္ကာ စစ္ေဆးေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

- ျမဴခိုး - ပဲခူး (အကုန္သိသတင္းဌာန)

 

Unicode version

စိတ်မတည်ငြိမ်၍ မိသားစုမှ သင်္ကန်းဝတ်ပေးထားသူတစ်ဦး ဆွဲကြိုးချသေဆုံးမှု ပေါင်းတည်တွင်ဖြစ်ပွား

စိတ်ဖောက်ပြန်နေသူကို စိတ်တည်ငြိမ်စေရန်အတွက် မိသားစုမှ သင်္ကန်းဝတ်ပေးထားသည့် ဝါတော် (၁) နှစ်ရ ဒုလ္လဘရဟန်း တစ်ပါး စိတ်ဖောက်ပြန်ကာ ကြိုးဆွဲချ သေဆုံးသွားမှုတစ်ခု ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပေါင်းတည်မြို့ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းရှိ ဘုရားကြီးကုန်း ကျောင်းတိုက်ဝန်းအတွင်း၌ ဖေဖေါ်ဝါရီလ ၇ ရက် ည ၁၂ နာရီခန့်က လူအမည် တင်နိုင်ထွဋ် ဘွဲ့အမည် ဦးတေဇဝန္တ သက်တော် ၃၀၊ ဝါတော် ၁ ဝါသည် ကျောင်းအပေါ်ထပ်သို့ တက်သောလှေကားတွင် ဝါးဖြင့်ပြုလုပ်ထားသော လက်ရမ်း၌ ကိုယ်ရုံသင်္ကန်းအား ကြိုးကွင်းပြုလုပ်၍ လည်ပင်းအား ချည်နှောင် ကာ ဒူးကွေးလျက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်သည်။
ယင်းသို့ သေဆုံးနေသည်ကို တစ်ကျောင်းတည်းနေ ဆရာတော် ဦးမုနိန္ဒက တွေ့မြင်ခဲ့ရာမှ သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သေဆုံးသူတွင် အခြားပြင်ပဒဏ်ရာမတွေ့ရှိဘဲ လျှာထွက်၊ လက်သီး လက်မဆုပ် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲမှတ်တမ်း ဖော်ပြချက်အရ သိရသည်။
ဆွဲကြိုးချသေဆုံးခဲ့သော ဦးတေဇဝန္တသည် လူဝတ်ကြောင်းအဖြစ်ရှိစဉ်ကလည်း စိတ်ဖောက်ပြန်၍ လွန်ခဲ့သော ၁ နှစ်ခန့်က သေ ကြောင်းကြံစည်ခဲ့ဖူးပြီး ၎င်း၏ မိသားစုမှ တစ်လ ၁ ကြိမ် ဆေးကုသပေးနရသူဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း စိတ်တည်ငြိမ်စေ ရန်ဟုဆိုကာ အဆိုပါ ကျောင်းတိုက်တွင် သင်္ကန်းဝတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃ /၂၀၁၉ ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

- မြူခိုး - ပဲခူး (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။