Skip to main content
ေနအိမ္အိပ္ခန္းအတြင္း အိပ္ေနသည့္ (၉)တန္း ေက်ာင္းသူကို တစ္႐ြာတည္းေန လူငယ္တစ္ဦးက ၿခိမ္းေျခာက္ကာ သားမယား ျပဳက်င့္
Ads Block

ေနအိမ္အိပ္ခန္းအတြင္း အိပ္ေနသည့္ (၉)တန္း ေက်ာင္းသူကို တစ္႐ြာတည္းေန လူငယ္တစ္ဦးက ၿခိမ္းေျခာက္ကာ သားမယား ျပဳက်င့္

ဧရာဝတီတိုင္း ဖ်ာပုံခ႐ိုင္ ေဒးဒရဲၿမိဳ႕နယ္ ဆူးကလပ္ေက်း႐ြာအုပ္စုတြင္ ေနအိမ္အိပ္ခန္းအတြင္း အိပ္ေနသည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ (၉) တန္းေက်ာင္းသူကို တစ္႐ြာတည္းေန အသက္ ၂၀ အ႐ြယ္ လူငယ္တစ္ဦးက အလိုမတူဘဲ သားမယား အျဖစ္ျပဳက်င့္သြားမႈတစ္ခု ေဖေဖာ္ဝါရီလ (၇) ရက္ နံနက္ အေစာပိုင္းက ျဖစ္ပြားသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၆ ရက္ ညပိုင္းက ဖခင္ျဖစ္သူႏွင့္မိခင္ျဖစ္သူတို႔သည္ ေနအိမ္၏ အိမ္ဦးခန္းအနီးတြင္အိပ္ေနၿပီး သမီးျဖစ္သူ မ -------- (၁၅) ႏွစ္ႏွင့္  ညီမျဖစ္သူ မ -------- တို႔ ႏွစ္ဦးသည္ ဘီဒိုျဖင့္ ကာရံဖြဲ႕စည္းထားသည့္ ေနအိမ္အိပ္ခန္းအတြင္းအိပ္ေနစဥ္ ေဖေဖၚဝါရီ (၇) ရက္ နံနက္ ၁ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္အေရာက္တြင္ အိမ္ေပၚေနာက္ေဖးတံခါးမွ ''ဝုန္းကနဲ'' အသံ ၾကားရသျဖင့္ မိခင္ျဖစ္သူမွ ဓာတ္မီးယူ၍ သမီးမ်ား အိပ္ေနေသာ အခန္းဘက္သို႔ သြားၾကည့္ခဲ့ေၾကာင္းသိရသည္။
ထိုသို႔ သြားေရာက္ၾကည့္ရႈရာ သမီးျဖစ္သူမွ ျခင္ေထာင္အတြင္းမွ ငိုယိုၿပီးထြက္လာကာ မိခင္ျဖစ္သူ၏ ေျခေထာက္အား ဖတ္ၿပီး '' အေမ သမီးေတာ့ သြားပါၿပီ '' ဟု ေျပာသျဖင့္ မိခင္ျဖစ္သူမွ သမီးျဖစ္သူကို ေမးျမန္းၾကည့္ရာ တစ္႐ြာတည္းေန ေၾကာင္ေလး (ခ) ေတဇာဟိန္းမွ ေအာ္ရင္သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုကာ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ၿပီး ေနအိမ္ေနာက္ဘက္ မွ ထြက္ေျပးသြားခဲ့သည္ဟု ျပန္လည္ေျပာျပခဲ့ေၾကာင္း သိရသည္။
 ယင္းသို႔ ေျပာျပခဲ့သျဖင့္ မိခင္ျဖစ္သူမွ ခင္ပြန္းျဖစ္သူကို အိပ္ယာမွႏိုးကာ အက်ိဳးအေၾကာင္းေျပာျပသျဖင့္ ဖခင္ျဖစ္သူမွ ေက်း႐ြာ ရာအိမ္မႉးႏွင့္ အုပ္ခ်ဳပ္ေရးမႉးထံ သြားေရာက္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ သားမယားျပဳက်င့္ခံရမႈႏွင့္ပတ္သတ္၍ မိခင္ျဖစ္သူမွ မေက်နပ္၍ သမီးျဖစ္သူအား အလိုမတူဘဲ သားမယားျပဳက်င့္ခဲ့သူ ေၾကာင္ေလး (ခ) ေတဇာဟိန္း (၂၀) ႏွစ္ကို အေရးယူေပးရန္ ေဖေဖာ္ဝါရီလ (၇) ရက္ မြန္းလြဲပိုင္းတြင္ ေဒးဒရဲၿမိဳ႕နယ္ ၊ က်ဳံဒါးနယ္ ေျမရဲစခန္းသို႔ လာေရာက္ တိုင္တန္းခဲ့သည့္အတြက္ က်ဳံဒါးနယ္ေျမရဲစခန္းမွ (ပ) ၇ /၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ လွစ္ၿပီး တရားခံအား ဖမ္းဆီးကာ စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

- ေက်ာ္စိုးမိုး - ဖ်ာပုံ(အကုန္သိသတင္းဌာန)

 

Unicode version

နေအိမ်အိပ်ခန်းအတွင်း အိပ်နေသည့် (၉)တန်း ကျောင်းသူကို တစ်ရွာတည်းနေ လူငယ်တစ်ဦးက ခြိမ်းခြောက်ကာ သားမယား ပြုကျင့်

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာအုပ်စုတွင် နေအိမ်အိပ်ခန်းအတွင်း အိပ်နေသည့် အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကို တစ်ရွာတည်းနေ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်သွားမှုတစ်ခု ဖေဖော်ဝါရီလ (၇) ရက် နံနက် အစောပိုင်းက ဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းက ဖခင်ဖြစ်သူနှင့်မိခင်ဖြစ်သူတို့သည် နေအိမ်၏ အိမ်ဦးခန်းအနီးတွင်အိပ်နေပြီး သမီးဖြစ်သူ မ -------- (၁၅) နှစ်နှင့်  ညီမဖြစ်သူ မ -------- တို့ နှစ်ဦးသည် ဘီဒိုဖြင့် ကာရံဖွဲ့စည်းထားသည့် နေအိမ်အိပ်ခန်းအတွင်းအိပ်နေစဉ် ဖေဖေါ်ဝါရီ (၇) ရက် နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်အရောက်တွင် အိမ်ပေါ်နောက်ဖေးတံခါးမှ ''ဝုန်းကနဲ'' အသံ ကြားရသဖြင့် မိခင်ဖြစ်သူမှ ဓာတ်မီးယူ၍ သမီးများ အိပ်နေသော အခန်းဘက်သို့ သွားကြည့်ခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူမှ ခြင်ထောင်အတွင်းမှ ငိုယိုပြီးထွက်လာကာ မိခင်ဖြစ်သူ၏ ခြေထောက်အား ဖတ်ပြီး '' အမေ သမီးတော့ သွားပါပြီ '' ဟု ပြောသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို မေးမြန်းကြည့်ရာ တစ်ရွာတည်းနေ ကြောင်လေး (ခ) တေဇာဟိန်းမှ အော်ရင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး နေအိမ်နောက်ဘက် မှ ထွက်ပြေးသွားခဲ့သည်ဟု ပြန်လည်ပြောပြခဲ့ကြောင်း သိရသည်။
 ယင်းသို့ ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူမှ ခင်ပွန်းဖြစ်သူကို အိပ်ယာမှနိုးကာ အကျိုးအကြောင်းပြောပြသဖြင့် ဖခင်ဖြစ်သူမှ ကျေးရွာ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သားမယားပြုကျင့်ခံရမှုနှင့်ပတ်သတ်၍ မိခင်ဖြစ်သူမှ မကျေနပ်၍ သမီးဖြစ်သူအား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သူ ကြောင်လေး (ခ) တေဇာဟိန်း (၂၀) နှစ်ကို အရေးယူပေးရန် ဖေဖော်ဝါရီလ (၇) ရက် မွန်းလွဲပိုင်းတွင် ဒေးဒရဲမြို့နယ် ၊ ကျုံဒါးနယ် မြေရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သည့်အတွက် ကျုံဒါးနယ်မြေရဲစခန်းမှ (ပ) ၇ /၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်ပြီး တရားခံအား ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

- ကျော်စိုးမိုး - ဖျာပုံ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။