Skip to main content
သန္လ်င္တြင္ ကုန္ေသတၱာယာဥ္မ်ား ရပ္နားႏိုင္မည့္ ကုန္းတြင္းဆိပ္ကမ္းတစ္ခု ဖြင့္ႏိုင္ရန္စီစဥ္ေန
Ads Block

သန္လ်င္တြင္ ကုန္ေသတၱာယာဥ္မ်ား ရပ္နားႏိုင္မည့္ ကုန္းတြင္းဆိပ္ကမ္းတစ္ခု ဖြင့္ႏိုင္ရန္စီစဥ္ေန

ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕ရွိ ေျမဧက ၂၄.၅ ဧကတြင္ ကုန္ေသတၱာတင္ယာဥ္မ်ားရပ္နားႏိုင္ရန္ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႕က စီစဥ္ေနေၾကာင္း စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီ လာေက်ာ္ ကေျပာသည္။
ေဖေဖၚဝါရီလ ၈ ရက္က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး အ႒မပုံမွန္အစည္းအေဝး စတုတၳေန႔တြင္ ဆိမ္ကမ္း ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္က လမ္းနားကမ္းရွိ ကြန္ကရစ္လမ္းတြင္ ယာဥ္မ်ား မ်ားျပား လာသည့္ အတြက္ Dry Port ကုန္းတြင္းဆိပ္ကမ္းအနီးတြင္ ယာဥ္ရပ္နားကြင္းတည္ေဆာက္ေပးရန္ အစီအစဥ္ ရွိမရွိႏွင့္ ပတ္သက္ၿပီး ေမးျမန္းရာ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ ဘယ္ၿမိဳ႕နယ္အတြင္းမွာ ေျမလိုအပ္သလဲဆိုတာ ကြၽန္မတို႔အေနနဲ႔ ေမးျမန္းၿပီးေတာ့ အသုံးျပဳႏိုင္မယ့္ေနရာကို စိစစ္တင္ျပ ေစခဲ့ရာမွာ သန္လ်င္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ျပနဲ႔ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနက စီမံခန႔္ခြဲတဲ့ ေျမတိုင္းအမွတ္ ၆၊ ေျမကြက္အမွတ္ ၃ (ခ) ရဲ႕တစ္စိတ္တစ္ေဒသမွာ ေျမဧရိယာ ၂၄.၅၈၈ ဧကရွိတဲ့အတြက္ အဆိုပါေျမေနရာကို ကုန္ေသတၱာယာဥ္မ်ား ရပ္နားရန္အတြက္ တိုင္းေဒသႀကီး သယ္ယူပို႔ ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႕မွ အစီအစဥ္ေရးဆြဲတင္ျပရန္အတြင္ စီစဥ္ေနပါတယ္” ဟု ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။
အစီအစဥ္ေရးဆြဲၿပီးပါက အဆိုပါေျမေနရာတြင္ ကုန္ေသတတၱာယာဥ္ Dry Port ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
ကမ္းနားလမ္းသစ္ ကြန္ကရစ္လမ္းအသုံးျပဳမႈႏွင့္ပတ္သက္ၿပီး ယာဥ္စည္းကမ္းႀကီးၾကပ္မႈေကာ္မတီႏွင့္ ဌာနဆိုင္ရာမ်ားမွ ေျမျပင္ စစ္ေဆးေလ့လာမႈအရ ပူးေပါင္းအဖြဲ႕မ်ားႏွင့္ စစ္ေဆးၾကပ္မတ္ရန္အတြက္ လိုအပ္ခ်က္ေပၚမူတည္ၿပီး စီမံေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ကမ္းနားလမ္းသစ္ ကြန္ကရစ္လမ္းကို ၾကည္ျမင့္တိုင္မွ ဗိုလ္တေထာင္(လင္းစေတာင္း)အထိ ၅ မိုင္ခန႔္ ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္တြင္ ကုန္ေသတၱာယာဥ္ႀကီးမ်ားကို ျဖတ္သန္းခေကာက္ခံၿပီး ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။
လက္ရွိတြင္ ကုန္တိန္နာယာဥ္အသင္းဝင္ ၂၅၀၀ ခန႔္ႏွင့္ ကြန္တိန္နာအသင္းမဝင္ ၂၅၀၀ ခန႔္ စုစုေပါင္းကိန္တိန္နာ ၅၀၀၀ ခန႔္ရွိ ၿပီး ကြန္တိန္နာယာဥ္မ်ားရပ္နားရန္ ၇၀၀ ဆန႔္ ယာဥ္ရပ္နားကြင္းႏွစ္ကြင္းရွိေသာ္လည္း လက္ရွိကားအေရအတြက္ႏွင့္ မမွ်တ သည့္ အတြက္ လမ္းမမ်ားေပၚတြင္ ရပ္နားထားရေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

 

Unicode version

သန်လျင်တွင် ကုန်သေတ္တာယာဉ်များ ရပ်နားနိုင်မည့် ကုန်းတွင်းဆိပ်ကမ်းတစ်ခု ဖွင့်နိုင်ရန်စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ မြေဧက ၂၄.၅ ဧကတွင် ကုန်သေတ္တာတင်ယာဉ်များရပ်နားနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က စီစဉ်နေကြောင်း စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော် ကပြောသည်။
ဖေဖေါ်ဝါရီလ ၈ ရက်ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဆိမ်ကမ်း မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က လမ်းနားကမ်းရှိ ကွန်ကရစ်လမ်းတွင် ယာဉ်များ များပြား လာသည့် အတွက် Dry Port ကုန်းတွင်းဆိပ်ကမ်းအနီးတွင် ယာဉ်ရပ်နားကွင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ဘယ်မြို့နယ်အတွင်းမှာ မြေလိုအပ်သလဲဆိုတာ ကျွန်မတို့အနေနဲ့ မေးမြန်းပြီးတော့ အသုံးပြုနိုင်မယ့်နေရာကို စိစစ်တင်ပြ စေခဲ့ရာမှာ သန်လျင်မြို့နယ်အတွင်း မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲတဲ့ မြေတိုင်းအမှတ် ၆၊ မြေကွက်အမှတ် ၃ (ခ) ရဲ့တစ်စိတ်တစ်ဒေသမှာ မြေဧရိယာ ၂၄.၅၈၈ ဧကရှိတဲ့အတွက် အဆိုပါမြေနေရာကို ကုန်သေတ္တာယာဉ်များ ရပ်နားရန်အတွက် တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ အစီအစဉ်ရေးဆွဲတင်ပြရန်အတွင် စီစဉ်နေပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
အစီအစဉ်ရေးဆွဲပြီးပါက အဆိုပါမြေနေရာတွင် ကုန်သေတတ္တာယာဉ် Dry Port ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကမ်းနားလမ်းသစ် ကွန်ကရစ်လမ်းအသုံးပြုမှုနှင့်ပတ်သက်ပြီး ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာများမှ မြေပြင် စစ်ဆေးလေ့လာမှုအရ ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးကြပ်မတ်ရန်အတွက် လိုအပ်ချက်ပေါ်မူတည်ပြီး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းနားလမ်းသစ် ကွန်ကရစ်လမ်းကို ကြည်မြင့်တိုင်မှ ဗိုလ်တထောင်(လင်းစတောင်း)အထိ ၅ မိုင်ခန့် ဖောက်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကုန်သေတ္တာယာဉ်ကြီးများကို ဖြတ်သန်းခကောက်ခံပြီး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကုန်တိန်နာယာဉ်အသင်းဝင် ၂၅၀၀ ခန့်နှင့် ကွန်တိန်နာအသင်းမဝင် ၂၅၀၀ ခန့် စုစုပေါင်းကိန်တိန်နာ ၅၀၀၀ ခန့်ရှိ ပြီး ကွန်တိန်နာယာဉ်များရပ်နားရန် ၇၀၀ ဆန့် ယာဉ်ရပ်နားကွင်းနှစ်ကွင်းရှိသော်လည်း လက်ရှိကားအရေအတွက်နှင့် မမျှတ သည့် အတွက် လမ်းမများပေါ်တွင် ရပ်နားထားရကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။