Skip to main content
အရည္အခ်င္းရွိေသာမသန္စြမ္းသူမ်ားလည္း လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာႏိုင္ဟု ဆို 
Ads Block

အရည္အခ်င္းရွိေသာမသန္စြမ္းသူမ်ားလည္း လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာႏိုင္ဟု ဆို 

လာမည့္ ၂၀၂၀ ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ အရည္အခ်င္းရွိေသာ မသန္စြမ္းသူမ်ားလည္း လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွအဖြဲ႕ဝင္ဦးျမင့္ႏိုင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ေဖေဖၚဝါရီလအတြင္း အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ 
“ ကြၽန္ေတာ့္အျမင္မွာေတာ့ သူတို႔ဟာအရည္အခ်င္းရွိတဲ့သူေတြကိုျမင္ေနရတယ္။ အဲဒီေတာ့ ကိုယ္စားလွယ္ ျဖစ္လာႏိုင္တယ္လို႔ ဒီလိုေျပာတာပါ။ သူတို႔က ဝွီးခ်ဲနဲ႔ဆိုေပမဲ့ေျပာႏိုင္ဆိုႏိုင္တယ္။ အရည္အခ်င္းရွိေနတာကို ေတြ႕ေနရတယ္ေလ။ အဲဒီေတာ့ လႊတ္ေတာ္အထိသူတို႔တက္လွမ္းႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္ရတယ္။ ဒါကိုေျပာတာပါ။ ဟိုလိုမ်ိဳး ပါတီဝင္ေတြရွိေနလို႔ေျပာတာေတာ့မဟုတ္ပါဘူး။ လႊတ္ေတာ္က မသန္စြမ္း ကိုယ္စားလွယ္ေတြ တက္ႏိုင္တဲ့အေနအထားရွိသလားဆိုေတာ့ ကိုယ္စားလွယ္ေတြရွိလာရင္ေတာ့ လႊတ္ေတာ္ပိုင္းကလည္းျပင္ဆင္လာႏိုင္ပါတယ္’’ ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ အဖြဲ႕ဝင္ဦးျမင့္ႏိုင္က ေျပာသည္။ 
ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္လည္း ပဲခူးတိုင္းေဒသႀကီးမွ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးမွာ ေအာက္ပိုင္းမသန္စြမ္းျဖစ္ေသာ္လည္း ကိုယ္စားလွယ္တစ္ဦးျဖစ္လာခဲ့သည္။
ျမန္မာႏိုင္ငံတြင္ မသန္စြမ္းသူဦးေရ ၂ သန္းခန႔္ရွိၿပီး အျမင္အာ႐ုံ မသန္စြမ္းသူ၊ အၾကားအာ႐ုံ မသန္စြမ္းသူ၊ ေျခလက္ မသန္စြမ္းသူဟူ၍ အမ်ိဳးမ်ိဳးရွိၿပီး အမ်ားစုကိုလူမႈပတ္ဝန္းက်င္တြင္လက္ခံ၍ လူမႈေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ႏိုင္ေရး မသန္စြမ္းအဖြဲ႕အစည္းမ်ားက ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

အရည်အချင်းရှိသောမသန်စွမ်းသူများလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာနိုင်ဟု ဆို 

လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အရည်အချင်းရှိသော မသန်စွမ်းသူများလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင်ဦးမြင့်နိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
ဖေဖေါ်ဝါရီလအတွင်း အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 
“ ကျွန်တော့်အမြင်မှာတော့ သူတို့ဟာအရည်အချင်းရှိတဲ့သူတွေကိုမြင်နေရတယ်။ အဲဒီတော့ ကိုယ်စားလှယ် ဖြစ်လာနိုင်တယ်လို့ ဒီလိုပြောတာပါ။ သူတို့က ဝှီးချဲနဲ့ဆိုပေမဲ့ပြောနိုင်ဆိုနိုင်တယ်။ အရည်အချင်းရှိနေတာကို တွေ့နေရတယ်လေ။ အဲဒီတော့ လွှတ်တော်အထိသူတို့တက်လှမ်းနိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ရတယ်။ ဒါကိုပြောတာပါ။ ဟိုလိုမျိုး ပါတီဝင်တွေရှိနေလို့ပြောတာတော့မဟုတ်ပါဘူး။ လွှတ်တော်က မသန်စွမ်း ကိုယ်စားလှယ်တွေ တက်နိုင်တဲ့အနေအထားရှိသလားဆိုတော့ ကိုယ်စားလှယ်တွေရှိလာရင်တော့ လွှတ်တော်ပိုင်းကလည်းပြင်ဆင်လာနိုင်ပါတယ်’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောသည်။ 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ပဲခူးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ အောက်ပိုင်းမသန်စွမ်းဖြစ်သော်လည်း ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ သန်းခန့်ရှိပြီး အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ ခြေလက် မသန်စွမ်းသူဟူ၍ အမျိုးမျိုးရှိပြီး အများစုကိုလူမှုပတ်ဝန်းကျင်တွင်လက်ခံ၍ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး မသန်စွမ်းအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။