Skip to main content
ေပါက္ေခါင္းၿမိဳ႕နယ္ရွိ ေတာင္န၀င္းဆည္မွာ ေျမသားနံရံနိမ့္က်ျခင္းသာျဖစ္ၿပီး ဆည္က်ိဳးျခင္းမဟုတ္ဟု ဆို 
Ads Block

ေပါက္ေခါင္းၿမိဳ႕နယ္ရွိ ေတာင္န၀င္းဆည္မွာ ေျမသားနံရံနိမ့္က်ျခင္းသာျဖစ္ၿပီး ဆည္က်ိဳးျခင္းမဟုတ္ဟု ဆို 

ပဲခူးတုိင္းေဒသႀကီး၊ ျပည္ခရုိင္၊ ေပါက္ေခါင္းၿမိဳ႕နယ္ရွိ ေတာင္န၀င္းဆည္က်ိဳးသည္ဆိုမွာ မဟုတ္မွန္ဘဲ ေျမသားနံရံ ၅ လက္မခန္႔နိမ့္က်သြားျခင္းျဖစ္ေၾကာင္း ျပည္ခရုိင္ဆည္ေျမာင္းမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမင့္ဦးက ေျပာသည္။
ယေန႔(ေဖေဖာ္၀ါရီလ ၈ ရက္) နံနက္ပိုင္းတြင္ ေတာင္န၀င္းဆည္က်ိဳးသည္ဆိုေသာ ေကာလာဟလ သတင္းေၾကာင့္ ေပါက္ေခါင္းၿမိဳ႕ေဒသခံမ်ား ရုတ္ရုတ္သဲသဲျဖစ္ၿပီး ထြက္ေျပးသူမ်ား ရွိခဲ့သည္။ 
“ဆည္ႀကီးက တျဖည္းျဖည္းနိမ့္က်ေနေပမယ့္ အႏၲရာယ္ရွိတဲ႔ အေျခအေနေတာ့ မဟုတ္ပါဘူး။ ျပည္သူေတြကလည္း ေကာလာဟလေတြကုိ မယုံပါနဲ႔။ ဟုိးဇန္န၀ါရီလပုိင္းကတည္းက တုိင္းေနတာပါ။ ဒီမွာလည္းဂ်ပန္ပညာရွင္ေတြပါပါတယ္။ ကြ်န္ေတာ္တုိ႔ လုပ္ေနပါတယ္။ နိမ့္က်သြားတယ္ဆုိတာ ၆ လက္မ မဟုတ္ပါဘူး။ ၅ လက္မပါ။ ၅ လက္မကလည္း ဟုိးတုန္းကတည္းကေန ျဖည္းျဖည္းခ်င္းနိမ့္က်သြားတာပါ။ ခ်က္ခ်င္းႀကီးမဟုတ္ပါဘူး” ဟု ျပည္ခရုိင္ ဆည္ေျမာင္းမွ လက္ေထာက္ညႊန္ၾကားေရးမွဴးဦးျမင့္ဦးက ေျပာသည္။
ေဖေဖၚ၀ါရီ ၈ ရက္တြင္ အကုန္သိသတင္းဌာန၏ နယ္ေျမခံသတင္းေထာက္မွ စုံစမ္းေမးျမန္းမႈအရ လူအမ်ားမွာထြက္ေျပးကာ စာသင္ေက်ာင္းမ်ားမွ ကေလးငယ္မ်ားကုိလည္း မိဘမ်ားကသြားေရာက္ ေခၚယူခဲ့ၾကေၾကာင္း သိရသည္။
“ အိမ္ကလူေတြကေတာ့ဖုန္းဆက္တာေပါ့။ ရြာမွာေတာ့ေျပးကုန္ၿပီ။ ၿမိဳ႕မွာေတာ့ေျပးကုန္ၿပီဆုိၿပီး၊ ဒါေပမဲ့ ဒီမွာလာၾကည့္တဲ့အခါ အေျခအေနေတြဒီေလာက္ႀကီးမဆုိးေတာ့လည္းမယုံဘူးေပါ့’’ ဟု ေပါက္ေခါင္းၿမိဳ႕နယ္၊ ၀က္သုိးေက်းရြာေန ဦးညိဳႀကီးက ေျပာသည္။
အဆိုပါ ေတာင္န၀င္းဆည္ကုိ ၁၉၈၅ ခုႏွစ္တြင္ စတင္တည္ေဆာက္ခ့ဲျပီး ၁၉၉၅ ခုႏွစ္၌ ၿပီးစီးခ့ဲကာ ဆည္၏ ေရသုိေလွာင္မႈပမာဏ ေရဧက ၂၈၀၀၀၀ ျဖစ္ေၾကာင္း သိရသည္။ 
ဆည္တမံသည္ အလ်ား ၁၆၆၇၄ ေပႏွင့္ အျမင့္ ၁၄၁ ေပ ရွိကာ အဆုိပါဆည္မွ ေရကုိ ျပည္၊ ေပါက္ေခါင္းႏွင့္ သဲကုန္းျမိဳ႕နယ္တို႔မွ လယ္ေျမ ၈၅၉၂ ဧကတို႔ရွိေႏြစပါးအတြက္ ေရေပးေဝေနေၾကာင္း သိရသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းဆည်မှာ မြေသားနံရံနိမ့်ကျခြင်းသာဖြစ်ပြီး ဆည်ကျိုးခြင်းမဟုတ်ဟု ဆို 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းဆည်ကျိုးသည်ဆိုမှာ မဟုတ်မှန်ဘဲ မြေသားနံရံ ၅ လက်မခန့်နိမ့်ကျသွားခြင်းဖြစ်ကြောင်း ပြည်ခရိုင်ဆည်မြောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောသည်။
ယနေ့(ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းတွင် တောင်နဝင်းဆည်ကျိုးသည်ဆိုသော ကောလာဟလ သတင်းကြောင့် ပေါက်ခေါင်းမြို့ဒေသခံများ ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ပြေးသူများ ရှိခဲ့သည်။ 
“ဆည်ကြီးက တဖြည်းဖြည်းနိမ့်ကျနေပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ပြည်သူတွေကလည်း ကောလာဟလတွေကို မယုံပါနဲ့။ ဟိုးဇန်နဝါရီလပိုင်းကတည်းက တိုင်းနေတာပါ။ ဒီမှာလည်းဂျပန်ပညာရှင်တွေပါပါတယ်။ ကျွန်တော်တို့ လုပ်နေပါတယ်။ နိမ့်ကျသွားတယ်ဆိုတာ ၆ လက်မ မဟုတ်ပါဘူး။ ၅ လက်မပါ။ ၅ လက်မကလည်း ဟိုးတုန်းကတည်းကနေ ဖြည်းဖြည်းချင်းနိမ့်ကျသွားတာပါ။ ချက်ချင်းကြီးမဟုတ်ပါဘူး” ဟု ပြည်ခရိုင် ဆည်မြောင်းမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ဦးက ပြောသည်။

ေပါက္ေခါင္းၿမိဳ႕နယ္ရွိ ေတာင္န၀င္းဆည္မွာ ေျမသားနံရံနိမ့္က်ျခင္းသာျဖစ္ၿပီး ဆည္က်ိဳးျခင္းမဟုတ္ဟု ဆို 


ဖေဖေါ်ဝါရီ ၈ ရက်တွင် အကုန်သိသတင်းဌာန၏ နယ်မြေခံသတင်းထောက်မှ စုံစမ်းမေးမြန်းမှုအရ လူအများမှာထွက်ပြေးကာ စာသင်ကျောင်းများမှ ကလေးငယ်များကိုလည်း မိဘများကသွားရောက် ခေါ်ယူခဲ့ကြကြောင်း သိရသည်။
“ အိမ်ကလူတွေကတော့ဖုန်းဆက်တာပေါ့။ ရွာမှာတော့ပြေးကုန်ပြီ။ မြို့မှာတော့ပြေးကုန်ပြီဆိုပြီး၊ ဒါပေမဲ့ ဒီမှာလာကြည့်တဲ့အခါ အခြေအနေတွေဒီလောက်ကြီးမဆိုးတော့လည်းမယုံဘူးပေါ့’’ ဟု ပေါက်ခေါင်းမြို့နယ်၊ ဝက်သိုးကျေးရွာနေ ဦးညိုကြီးက ပြောသည်။
အဆိုပါ တောင်နဝင်းဆည်ကို ၁၉၈၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်၌ ပြီးစီးခဲ့ကာ ဆည်၏ ရေသိုလှောင်မှုပမာဏ ရေဧက ၂၈၀၀၀၀ ဖြစ်ကြောင်း သိရသည်။ 
ဆည်တမံသည် အလျား ၁၆၆၇၄ ပေနှင့် အမြင့် ၁၄၁ ပေ ရှိကာ အဆိုပါဆည်မှ ရေကို ပြည်၊ ပေါက်ခေါင်းနှင့် သဲကုန်းမြို့နယ်တို့မှ လယ်မြေ ၈၅၉၂ ဧကတို့ရှိနွေစပါးအတွက် ရေပေးဝေနေကြောင်း သိရသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။