Skip to main content
ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ရွိ AHRN ရုံးတြင္ မိန္းဘုတ္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြား 
Ads Block

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ရွိ AHRN ရုံးတြင္ မိန္းဘုတ္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြား 

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕တြင္ ေဖေဖၚ၀ါရီလ ၈ ရက္မနက္ပုိင္းက AHRN ရုံး မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မီးသတ္ဦးစီးဌာနမွသိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၈ ရက္၊ မနက္ ၆ နာရီ၀န္းက်င္က ဗန္းေမာ္ၿမိဳ႕၊ ေညာင္ပင္ရပ္ကြက္ရွိ အာရွ ေဒသဆုိင္ရာမူးယစ္ေဆး၀ါးအႏၱရာယ္ေလ်ာ့ပါးေစေရးရံုး (AHRN) တြင္ မိန္းဘုတ္အပူလြန္ကဲရာမွ မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္သည္။ 
“ ညေစာင့္ကုိအေရးယူထားပါတယ္။ သူက NGO ရုံးတစ္ရုံးေပါ့ေနာ္။ မီးေလာင္တာကေတာ့ မိန္းဘုတ္ အပူလြန္ကဲရာကေန စေလာင္တာဗ်။ ကြ်န္ေတာ္ကုိလာသတင္းပုိ႔တာ မနက္ ၆ နာရီ၊ သူတုိ႔ဆီက ဦးစီးက ဆုိင္ကယ္နဲ႔လာေျပာတာ။ ဒီကမီးသတ္ယာဥ္ေတြထြက္ၿပီး ၆နာရီ ၁၂ မိနစ္မွာ မီးထိန္းတယ္။ ၇ နာရီမွာ မီးၿငိမ္းတယ္’’ ဟု ဗန္းေမာ္မီးသတ္ဦးစီးဌာနမွ တာ၀န္က်အရာရွိတစ္ဦးက ေျပာသည္။
မီးေလာင္ကြ်မ္းမႈေၾကာင့္ ၂ ထပ္ေနအိမ္တစ္လုံးမီးေလာင္ဆုံးရႈံးခဲ့ၿပီး ညေစာင့္ျဖစ္သူဦးေနာ္ဖ၊  ၅၁ ႏွစ္အား ပ၇၇/၂၀၁၉ ၊ မီးေပါ့ဆမႈ ပုဒ္မ- ၂၈၅ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode version

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ AHRN ရုံးတွင် မိန်းဘုတ်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဖေဖေါ်ဝါရီလ ၈ ရက်မနက်ပိုင်းက AHRN ရုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မီးသတ်ဦးစီးဌာနမှသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနက် ၆ နာရီဝန်းကျင်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ အာရှ ဒေသဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးစေရေးရုံး (AHRN) တွင် မိန်းဘုတ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 
“ ညစောင့်ကိုအရေးယူထားပါတယ်။ သူက NGO ရုံးတစ်ရုံးပေါ့နော်။ မီးလောင်တာကတော့ မိန်းဘုတ် အပူလွန်ကဲရာကနေ စလောင်တာဗျ။ ကျွန်တော်ကိုလာသတင်းပို့တာ မနက် ၆ နာရီ၊ သူတို့ဆီက ဦးစီးက ဆိုင်ကယ်နဲ့လာပြောတာ။ ဒီကမီးသတ်ယာဉ်တွေထွက်ပြီး ၆နာရီ ၁၂ မိနစ်မှာ မီးထိန်းတယ်။ ၇ နာရီမှာ မီးငြိမ်းတယ်’’ ဟု ဗန်းမော်မီးသတ်ဦးစီးဌာနမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ၂ ထပ်နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ညစောင့်ဖြစ်သူဦးနော်ဖ၊  ၅၁ နှစ်အား ပ၇၇ /၂၀၁၉ ၊ မီးပေါ့ဆမှု ပုဒ်မ- ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။