Skip to main content
ထိုင္း - ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္း စီမံကိန္း အိႏၵဳ - ေကာ့ကရိတ္ လမ္းပိုင္းအား ျပင္ဆင္ထိန္းသိမ္းကာ လမ္းေၾကာင္းလႊဲ သြားလာေစမည္
Ads Block

ထိုင္း - ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္း စီမံကိန္း အိႏၵဳ - ေကာ့ကရိတ္ လမ္းပိုင္းအား ျပင္ဆင္ထိန္းသိမ္းကာ လမ္းေၾကာင္းလႊဲ သြားလာေစမည္

ထိုင္း - ျမန္မာ အာရွကုန္သြယ္ေရး မဟာမဲေခါင္လမ္းမ အိႏၵဳ - ေကာ့ကရိတ္လမ္းပိုင္း ပ်က္စီးယိုယြင္းေနသည့္အတြက္ ေကာ့ကရိတ္ - က်ားကေလး - ဇာသျပင္ လမ္းပိုင္းမွ လမ္းလႊဲျပဳလုပ္ကာ သြားလာႏိုင္ေရးအတြက္ ကရင္ျပည္နယ္ လမ္းဦးစီးဌာနမွ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အိႏၵဳ - ေကာ့ကရိတ္လမ္းပိုင္းအား လက္နက္ကိုင္အဖြဲ႕မ်ားမွ ေဒသခံမ်ား ကန႔္ကြက္ ေနသည့္ ေက်ာက္ေတာင္မွ လမ္းခင္း ေက်ာက္ထုတ္ေနသည့္အတြက္ အာရွဖ့ြံၿဖိဳးေရးဘဏ္ (ADB) မွ ၎တို႔၏ မူဝါဒမ်ားႏွင့္ မကိုက္ညီေသာေၾကာင့္ စီမံကိန္းေခ်း ေငြမ်ားကို ရပ္တန႔္ထားျခင္းေၾကာင့္ ယိုယြင္းပ်က္စီးမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ ယခုကဲ့သို႔ ေဆာင္႐ြက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။
" ျပည္နယ္အတြင္း ကုန္သြယ္ေရး လမ္းေၾကာင္း မျပတ္ေတာက္ေစေရးအတြက္ ေကာ့ကရိတ္ကေန က်ားကေလး အထိျပဳျပင္ထိန္းသိမ္း လုပ္ငန္းေတြနဲ႔ ကားေတြ ကုန္ေတြ သြားလာလို႔ရေအာင္ လုပ္ေဆာင္ေနတယ္။ ေနာက္ၿပီး က်ားကေလး - ဇာသျပင္ လမ္း ပိုင္းမွာလည္း ကုန္စည္ကားႀကီးေတြ ျဖတ္သန္းႏိုင္ေအာင္ လမ္းအက်ယ္ ၂၄"ေပ ခ်ဲ႕တာေတြ၊ ကုန္ခ်ိန္ ခံႏိုင္ရည္ ရွိတဲ့ တံတား ေတြကို မိုးမက်မီအၿပီး လုပ္ေဆာင္ေနတယ္။ ADB ေခ်းေငြနဲ႔ လုပ္တဲ့ အိႏၵဳ /ေကာ့ကရိတ္ လမ္းပိုင္းကလည္း ဆက္လုပ္ႏိုင္ ေအာင္ လမ္းခင္းေက်ာက္ ထုတ္မယ့္ ေနရာသစ္ျဖစ္တဲ့ စံဖရီး ေက်း႐ြာ အေနာက္ဘက္ ေက်ာက္ေတာင္ေတြရဲ႕ (ECA) စံခ်ိန္စံ ၫြန္းနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အေထာက္အထားေတြ ခြင့္ျပဳခ်က္ေတြ ရရွိေအာင္ ျပည္ေထာင္စုအဆင့္မွာ တင္ျပလုပ္ ေဆာင္ထားပါၿပီ ။ ခြင့္ျပဳခ်က္ ရတာနဲ႔ ဆက္လက္လုပ္ေဆာင္မွာပါ။ အခုကေတာ့ ကြၽန္ေတာ္တို႔ လမ္းဦးစီးဌာနက ေကာ့ကရိတ္ - က်ဳံဒိုး - က်ားကေလး လမ္းဆုံအထိကို လမ္းျပင္ထိန္း လုပ္ငန္းေတြ လုပ္ေနပါၿပီ " ဟု ကရင္ျပည္နယ္ လမ္းဦးစီးဌာန ၫြန္ၾကား ေရးမႉး ေစာေသာင္းဟန္စိုး ေျပာသည္။
ADB ေခ်းေငြျဖင့္ ေဖာက္လုပ္ေနေသာ အိႏၵဳ - ေကာ့ကရိတ္ လမ္းပိုင္းမွာ လမ္းစီမံကိန္း လုပ္ပိုင္ ခြင့္ရ CRBC (တ႐ုတ္ လမ္းတံတား လုပ္ငန္းကုမၸဏီ)ႏွင့္ ေဒသတြင္း ကရင္လက္နက္ကိုင္ ညီၫြတ္ေရးေကာ္မတီ လက္ေအာက္ခံ ခ်စ္လင္းၿမိဳင္ ကုမၸဏီတို႔မွ လြန္းည ေက်း႐ြာ အေနာက္ဘက္တြင္ လမ္းခင္းေက်ာက္ ထုတ္လုပ္ေနမႈအား ေဒသခံအခ်ိဳ႕ႏွင့္ အရပ္ဖက္အဖြဲ႕အစည္း အခ်ိဳ႕တို႔မွ ၿပီးခဲ့ သည့္ ၂၀၁၈ ခုႏွစ္ အတြင္း (ADB) အဖြဲ႕အစည္းထံ တိုင္ၾကားမႈေၾကာင့္ ေက်ာက္ထုတ္မႈအား ရပ္ဆိုင္းျခင္းႏွင့္ လမ္းစီမံကိန္း ဆိုင္ရာ ေခ်းေငြ ရပ္ဆိုင္းျခင္းကို ယာယီ လုပ္ေဆာင္ထားျခင္း ျဖစ္သည္။ 
ယင္းကဲ့သို႔ လမ္းလုပ္ငန္းအား ဆက္လက္လုပ္ေဆာက္ႏိုင္ရန္ ဘားအံၿမိဳ႕နယ္ စံဖရီးေက်း႐ြာ အေနာက္ဘက္ ေက်ာက္ေတာင္ မ်ားမွ လမ္းစီမံကိန္းတြင္ အသုံးျပဳမည့္ လမ္းခင္းေက်ာက္ ထုတ္လုပ္ျခင္းကို ေျပာင္းလဲထုတ္လုပ္ကာ ဆက္လက္လုပ္ေဆာင္ရန္ ျပည္နယ္အစိုးရမွ ျပည္ေထာင္စု အစိုရထံခ်ိတ္ဆက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါ လမ္းပိုင္းမ်ားတြင္ လမ္းျဖတ္သန္းခ(လမ္းေၾကး/တံတားေၾကး) ေကာက္ခံမႈမ်ားအား ၂၀၁၉ ဘ႑ာႏွစ္တြင္ ရပ္ဆိုင္း ေပး ရန္ ေဒသခံမ်ား ဆႏၵရွိေနသည့္အတြက္ ျပည္ေထာင္စုအစိုးရမွ စီမံခန႔္ခြဲသည့္ ကိစၥရပ္မ်ားျဖစ္သည့္အတြက္ ျပည္ေထာင္စု အစိုးရ ထံ တင္ျပေဆာင္႐ြက္ေပးသြားမည္ဟုလည္း ကရင္ျပည္နယ္ သဘာဝပတ္ဝန္းက်င္ ထိမ္းသိမ္းေရး၊ သစ္ေတာ၊ သတၱဳႏွင့္ လမ္း ပန္းဆက္သြယ္ေရးဝန္ႀကီးမွ ကရင္ျပည္နယ္ လႊတ္ေတာ္အတြင္း ေျဖၾကားထားသည္။

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

 

Unicode version

ထိုင်း - မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်း အိန္ဒု - ကော့ကရိတ် လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းကာ လမ်းကြောင်းလွှဲ သွားလာစေမည်

ထိုင်း - မြန်မာ အာရှကုန်သွယ်ရေး မဟာမဲခေါင်လမ်းမ အိန္ဒု - ကော့ကရိတ်လမ်းပိုင်း ပျက်စီးယိုယွင်းနေသည့်အတွက် ကော့ကရိတ် - ကျားကလေး - ဇာသပြင် လမ်းပိုင်းမှ လမ်းလွှဲပြုလုပ်ကာ သွားလာနိုင်ရေးအတွက် ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အိန္ဒု - ကော့ကရိတ်လမ်းပိုင်းအား လက်နက်ကိုင်အဖွဲ့များမှ ဒေသခံများ ကန့်ကွက် နေသည့် ကျောက်တောင်မှ လမ်းခင်း ကျောက်ထုတ်နေသည့်အတွက် အာရှဖ့ွံဖြိုးရေးဘဏ် (ADB) မှ ၎င်းတို့၏ မူဝါဒများနှင့် မကိုက်ညီသောကြောင့် စီမံကိန်းချေး ငွေများကို ရပ်တန့်ထားခြင်းကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
" ပြည်နယ်အတွင်း ကုန်သွယ်ရေး လမ်းကြောင်း မပြတ်တောက်စေရေးအတွက် ကော့ကရိတ်ကနေ ကျားကလေး အထိပြုပြင်ထိန်းသိမ်း လုပ်ငန်းတွေနဲ့ ကားတွေ ကုန်တွေ သွားလာလို့ရအောင် လုပ်ဆောင်နေတယ်။ နောက်ပြီး ကျားကလေး - ဇာသပြင် လမ်း ပိုင်းမှာလည်း ကုန်စည်ကားကြီးတွေ ဖြတ်သန်းနိုင်အောင် လမ်းအကျယ် ၂၄"ပေ ချဲ့တာတွေ၊ ကုန်ချိန် ခံနိုင်ရည် ရှိတဲ့ တံတား တွေကို မိုးမကျမီအပြီး လုပ်ဆောင်နေတယ်။ ADB ချေးငွေနဲ့ လုပ်တဲ့ အိန္ဒု /ကော့ကရိတ် လမ်းပိုင်းကလည်း ဆက်လုပ်နိုင် အောင် လမ်းခင်းကျောက် ထုတ်မယ့် နေရာသစ်ဖြစ်တဲ့ စံဖရီး ကျေးရွာ အနောက်ဘက် ကျောက်တောင်တွေရဲ့ (ECA) စံချိန်စံ ညွန်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထောက်အထားတွေ ခွင့်ပြုချက်တွေ ရရှိအောင် ပြည်ထောင်စုအဆင့်မှာ တင်ပြလုပ် ဆောင်ထားပါပြီ ။ ခွင့်ပြုချက် ရတာနဲ့ ဆက်လက်လုပ်ဆောင်မှာပါ။ အခုကတော့ ကျွန်တော်တို့ လမ်းဦးစီးဌာနက ကော့ကရိတ် - ကျုံဒိုး - ကျားကလေး လမ်းဆုံအထိကို လမ်းပြင်ထိန်း လုပ်ငန်းတွေ လုပ်နေပါပြီ " ဟု ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွန်ကြား ရေးမှူး စောသောင်းဟန်စိုး ပြောသည်။
ADB ချေးငွေဖြင့် ဖောက်လုပ်နေသော အိန္ဒု - ကော့ကရိတ် လမ်းပိုင်းမှာ လမ်းစီမံကိန်း လုပ်ပိုင် ခွင့်ရ CRBC (တရုတ် လမ်းတံတား လုပ်ငန်းကုမ္ပဏီ)နှင့် ဒေသတွင်း ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီ လက်အောက်ခံ ချစ်လင်းမြိုင် ကုမ္ပဏီတို့မှ လွန်းည ကျေးရွာ အနောက်ဘက်တွင် လမ်းခင်းကျောက် ထုတ်လုပ်နေမှုအား ဒေသခံအချို့နှင့် အရပ်ဖက်အဖွဲ့အစည်း အချို့တို့မှ ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ် အတွင်း (ADB) အဖွဲ့အစည်းထံ တိုင်ကြားမှုကြောင့် ကျောက်ထုတ်မှုအား ရပ်ဆိုင်းခြင်းနှင့် လမ်းစီမံကိန်း ဆိုင်ရာ ချေးငွေ ရပ်ဆိုင်းခြင်းကို ယာယီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ 
ယင်းကဲ့သို့ လမ်းလုပ်ငန်းအား ဆက်လက်လုပ်ဆောက်နိုင်ရန် ဘားအံမြို့နယ် စံဖရီးကျေးရွာ အနောက်ဘက် ကျောက်တောင် များမှ လမ်းစီမံကိန်းတွင် အသုံးပြုမည့် လမ်းခင်းကျောက် ထုတ်လုပ်ခြင်းကို ပြောင်းလဲထုတ်လုပ်ကာ ဆက်လက်လုပ်ဆောင်ရန် ပြည်နယ်အစိုးရမှ ပြည်ထောင်စု အစိုရထံချိတ်ဆက် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းများတွင် လမ်းဖြတ်သန်းခ(လမ်းကြေး/တံတားကြေး) ကောက်ခံမှုများအား ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်း ပေး ရန် ဒေသခံများ ဆန္ဒရှိနေသည့်အတွက် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရ ထံ တင်ပြဆောင်ရွက်ပေးသွားမည်ဟုလည်း ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးမှ ကရင်ပြည်နယ် လွှတ်တော်အတွင်း ဖြေကြားထားသည်။

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။