Skip to main content
မိုးေအာင္ရင္၏အယူခံဝင္ထားမႈႏွင့္ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၇ ရက္တြင္ အမိန႔္ခ်မည္
Ads Block

မိုးေအာင္ရင္၏အယူခံဝင္ထားမႈႏွင့္ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၇ ရက္တြင္ အမိန႔္ခ်မည္

မူးယစ္ေဆးဝါးအမႈျဖင့္ အမိန႔္ခ်ခံထားရေသာ သ႐ုပ္ေဆာင္မိုးေအာင္ရင္၏ အယူခံဝင္ထားမႈကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးတြင္ လာမည့္ေဖေဖာ္ဝါရီလ ၂၇ ရက္၌ အမိန႔္ခ်မည္ျဖစ္ေၾကာင္း သိရသည္။
သ႐ုပ္ေဆာင္မိုးေအာင္ရင္သည္ ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ုံးက မူးယစ္ေဆးဝါးမႈျဖင့္ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္လိုက္သည့္အမိန႔္ႏွင့္ပတ္သက္၍ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၌ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္၌ ရာဇဝတ္အယူခံမႈအမွတ္- ၁၈၁ /၂၀၁၈ ျဖင့္ အယူခံေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။ 
အဆိုပါအယူခံေလွ်ာက္ထားျခင္းႏွင့္ပတ္သက္ၿပီး ယေန႔(ေဖေဖာ္ဝါရီလ ၈ ရက္) က ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံး၌ အၿပီးသတ္ေလွ်ာက္လဲခ်က္ၾကားနာခဲ့သည္။ 
သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို မူးယစ္ေဆးဝါးမႈျဖင့္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွ ၁၂ ႏွစ္ႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ုံးမွ ၅ ႏွစ္၊ စုစုေပါင္းေထာင္ဒဏ္ ၁၇ ႏွစ္ ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

 

Unicode version

မိုးအောင်ရင်၏အယူခံဝင်ထားမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၇ ရက်တွင် အမိန့်ချမည်

မူးယစ်ဆေးဝါးအမှုဖြင့် အမိန့်ချခံထားရသော သရုပ်ဆောင်မိုးအောင်ရင်၏ အယူခံဝင်ထားမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် လာမည့်ဖေဖော်ဝါရီလ ၂၇ ရက်၌ အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင်မိုးအောင်ရင်သည် ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည့်အမိန့်နှင့်ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၌ ရာဇဝတ်အယူခံမှုအမှတ်- ၁၈၁ /၂၀၁၈ ဖြင့် အယူခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါအယူခံလျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ယနေ့(ဖေဖော်ဝါရီလ ၈ ရက်) က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့သည်။ 
သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ၁၂ နှစ်နှင့် ပုဇွန်တောင်မြို့နယ်တရားရုံးမှ ၅ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။