Skip to main content
လယ္ယာေျမလုပ္ကိုင္ခြင့္ပုံစံ - ၇ ကို မတရားသျဖင့္ရယူထားသူမ်ားရွိေနဟုဆို
Ads Block

လယ္ယာေျမလုပ္ကိုင္ခြင့္ပုံစံ - ၇ ကို မတရားသျဖင့္ရယူထားသူမ်ားရွိေနဟုဆို

လယ္ယာေျမလုပ္ကိုင္ခြင့္ပုံစံ ၇ ထုတ္ေပးရာတြင္မွားယြင္းမႈမ်ားရွိသကဲ့သို႔ မတရားသျဖင့္ရယူထားသူမ်ားလည္း ရွိေနေၾကာင္း ေျမယာမ႑ိဳင္အဖြဲ႕မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာဦးေ႐ႊသိန္းက ေျပာသည္။ 
ရန္ကုန္ၿမိဳ႕ရွိ Excel Crystel Jade စားေသာက္ဆိုင္တြင္ ေဖေဖၚဝါရီလ ၈ ရက္ကက်င္းပေသာ ေျမယာသုေသတနစာတမ္းဖတ္ပြဲတြင္ အကုန္သိသတင္းဌာန၏ ေမးျမန္းအေပၚ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ 
“ ေပးလိုက္တဲ့ပုံစံ - ၇ ထဲမွာ မွန္တာလည္းရွိသလိုမွားယြင္းေနတာေတြလည္းရွိတယ္။ ေနာက္ၿပီးမတရားသျဖင့္ ပုံစံ - ၇ ရယူထားတာေတြလည္းအမ်ားႀကီးရွိေနတဲ့အခါက်ေတာ့ အဲဒီအားလုံးရဲ႕အေနအထားက ဒီအခ်ိန္အထိ ရွင္းလို႔မၿပီးေသးဘူး။ အဲဒီေတာ့ ပုံစံ - ၇ အေနအထားကရႈပ္ေထြးေနတဲ့ၾကားထဲက ဒီထက္ပိုအားေကာင္းတဲ့ ပုံစံမ်ိဳးနဲ႔ ဆက္လက္ေဆာင္႐ြက္ဖို႔အတြက္ လယ္ယာေျမဥပေဒျပင္ဆင္ေနတဲ့အပိုင္းမွာ အဲဒီကိစၥကို ဦးစားေပး ထည့္သြင္းစဥ္းစားဖို႔လိုအပ္သလိုပဲ ဒီလိုမ်ိဳးမျဖစ္ေအာင္ လယ္ယာေျမစီမံခန႔္ခြဲတဲ့က႑မွာ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းအပိုင္းကို လႊတ္ေတာ္ရယ္ ၊ အရပ္ဖက္အဖြဲ႕အစည္းေတြရယ္ ေတာင္သူလယ္သမား အဖြဲ႕အစည္းေတြရယ္ပူးေပါင္းၿပီးေတာ့မွစနစ္တက် ေဆာင္႐ြက္ႏိုင္တဲ့ယႏၲရားေတြကို ႏိုင္ငံေတာ္အစိုးရက ဖြင့္ေပးဖို႔လိုတယ္လို႔ျမင္တယ္’’ ဟု ေျမယာမ႑ိဳင္အဖြဲ႕မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာဦးေ႐ႊသိန္းက ေျပာသည္။
လယ္ယာေျမလုပ္ကိုင္ခြင့္ပုံစံ - ၇ ထုတ္ေပးရာတြင္ ပုံစံ- ၁၀၅ ကြင္းျပင္ေနထားထုတ္ေပးရသည့္အေနအထား ရွိေသာ္လည္း ေျမပုံႏွင့္ ကြင္းျပင္အေနအထားမတူေၾကာင္း၊ ထို႔အျပင္ ပုံစံ - ၇အား တစ္ဦးထက္မက ထုတ္ေပးျခင္း၊ တကယ္လုပ္ကိုင္သူမဟုတ္သူကိုထုတ္ေပးမိျခင္းတို႔ရွိေနေၾကာင္း သိရသည္။ 
လက္ရွိ ၂၀၁၂ ခုႏွစ္တြင္ ျပ႒ာန္းခဲ့သည့္ လယ္ယာေျမဥပေဒကို က်င့္သုံးေနကာ လက္ရွိတြင္ လယ္ယာေျမမ်ားကို ၿမိဳ႕ေျမအျဖစ္ေျပာင္းလဲျခင္း၊ ေရာင္းခ်ျခင္းတို႔ရွိေနသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ - ၇ ကို မတရားသဖြင့်ရယူထားသူများရှိနေဟုဆို

လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ ၇ ထုတ်ပေးရာတွင်မှားယွင်းမှုများရှိသကဲ့သို့ မတရားသဖြင့်ရယူထားသူများလည်း ရှိနေကြောင်း မြေယာမဏ္ဍိုင်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာဦးရွှေသိန်းက ပြောသည်။ 
ရန်ကုန်မြို့ရှိ Excel Crystel Jade စားသောက်ဆိုင်တွင် ဖေဖေါ်ဝါရီလ ၈ ရက်ကကျင်းပသော မြေယာသုသေတနစာတမ်းဖတ်ပွဲတွင် အကုန်သိသတင်းဌာန၏ မေးမြန်းအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 
“ ပေးလိုက်တဲ့ပုံစံ - ၇ ထဲမှာ မှန်တာလည်းရှိသလိုမှားယွင်းနေတာတွေလည်းရှိတယ်။ နောက်ပြီးမတရားသဖြင့် ပုံစံ - ၇ ရယူထားတာတွေလည်းအများကြီးရှိနေတဲ့အခါကျတော့ အဲဒီအားလုံးရဲ့အနေအထားက ဒီအချိန်အထိ ရှင်းလို့မပြီးသေးဘူး။ အဲဒီတော့ ပုံစံ - ၇ အနေအထားကရှုပ်ထွေးနေတဲ့ကြားထဲက ဒီထက်ပိုအားကောင်းတဲ့ ပုံစံမျိုးနဲ့ ဆက်လက်ဆောင်ရွက်ဖို့အတွက် လယ်ယာမြေဥပဒေပြင်ဆင်နေတဲ့အပိုင်းမှာ အဲဒီကိစ္စကို ဦးစားပေး ထည့်သွင်းစဉ်းစားဖို့လိုအပ်သလိုပဲ ဒီလိုမျိုးမဖြစ်အောင် လယ်ယာမြေစီမံခန့်ခွဲတဲ့ကဏ္ဍမှာ စောင့်ကြပ် ကြည့်ရှုခြင်းအပိုင်းကို လွှတ်တော်ရယ် ၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ် တောင်သူလယ်သမား အဖွဲ့အစည်းတွေရယ်ပူးပေါင်းပြီးတော့မှစနစ်တကျ ဆောင်ရွက်နိုင်တဲ့ယန္တရားတွေကို နိုင်ငံတော်အစိုးရက ဖွင့်ပေးဖို့လိုတယ်လို့မြင်တယ်’’ ဟု မြေယာမဏ္ဍိုင်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာဦးရွှေသိန်းက ပြောသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ - ၇ ထုတ်ပေးရာတွင် ပုံစံ- ၁၀၅ ကွင်းပြင်နေထားထုတ်ပေးရသည့်အနေအထား ရှိသော်လည်း မြေပုံနှင့် ကွင်းပြင်အနေအထားမတူကြောင်း၊ ထို့အပြင် ပုံစံ - ၇အား တစ်ဦးထက်မက ထုတ်ပေးခြင်း၊ တကယ်လုပ်ကိုင်သူမဟုတ်သူကိုထုတ်ပေးမိခြင်းတို့ရှိနေကြောင်း သိရသည်။ 
လက်ရှိ ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေကို ကျင့်သုံးနေကာ လက်ရှိတွင် လယ်ယာမြေများကို မြို့မြေအဖြစ်ပြောင်းလဲခြင်း၊ ရောင်းချခြင်းတို့ရှိနေသည်။  

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။